Headlines News :
Home » » မြန်မာနိုင်ငံ၌ ငလျင်လှုပ် ငလျင်ငယ်များ ဆက်လှုပ်နိုင်

မြန်မာနိုင်ငံ၌ ငလျင်လှုပ် ငလျင်ငယ်များ ဆက်လှုပ်နိုင်

Written By Live100 on Thursday, April 14, 2016 | 8:52 AM


ရေစကြိုမြို့ ရွှေတန် ဆာဘုရား
ရန်ကုန် ဧပြီ ၁၃

မြန်မာနိုင်ငံကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ၏ အဖျားခတ်မှုကို ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်သည် ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိသဖြင့် အင်အားပြင်းငလျင်အဖြစ် သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

''ငလျင်ကြီးလှုပ်ရတာက အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက် မှာ လှုပ်သွားသလို ဖြစ်စဉ်တစ်ခုပါ။ မြေထုချပ်တွေ ရင်ဆိုင်တွန်းတိုက်ရာကနေ အခုလို ငလျင်ပြင်းပြင်း တွေ လှုပ်ခတ်ရပါတယ်။ ဖြစ်နိုင်တာက ငလျင်ကြီးပြီးရင် နောက်ဆက်တွဲတွေ လာတတ်တယ်။ အထူးသဖြင့်တော့ ပြတ်ရွေ့ ဇုန်တစ်ဝိုက်မှာ အဖြစ်များပြီး အင်အားအတော်အသင့် ငလျင်တွေ လည်း ပါလာတတ်လို့ သတိထားကြ ဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ ဒေါက်တာ ကျော်ထွန်းက ပြောကြားသည်။
ငလျင်ကြောင့် ပျက်စီးမှု ဓာတ်ပုံများ။ MOI


အဆိုပါ ငလျင်၏နောက်ဆက် တွဲအဖြစ် မြန်မာနိုင်ငံ အနောက် ပိုင်း ဒေသတစ်လျှောက် သတိထား စောင့်ကြည့်ရမည်ဖြစ်ပြီး အထူး သဖြင့် ကဘော်ပြတ်ရွေ့နှင့် စပ်ဆက် နေခြင်းကြောင့် မော်လိုက်မြို့ အပါ အဝင် ပတ်ဝန်းကျင်မြို့များ၌ စောင့်ကြည့်ရမည့် အခြေအနေရှိ ကြောင်း တာတမံများ၏ ကြံ့ခိုင်မှုကို လာမည့်မိုးရာသီမတိုင်မီ စစ်ဆေး ထားရန်လိုကြောင်း ငလျင်ပညာရှင် တစ်ဦးက အကြံပြုသည်။

ငလျင်ဒဏ်ကြောင့် ငလျင်ဗဟို ချက်မနှင့် နီးစပ်သည့် ကျေးရွာများ ကိုလည်း အခြေအနေကြည့်ရှုကြ ရန် ငလျင်ကော်မတီ၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် အသိပေးထားသည်။

ငလျင်ဒဏ်ကြောင့် ဆားလင်း ကြီးမြို့နယ် ဝါးတန်းကျေးရွာ သတ္တမ ဗောဓိစေတီ စိန်ဖူးတော်မြေခခဲ့ရပြီး ချောင်းဦးမြို့နယ် တောကျောင်းကြီး ကျေးရွာ ရွှေဂူကြီးဘုရား အရံစေတီ စိန်ဖူးလည်း မြေခခဲ့ရကြောင်းသိရ သည်။ ထို့ပြင် ရေစကြိုမြို့ ရွှေတန် ဆာဘုရား ကွဲအက်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်မြို့ မြရိပ် တောင်ပေါ်ကျောင်းတိုက်အတွင်း နှစ် ၁၅ဝ သက်တမ်းရှိစေတီရှေးဟောင်း ကျောက်ထီးတော် မြေခခဲ့သည်။ မော်လိုက်၊ ကလေးနှင့် တမူးမြို့များ မှ ဒေသခံအချို့ ငလျင်ဒဏ်ကြောင့် မူးဝေ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် ဘူမိ ဗေဒတိုင်းတာရေးစခန်း (USGS) မှ အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ဝ ပြင်းအားရှိ ငလျင်တစ်ခု မြန်မာ နိုင်ငံ အနောက်မြောက်ဘက်ပိုင်း၌ ဧပြီ ၁၃ ရက်က လှုပ်ခတ်သွားခဲ့ ကြောင်း၊ မုံရွာမြို့၏ မြောက်- အ နောက် မြောက်ဘက် ကီလိုမီတာ ၁ဝဝ အကွာ (၆၂မိုင်ခန့်)တွင် လှုပ် ခတ်သွားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်မှုအရှိန်မှာ မြေ အောက်အနက် ကီလိုမီတာ ၁၃၅ အထိ ရိုက်ခတ်မှုရှိသည်။ ဒေသ စံတော်ချိန် ည ၉ နာရီ ၅၅ မိနစ် ခန့်က အိန္ဒိယနှင့် မြန်မာနယ်စပ် ဒေသ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၌ အဆောက်အအုံများ တုန်ခါမှုဖြစ်ပွား ခဲ့ပြီး အိန္ဒိယအရှေ့ပိုင်းမြို့တော် ဂူဝါဟာတီ၌လည်း ပြင်းထန်စွာတုန်ခါ မှုများ ဖြစ်ပွားခဲ့ကြောင်း ရိုက်တာ သတင်းထောက်များကပြောသည်။

ထို့အတူ ည ၈ နာရီ ၂၅ မိနစ် ၁၈ စက္ကန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၁၁၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ကလေးမြို့၏ အရှေ့- အရှေ့တောင်ဘက် ၄၂ မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့် ရှိ အင်အားပြင်းထန်သော မြေ ငလျင်တစ်ခု လှုပ်သွားကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ညောင်ဦး၊ ရန်ကုန်၊ ကျောက်ဖြူ၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးမြို့တို့၌လည်း သတိပြုမိ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ခင်ရတနာ
Myanmaalinn
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template