Headlines News :
Home » » နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့ ဇူလိုင် (၁၈) ရက်နေ့ ရန်ကုန်တွင် တွေ့ဆုံမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့ ဇူလိုင် (၁၈) ရက်နေ့ ရန်ကုန်တွင် တွေ့ဆုံမည်

Written By Live100 on Monday, July 4, 2016 | 11:01 PM


------ ------ ------ ------ ------
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့ ၁၈-၇-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၁)၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃ ရက်မှ ဇူလိုင် ၆ ရက်အထိ နေပြည်တော်ဟိုတယ်ဇုန် (၁) Horizon Lake View ဟိုတယ်တွင် ပြုလုပ်နေသည့် အစည်းအဝေး၌ အထက်ဖော်ပြပါ အကြောင်းကိစ္စ ပေါ်ထွက်လာခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးခက်ထိန်နန်က “နိုင်ငံတော်၏ အတိုင်ပင်ခံအဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့ ခန့်မှန်းခြေအားဖြင့်တော့ ၁၈-၇-၂၀၁၆ ရက်နေ့မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့နေရာကတော့ ရန်ကုန်မှာတွေ ဖြစ်ဖို့ သေချာပါတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ “ဒီနေ့ အဓိကဆွေးနွေးတာကတော့ တကယ်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့် ဖွဲ့စည်းမယ့်ပုံစံပေါ့။ အားသာချက် အားနည်းချက်ကို ပြန်ပြီး ဆွေးနွေးမှုပေါ့။ ဒါက ရှေ့သွားမယ်ဖြစ်တဲ့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ညှိနှိုင်းဆွေးနွေးကြမယ့် Structure ဒီနေ့ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ သုံးသပ်ထားတာတွေရှိပါတယ်။ လက်တွေ့ တကယ်လုပ်လာတဲ့အခါမှာ ဘယ်လို လုပ်ရင်ပိုကောင်းမလဲဆိုတာကို ပြန်ပြီးဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ ဆပ်ကော်မတီ (၁) က တင်ပြလာတဲ့ Structure က လော်ခီးလာမှာ ဆွေးနွေးထားတဲ့အချက်ပေါ့နော်။ အဲဒီ Structure နဲ့က ဒီနေ့ ပြန်ပြီးဆွေးနွေးတဲ့အခါမှာ အခြေခံအချက်ခြင်းက သွားပြီးတူတဲ့အတွက်ကြောင့် အင်မတန်မှကောင်းတဲ့ Structureဖြစ်လာမယ့် အနေအထားရှိပါတယ်။ နှစ်ဘက်စလုံးက Structure ကောင်းဖို့ ဆွေးနွေးရရှိနိုင်မယ့် အနေအထားဖြစ်တယ်။ ဒီဘက်က ဆွေးနွေးတင်ပြလာတဲ့ Structure ဟာ အရင်လော်ခီးလာမှာ ဆွေးနွေးပြီး သဘောတူထားမှုတွေနဲ့ တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ အင်မတန်ကောင်းပါတယ်”ဟု ၎င်းက ပြောပါသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပသည့် ဖွဲ့စည်းပုံတခုလုံး၏ အားသာချက် အားနည်းချက်နှင့် ညှိနှိုင်းဆွေးနွေးပုံစံချဆွေးနွေးခြင်း၊ အခြားမတူညီသည့်ပုံစံများနှင့် နှိုင်းယှဉ်ဆွေးနွေးခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “UNFC ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီလထဲမှာပဲ တွေ့မှာပါ။ ဖြစ်နိုင်ရင်တော့ ဒုတိယ အပတ်၊ တတိယအပတ် တွေ့ဖို့ဆိုတာကို ညှိနှိုင်းနေပါတယ်။ ရန်ကုန်မှာ တွေ့ဖို့များပါတယ်”ဟု ဖြေကြားခဲ့သည်။

ထွန်း(နေပြည်တော်) News Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template