Headlines News :
Home » » The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ

The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ

Written By လွင့်မောင်မောင် on Monday, April 9, 2012 | 7:06 PM

The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ
သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထား
ရန်ကုန်၊ ဧပြီ ၉

သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly သတင်းစာစောင်မှ အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသား သူတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲ ဆိုမှုကို ဧပြီလ ၉ရက်နေ့က ဆက်လက် စစ်ဆေးခဲ့ရာ The Voice Weekly အနေဖြင့် သတင်း ရေးသားသူ အမည်ကို စာနယ်ဇင်း ကျင့်ဝတ်အရ ဖော်ထုတ် သွားရန် တာဝန် မရှိကြောင်း၊ ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရား စွဲဆို ရမည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒဂုံမြို့ နယ် တရားရုံးသို့ စာဖြင့် ရေးသား လျှောက်ထား ခဲ့ကြောင်း The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်က ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ်၏ တရားရုံး သို့ တင်ပြလျှောက်ထား လွှာတွင် “သတင်း ရေးသား သူသည် မည်သူ မည်ဝါ ဖြစ်နေ စေကာမူ ထိုသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာချုပ် ပေါ်တွင်သာ တာဝန်ရှိပြီး သမိုင်းအစဉ်အလာ တင်ပြရလျှင် ၁၉၃၆ ခုနှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း ( အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း) အယ်ဒီတာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အိုးဝေ ဂျာနယ်တွင် ‘ငရဲ ခွေးကြီး လွတ်နေသည်’ ဟူသော ဆောင်းပါး ရေးသားသူ အား တက္ကသိုလ် ဗြိတိသျှ အာဏာပိုင် တို့က ဖော်ထုတ် ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ် အရ ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်းခဲ့သည်” ဟု ပါရှိသည်။

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly ၏ ယနေ့ ပြုလုပ်သော တရားခွင်သို့ Eleven Media Group မှ သတင်းထောက် နှစ်ဦးနှင့် ဥပဒေ အထူးပြု ဘာသာရပ် သင်ယူနေသော ကျောင်းသားများ တက်ရောက်ခဲ့ပြီး ဧပြီလ ၄ရက်နေ့က ပြုလုပ်ခဲ့သော တရားခွင် သို့လည်း ပြည်ပ သတင်း မီဒီယာမှ သတင်းထောက် သုံးဦး တက်ရောက်ခဲ့ဟု အဆိုပါ တရားခွင်သို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။


 The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template