Headlines News :
Home » , »  မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှု ဖြစ်စဉ်များကြောင့် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများကို အဆင့် ငါးဆင့်ဖြင့် ဖြေလျော့သွားမည်

 မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှု ဖြစ်စဉ်များကြောင့် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများကို အဆင့် ငါးဆင့်ဖြင့် ဖြေလျော့သွားမည်

Written By လွင့်မောင်မောင် on Sunday, April 8, 2012 | 12:41 PM

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှု ဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန် ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက် နေ့တွင် ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“မြန်မာအစိုးရနဲ့ ပြည်သူတွေ က ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ် လျှောက် လှမ်းနေချိန်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ထပ်ကြပ်မကွာ လိုက်ပါဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ပြီးခဲ့တဲ့လတွေမှာ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ တခြားတိုးတက်မှုဖြစ်စဉ် တွေကို မြင်တွေ့ရပြီးတဲ့နောက် ကျွန် မတို့ တုံ့ပြန်မှုတွေ ပြုလုပ်ဖို့အတွက် ကွန်ဂရက်လွှတ်တော်အပြင် ဥရောပ နဲ့ အာရှမှာရှိတဲ့ ကျွန်မတို့ရဲ့ မဟာ မိတ်တွေ၊ မိတ်ဆွေတွေနဲ့ တိုင်ပင် ဆွေးနွေးနေပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

“ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက် က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ့ှဗှီု ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ပုံမှန်နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များ အထိ အမေရိကန် တိုင်းပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အကျိုးအမြတ် မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ ၀င်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေကို အရှိန်အဟုန် မြှင့်ပေးဖို့အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီးလျှော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ  ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက် တွေကိုတော့ ဆက်လက်ထားရှိသွား မှာ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသည် ဆက်လက်လျှောက်လှမ်းရန် အဝေးကြီး ကျန်ပါသေးကြောင်း၊ အနာဂတ်သည်လည်း မသဲကွဲ၊ မသေချာသေးပါကြောင်း၊ သို့ရာတွင် မိမိတို့ဘက်က တိုးတက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး လုပ်ဆောင်လာမှုတိုင်းကို မိမိတို့ဘက်ကလည်း လုပ်ဆောင်ချက်များဖြင့် တုံ့ ပြန်သွားပါမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် လွှတ်ပေးပြီးသား အကျဉ်းသားများ အပေါ်ထားရှိသည့် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် အပါအ၀င် လူ့အခွင့်အရေး တိုးတက်မှုများကို ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊  တက်ကြွသည့် အရပ်ဘက် လူ့ဘောင် အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းရန် အတွက် အားပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ အထူးသဖြင့် တိုင်းရင်း သားများနှင့် သင့်မြတ်ရေးကို ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြောက်ကိုရီးယားနှင့် စစ်ရေး ပတ်သက် ဆက်ဆံမှုရပ်ဆိုင်းမှုကို ထင်ထင်ရှားရှား ပြသရန်အတွက်လည်း ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ပိတ်ဆို့မှုအား ဖြေလျော့ပေးမည့် အနေအထားပေါ်တွင် အယူအဆ အမျိုးမျိုးရှိနေသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် ရှိနေသည့်အတွက် ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်း လျော့ကျသွားလိမ့်မည်ဟူသော အမြင်ရှိသကဲ့သို့ အချိန်အတိုင်းအတာ တစ်ခုအတွင်း တိုက်တိုက်တွန်းတွန်း လုပ်ဆောင်သင့်သည်ဟူသော အမြင်များ လည်းရှိနေကြသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template