Headlines News :
Home » »  ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်

 ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်

Written By လွင့်မောင်မောင် on Sunday, December 16, 2012 | 10:04 PM


ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို Data စနစ်ဖြင့် ပြောင်းလဲကောက်ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။
ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုနောက်ဆုံး ထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှာလည်း အရင်အတိုင်း မိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းက ဆိုသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါက EDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template