Headlines News :
Home » » လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် မြေယာသိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆက်လက်လေ့လာစုံစမ်းမှု ပြုလုပ်သွားမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် မြေယာသိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆက်လက်လေ့လာစုံစမ်းမှု ပြုလုပ်သွားမည်

Written By လွင့်မောင်မောင် on Saturday, December 22, 2012 | 10:23 AM

နိုင်ငံတော်သမ္မရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂ ဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦး ဖွဲ့စည်းပါဝင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် စီမံကိန်းအတွက် မြေယာ သိမ်းဆည်းမှုများတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ ဆက်လက်လေ့လာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာယန်စီကော့ပါး ကုမ္ပဏီတို့မှ လုပ်ဆောင်နေသော စံပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆးခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ် အက်စစ်စက်ရုံကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စုံစစ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အဖွဲ့များခွဲကာ ကျေးရွာများသို့ သွားရောက်၍ ဒေသခံလူထုနှင့် တွေ့ဆုံကာ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်၊ လူထုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ လိုလားချက်များအား မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာသော သမားတော်ကြီးများနှင့် သြစတြေးလျနိုင်ငံမှ ရောက်ရှိလာသော ဆရာဝန်များမှ အက်ဆစ်အခိုးအငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုဟု ရပ်ရွာမှ သံသယရှိသော ကလေးငယ် လေးဦးအား ပဏာမ စမ်းသပ်စစ်ဆေးခဲ့ရာ အက်စစ်ကြောင့် မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် ရန်ကုန်မြို့သို့ ခေါ်ယူုကာ ဆေးကုသပေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့နောက် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ်အက်စစ် စက်ရုံသို့ သွားရောက်ကာ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောင်ဆိုဒ် နှင့်ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲစုပုံသည့် ကန်များ၊ စွန့်ပစ်သည့် နေရာများအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာယန်စီကော့ပါး လီမိတက်တို့မှ လုပ်ကိုင်နေသော လုပ်ငန်းရုံးနှင့် အဆိုပါလုပ်ငန်းများနှင့် ပတ်သက်၍ ISO လက်မှတ် ရရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာဝမ်ပေါင် copper လီမိတက်ရုံးသို့ သွားရောက်၍ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအ ကဲဖြတ်မှု EIA ၊ လူမှုဘ၀ လေ့လာအကဲဖြတ်မှု SIA တို့ကို လည်းကောင်း၊ ဒေသခံလူထုအတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတ်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့က ပြုလုပ်နေသော လူမှုရေး ကျန်းမာရေးစသော အချက်များကိုလည်း မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် ဆာလဖျူ ရစ်စက်ရုံမှ စွန့်ပစ်အရည်များ၊ စံပယ် တောင်ခြေမှ စွန့်ပစ်အရည်စသည် တို့ကို ဓာတ်ခွဲစစ်ဆေးရန် နမူနာ များရယူခဲ့ကြောင်း၊ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမ စုံစစ်ဆေးမှုများသာဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူနေမှုဘ၀ အကျိုးသက်ရောက်မှုအတွက် အကဲဖြတ်မှုများကို  ပညာရှင်ပေါင်းစုံ ပါဝင်သည့် ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စုံစမ်း စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများ၊ ဒေသခံကျေးရွာများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေများနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ အင်အားသုံး နှိမ်နှင်းရာတွင် သံဃာတော်အများစုနှင့်လူအင်အား ၁၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိ သည့် သံဃာတစ်ပါးထိုင်းနိုင်ငံသို့  သွားရောက်ဆေးကုသနေပြီး သံဃာ နောက်ထပ်တစ်ပါးမှာလည်း ဒဏ်ရာ ပိုးဝင်ခြင်းကြောင့် ထပ်မံသွားရောက် ဆေးကုသရန် စီစဉ်နေကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template