Headlines News :
Home » » ၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား

၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား

Written By လွင့်မောင်မောင် on Sunday, December 16, 2012 | 10:11 PM

 1610
၂၀၁၃ခုနှစ်၊ နွေရာသီတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ် နွေရာသီတွင် ယခင်နှစ်ကထက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၃၀ ပိုမိုထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်၊ နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အားလုံးကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါသဖြင့် အနည်းအကျဉ်း ဓာတ်အားပြတ်တောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
''ဓာတ်အားမလုံလောက်လို့ ဓာတ်အားဖြတ်တောက်ရရင်လည်း  အများပြည်သူ လူနေရပ်ကွက်တွေကို လျှပ်စစ်မီးဖြတ်တောက်မှာ မဟုတ်ပါဘူး။ စက်မှုလက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေကိုပဲ လျော့ချဖြတ်တောက် သွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌဦးအောင်ခိုင်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဓာတ်အား စနစ်အတွင်း အဓိက အားထားရသော ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများရှိ ရေလှောင်တမံများတွင် ၂၀၁၃ခု နှစ်၊ ဖေဖော်ဝါရီ၊ မတ်လများအထိ စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် ရေပြည့်အနေအထားတွင် ရှိနေစေရန် ထိန်းညှိထုတ်လုပ် ဖြန့်ဖြူးပေးနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဓာတ်အားလျော့ချ ဖြတ်တောက်ရမှု အနည်းအကျဉ်း ရှိမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ်တွင်းလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများအပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ပုဂ္ဂလိကပိုင်းနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template