Pages
Saturday, July 21, 2012
မရမ်းကုန်းမြို့ နယ်(၅)ရပ်ကွက်ရှိကျူးကျော်အိမ်များဖျက်သိမ်းခံရ
ရမ်းကုန်းမြို့ နယ်၊ (၅)ရပ်ကွက် ၊ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော်အိမ် (၉၄)လုံးအား ဇူလိုင်လ(၂၀)ရက် နေ့  နံနက်ပိုင်းမှစတင်၍ လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှဝန်ထမ်းများက ၀င်ရောက်ဖျက်သိမ်းခဲ့ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင် သူများထံမှသိရသည်။
အဆိုပါမြေသည် လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင်ဖြစ်ပြီး ၄င်းနေရာ၌ နေထိုင်သူများအား ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အမြန်ဆုံးပြောင်းရွှေ့ ဖယ်ရှားပေးရန် သုံးကြိမ်တိုင်အကြောင်းကြားပြီးဖြစ်သော်လည်း ပြောင်းရွှေ့ ခြင်းမပြုသည့်အတွက် ကျူးကျော်အိမ်များအား ၀င်ရောက်ရှင်းလင်းရခြင်းဖြစ်သည်ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“DCA က ဇူလိုင်လ(၂၀)ရက်နေ့  မနက်၅နာရီခွဲမှာ ရောက်လာပြီး အိမ်တွေကိုချက်ချင်းပြောင်းပေးဖို့ ပြောတယ်။ကျွန်မတို့ က မိုးရွာနေတဲ့အတွက် မိုးတိတ်မှပြောင်းပေးပါ့မယ်လို့ ပြောတာကို မရပဲ အိမ်တိုင်ကို ရဲတင်းနဲ့ ခုတ်၊ လွှနဲ့ဖြတ်ပြီး အိမ်ကိုဖြိုချပစ်တယ်။ဖြိုပြီးလို့ ကျန်တဲ့ ပစ္စည်းတွေကို ပြန်သယ်သွားရင်သွား၊ မသွားရင် ကားနဲ့ တက်ကြိတ်မယ်လို့ ပြောတဲ့ အပြင် ဒီမြေမှာလာနေတာနဲ့ ဖမ်းဆီးထောင်ချမယ်ပြောလို့  ကျွန်မတို့ မှာကလေးတွေနဲ့ အတူ တစ်ညလုံးမိုးရေထဲမှာနေရတဲ့အပြင် ထမင်းလည်းမစားခဲ့ရဘူး”အိမ်အဖျက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးကပြောသည်။
ဖျက်ဆီးခံရသော အိမ်များတွင် မိသားစု ၁၀၀ခန့် နေထိုင်ကြပြီး လူဦးရေ(၁၅၀)ခန့် ရှိကာ ၄င်းတို့ အနက် ကျောင်းသားကျောင်းသူ(၄၀)ခန့် ပါဝင်ကြောင်း၊ လက်ရှိ၌ ဖျက်ဆီးခံရသော ကျူးကျော်တဲများ၌ နေထိုင်သူများမှာ နေစရာနေရာမရှိသည့်အတွက် ၊ရန်ကြီးအောင်ပတ်လမ်း နှင့် အဆိုပါရပ်ကွက်ရှိ အောင်သစ္စာဓမ္မာရုံတွင်နေထိုင်လျက်ရှိကြောင်းသိရသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးကျွန်တော်တို့ သိတာက လေယာဉ်ကွင်းတိုးချဲ့ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးစရာရှိတယ်။လာခဲ့ပါဆိုပြီး DCA ကခေါ်တဲ့အတွက် သွားတာ။အိမ်တွေဖြို ဖျက်တဲ့ကိစ္စက ကျွန်တော်တို့ နဲ့ မပတ်သက်ပါဘူး။ဒါက ဌာနဆိုင်ရာကဆောင်ရွက်တဲ့ကိစ္စပါ။ ဒီနေရာမှာနေတဲ့သူတွေကို ရပ်ကွက်က ၂၀၁၀ ရွေးကောက်ပွဲတုန်းက ယာယီသန်းခေါင် စာရင်းထုတ်ပေးထားပေမယ့် ကျူးကျော်တွေဖြစ်တဲ့အတွက်ကြောင့် ဧည့်စာရင်းမပေးပါဘူး။ ဒီဖြစ်ရပ်အပေါ် ရပ်ကွကါအနေနဲ့ သနားပေမဲ့ ဘယ်လိုမှမကူညီနိုင်တဲ့အတွက် ၀ဋ်ကြွေးကြောင့်ဖြစ်တာလို့ ပဲ သဘောထားရတော့မယ်” ဟု မရမ်းကုန်းမြို့ နယ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူက ဆိုသည်။
ထိုသို့ ဖျက်ဆီးရွှေ့ ပြောင်းခံရမှုနှင့်ပတ်သက်၍့ ပြောင်းရွှေ့ ခံရများက ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ သို့  သွားရောက်အကူအညီတောင်းခံကာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အသနားခံစာပေးပို့ သွားမည်ဖြစ်ကြောင်းပြောသည်။ ကျွန်တော်တို့ ဖက်က လုပ်နိုင်တာက နိုင်ငံတော်အစိုးရက ဥပဒေပိုင်းအရ ကျူးကျော်မို့ လို့ ဖျက်တာမှန်ပေ မယ့် နိုင်ငံတော်အစိုးရမှာ နိုင်ငံသားတိုင်းကို အကာအကွယ်ပေး ရမယ့်တာဝန်ရှိတယ် လို့ ခံယူတယ်။ဒါကြောင့် နိုင်ငံတော်ရဲ့ သက်ဆိုင်ရာအဆင့်ဆင့်နဲ့  ရန်ကုန်တိုင်းဒေ သကြီးအစိုးရကို ရော ဒီလူတွေရဲ့ဒုက္ခတွေကို ယာယီဖြစ်ဖြစ်၊ အခြားသတ်မှတ်ချက်တစ်ခုခုဖြစ်ဖြစ် ငဲ့ညာသနားသောအားဖြင့် ကိုင်တွယ်ဖြေရှင်းပေးဖို့  ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ အနေနဲ့ သက်ဆိုင်ရာအဆင့်ဆင့် မေတ္တာရပ်ခံစာတွေပေးပို့ သွားမှာဖြစ်တယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးကပြောသည်။
 သူရထွန်း
တစ်လအတွင်း ဒုသမ္မတရွေးမည်ဟု ဦးဌေးဦးပြော
ရန်ကုန် ဇူလိုင် ၂၁
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ပေးရေးကိစ္စအားကြန့်ကြာအောင် အချိန်ဆွဲသွားမည် မဟုတ်ဘဲ၊၁လအတွင်း အပြီးသတ်ရွေးချယ်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတများ၊အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှိ စီစစ်ရေးအဖွဲ့အဖွဲ့ဝင်ဦးဌေးဦးက ယနေ့တွင်ပြောသည်။
“ကျွန်တော်တို့အချိန်ဆွဲနေလို့ ဘယ်ရမလဲ၊အမြန်ဆုံးရွေးပေးရမှာပေါ့”ဟု ဟသာင်္တမြို့နယ်တွင်ရောက်ရှိနေသည့် ဦးဌေးဦးက ဆက်သွယ်မေးမြန်းမှုကိုဖြေသည်။
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သဖြင့် မိမိတို့အဖွဲ့အနေဖြင့် လွန်ဆန်၍ မရပါကြောင်း ဦးဌေးဦးက ဆက်လက်ကာပြောသည်။ယခုရွေးချယ်မည့်ဒုတိယ သမ္မတတစ်ဦးမှာ သမ္မတကြီးအားထောက်ကူပေးရန် အတွက်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်များမှာ သမ္မတကြီး၏ခွဲဝေပေးမှုအပေါ်တွင်သာ မှီနေသည်ဟု ၄င်းကထပ်မံကာပြောသည်။
မင်းသုအောင် - Popular Myanmar News Journal
ထိုင်းနိုင်ငံခရီးစဉ် မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား The Bangkok Post သတင်းစာ ဝေဖန်
Saturday, 21 July 2012 19:02  Eleven Media Group
ထိုင်းနိုင်ငံခရီးစဉ် မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ The Bangkok Post  သတင်းစာက ဇူလိုင်လ ၂၀ ရက်နေ့ အယ်ဒီတာ့အာဘော်တွင် ဝေဖန်ခဲ့သည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မကြာသေးမီက ပြောကြားခဲ့သည့် မှတ်ချက်များနှင့် ပတ်သက်၍ The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်ခဲ့သည်။
ယခုခရီးစဉ် မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့သည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု  မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။
The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်၌ ''မြန်မာနိုင်ငံနှင့် သူ၏အစိုးရသည် ၄၈ နှစ်တာ ရက်စက်ကြမ်းတမ်းသည့် စစ်အာဏာရှင်စနစ်အပြီးတွင် ပြန်လည်အမီလိုက်ရန်အတွက် သွားစရာ ခရီးအရှည်ကြီး ကျန်ရှိနေပါသေးသည်။ မကြာသေးမီက မြန်မာနိုင်ငံ အနောက်ဘက်တွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးပဋိပက္ခများသည် စည်းလုံးညီညွတ်သော နိုင်ငံတစ်နိုင်ငံ၏ မျက်နှာစာကို လွင့်စဉ်စေခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေ သည့် အစိုးရတစ်ဖွဲ့မှ မကြာသေးမီကာလအတွင်း ကြားရသည့် စိတ်ပျက်ဖွယ်ရာ အကောင်းဆုံးမှတ်ချက် ဖြစ်ပါသည်။''ဟု ဖော်ပြထားသည်။
ထို့ပြင် The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ''သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ရိုဟင်ဂျာများ၏ ဖြစ်တည်မှုနှင့် ပြဿနာကို ဆွေးနွေးသင့်ပါသည်။ ထိုင်းနိုင်ငံနှင့် အခြားအိမ်နီးချင်း နိုင်ငံများအနေဖြင့်လည်း အဆိုပါလူများ၏ အတိဒုက္ခကို သတိမူမိကြပါသည်။''ဟု ဆက်လက်ဖော်ပြထားသည်။
''မြန်မာသမ္မတ၏ အံ့သြတုန်လှုပ်စရာကောင်းသည့် မှတ်ချက်သည် မြန်မာနိုင်ငံသည် စစ်တပ်၏ သေနတ်အောက်တွင် တစ်ကယ့်ကမ္ဘာနှင့် နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရသည့်အတွက် ယခုလို ပြောမိတာဖြစ်သည်ဟု ဆင်ခြေပေး၍ ရနိုင်ပါသည်။''ဟု The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ဆိုပါသည်။
''မြန်မာနိုင်ငံသည် ရှည်လျားပြီး အမှောင်လွှမ်းနေသည့် အကြမ်းဖက်မှု သမိုင်းကနေ ပေါ်ထွက်လာနေသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ် ၅၀ က စံနှုန်းများနှင့် အလွန်ကွဲပြားသည့် စံနှုန်းများနှင့် ကမ္ဘာသစ်ထဲကို ၀င်ရောက်နေခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်များသည် လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါသည်။ သူတို့ကို စောဒကတက် ဝေဖန်သင့်ပါသည်'ဟု The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။
ထိုင်းနိုင်ငံမှာ ဗိသုကာ ပထမဆုရှင် မြန်မာကျောင်းသူတဦး
Saturday, July 21, 2012  အိမ့်သံစဉ်   ဧရာဝတီ blog
မခိုင်မိုးပြည့်ကို သူ၏ ပြိုင်ပွဲဝင် ဗိသုကာ ဒီဇိုင်းနဲ့အတူ တွေ့ရစဉ် ။ ဓာတ်ပုံ-
ထိုင်းနိုင်ငံတ၀ှမ်းလုံးက ဗိသုကာ ဒီဇိုင်း ပြိုင်ပွဲဝင်သူတွေအားလုံးထဲမှာ "Incredible Facade Winner" လို့ ခေါ် တဲ့ ပထမဆု ကို ရရှိသွားသူက မြန်မာ ကျောင်းသူလေး တဦးဖြစ်တဲ့ မခိုင်မိုးပြည့် ဆိုသူပါ။
သူကတော့ ထိုင်းနိုင်ငံ ရှင်နာဝပ် တက္ကသိုလ်မှာ ဗိသုကာ ပညာအထူးပြု လေ့လာသင်ယူနေသူဖြစ်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ် ၊ ဆရာများလေ့ကျင့်သင်တန်းကျောင်း TTC ရဲ့ ၂၀၀၉ ခုနှစ်အပတ်စဉ် ကျောင်းသူ
ဟောင်း တဦးလည်း ဖြစ် ပါတယ်။
ပြိုင်ပွဲ ကို အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးတွေထဲမှာ Cambridge University ကဲ့သို့ ကမ္ဘာတ၀ှမ်းက နံမည်ကြီး ဗိသုကာ ပညာရှင်ကြီးတွေလည်းတွေလည်းဖြစ်ပါတယ်။
အခုလို မြန်မာ ကျောင်းသူတဦးရဲ့ ထိုင်း တနိုင်ငံလုံးက ပြိုင်ပွဲဝင်တွေကို ကျော်လွှားပြီး ပထမဆု ရခဲ့တာ ကို တော့ မြန်မာများအတွက် ဂုဏ်ယူစရာ တခုလည်းဖြစ်ပါတယ်။
"ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဧ။် သမီး ဖြစ်သူ ဟန် အရောင်ဆောင် လိမ်လည် သူ ဒေါက်တာရွှေမန်းကိုကို အား အဓိက ကြိုးကိုင်ပြီး( long life) အဖွဲ့ ဦးဆောင်သူဟု ယူဆရသော ရဲအောင် နှင့် အပေါင်းပါ လွတ်မြောက်နေဆဲ
  long life အဖွဲ့ခေါင်းဆောင်ရဲဇော်အောင်
...................................................................
ဓါတ်ပုံ..ရွှေမန်းကိုကို၊ အေးအေးမာ ၊ ရဲအောင် တို့အား Tatoo ထိုးပြီးတွေ့ရစဉ်.
........................................................................
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဧ။် သမီးဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါလိမ်လည်မှုများအား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ)ရဲဇော်အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။
ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ {ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင်(ခ)ငယ်လေး}အား ကမာရွတ်ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
သူရဦးရွှေမန်းဧ။် သားသမီးဖြစ် အရောင်ဆောင်၍ လိမ်လည်မှုများတွင် ဒေါက်တာ ရွှေမန်းကိုကို ဟုအရောင်ဆောင်မှုမှာ
တစ်ချို့နေရာများတွင် သားဖြစ်သူဟန်ဆောင် ပြီး တစ်ချို့နေရာများတွင် သမီးဖြစ် ဟန်ဆောင်လေ့ရှိကြောင်းအဆိုပါကဲ့သို့လိမ်လည်မှုများမှာ လွန်ခဲ့သောနှစ်အနည်းခန့်က
ပင်လိမ်မှုခံခဲ့ရသူများရှိခဲကြောင်း အလိမ်ခံခဲ့ရသူ အချို့ထံမှ စုံစမ်းသိရသည်။
အဆိုပါ လိမ်လည်မှုများအား အဓိကဦးဆောင်သူ ရဲအောင်(ခ) ရဲဇော်အောင် မှာ၎င်းတို့အဖွဲ့အား
( long life) ဟု အမည်ပေးထားပြီး ၄င်းကိုယ်တိုင်ပင် သူရဦးရွှေမန်း ဧ။် သားဖြစ်ဟန် အရောင်ဆောင်၍ လိမ်လည်မှုများ ရှိခဲ့ကြောင်းသိရသည်။
ရွှေမန်းကိုကို ဟူ၍ အရောင်ဆောင်လိမ်လည်မှုများ တွင် ပါဝင်ခဲ့သူများ တွင် {ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင် သာဖမ်းမိထားပြီး ကျန်ရှိသူများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။
မြန်မာရေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာသော လှေတစ်စီးနှင့် လူ(၉၅)ဦး ဖမ်းဆီးရရှိ
Saturday, 21 July 2012 13:19  Eleven Media Group
မြန်မာရေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာသော လှေတစ်စီးနှင့် လူ(၉၅)ဦးကို မြန်မာစစ်ရေယာဉ် ၅၅၄ မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အဆိုပါလှေပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား(၃)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၈၃)ဦးနှင့် ဘင်္ဂဂါလီ(၈)ဦးတို့ ပါရှိကြောင်း သိရပါသည်။
မေးမြန်းစစ်ဆေးချက်များအရ အဆိုပါ လှေသည် ထိုင်းနိုင်ငံအခြေစိုက်လှေတစ်စီးဖြစ်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ စစ်တွေမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာသို့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ရေပြင်တွင် ရပ်တန့်ထားခဲ့ကြောင်း သိရသည်။ ထိုသို့ ရပ်တန့်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေဖြင့် သယ်ဆောင်လာသော ဘင်္ဂလီများကို လှေပေါ်ပို့ဆောင်ခဲ့ကြောင်း ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာခဲ့ရာမြန်မာ့ရေပိုင်နက်ထဲသို့ ရောက်ရှိလာပြီး ရေတပ်မှဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖမ်းဆီးရရှိခဲ့သော သူများအား ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် စစ်တွေမြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ညတွင်ခြင်း စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးထားသူများအား လ.၀.က ဥပဒေအရ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတော့မည်.
......
7 Day News
ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်၏မှတ်တမ်းရုပ်ရှင် (Documentary) ကို စတင်ရိုက် ကူးတော့မည်ဖြစ်ကြောင်း 7Day Newsသို့ ပြောကြားသည်။
ရိုက်ကူးရေးအစီအစဉ်များ ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ပြင်သစ်ဒါရိုက်တာ Luc Besson က The Lady အမည်ဖြင့် ရုပ်ရှင်ပြန်လည် ရိုက် ကူးထားပြီး ပြည်တွင်းတွင်မူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၄င်း၏ဘ၀ဖြတ်သန်းမှုကို ပထမ ဆုံးရိုက်ကူးမည့် ဒါရိုက်တာဖြစ်သည်။
ဖိလစ်ပိုင်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 09W-NINE တောင်တရုတ်ပင်လယ်သို့ ရောက်ရှိ
By mmweather.ygn, on July 21st, 2012
ဇူလိုင်လ ၂၁ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းရပ်ဝန်း 09W(NINE – ဖိလစ်ပိုင်အမည် FERDIE) သည် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီး ဟောင်ကောင်၏ အရှေ့တောင်ဘက် ၃၁၀ မိုင်ခန့် အကွာသို့ ရောက်ရှိ ဗဟိုပြုကာ လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၀ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။
ဖိလစ်ပိုင်မိုးလေဝသဌာန(TYPHOON 2000) မှ ခန့်မှန်းထုတ်ပြန်ချက်အရ လာမည့် တနင်္လာနေ့တွင် တောင်တရုတ်ပင်လယ်အတွင်း ဟောင်ကောင်၏ တောင်ဘက်မှ ဖြတ်သန်းရင်း အင်အားပိုမိုကောင်းလာကာ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားပါသည်။
NRL မှ ခန့်မှန်းလမ်းကြောင်းပုံဖေါ်မှုအရ မုန်တိုင်းအဆင့်သို့ရောက်ရှိလာပြီးနောက် လာမည့် ၇၂ နာရီအတွင်း တရုတ်ပြည် Guangdong ပြည်နယ် အနောက်တောင်ဘက်၊ Zhanjiang မြို့အနီးမှ ကပ်၍ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။ လမ်းကြောင်းခန့်မှန်းချက် ပြောင်းလဲမှုများကို ဆက်လက်တင်ပြပေးသွားပါမည်။
09W NINE – 21 Jul 2012 0600Z
Location: 19.8 118.1
Winds: 25 knots
Central Pressure: 1000 hPa
3-DAY FORECAST OUTLOOK & ANALYSIS* (TYPHOON 2000)
09W (FERDIE) is expected to move WNW for the next 24 to 48 hours then bend more westward through 72 hours. On the forecast track, the core of 09W will pass about 145 km to the South of Hong Kong on Monday morning and cross Western Guangdong’s Southern Peninsula, passing north of Longmenzhen, China by Tuesday morning.
Maximum Sustained Winds (1-min. avg) are near 45 km/hr (25 knots) with higher gusts. Additional strengthing is expected within the next 12 to 24 hours, and 09W (Ferdie) will become a Tropical Storm (TS) later today.
The following is the summary of the 3-day forecast outlook on this system:
  • SUNDAY MORNING: Upgraded to a Tropical Storm (TS) as it exits the Philippine Area of Responsibility (PAR), away from Extreme Northern Luzon [8AM JUL 22: 20.2N 117.6E @ 65kph].
  • MONDAY MORNING: Continues gaining strength as it moves across the West Philippine Sea (South China Sea)…passing south of Hong Kong [8AM JUL 23: 21.0N 114.1E @ 85kph].
  • TUESDAY MORNING: Over Western Guangdong…as it nears Typhoon strength [8AM JUL 24: 21.2N 110.1E @ 100kph].
နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်မည်
Saturday, 21 July 2012 15:02   Eleven Media Group
နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်သည် သုံးရက်ကြာမြင့်မည့် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း ဆွေးနွေးဖွယ် ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးများ အပါအ၀င် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်-အာဆီယံဖိုရမ် တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် sanction များ ရုပ်သိမ်းရေးအတွက် ထိုင်းနိုင်ငံမှ ထောက်ခံပေးခဲ့မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ ထိတွေ့ဆက်ဆံမှု များပြားလာမှုများ၊ အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေမှုများ၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပိုမိုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များသို့ ရွှေ့ဆိုင်းခဲ့သည်။
ထိုကဲ့သို့ ထိုင်းနိုင်ငံသို့ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များတွင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ပြီးမှ အကြောင်းမညီညွတ်၍  အဆိုပါခရီးစဉ်ကို ထပ်မံရွှေ့ဆိုင်းခဲ့သည်။
ထိုကဲ့သို့ ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ''နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါရက်များအတွင်းတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပွားလျက်ရှိသော စက်ရုံ၊ အလုပ်ရုံအချို့မှ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန်မှုပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရခြင်းဖြစ်ပါကြောင်း'' ဟု ဖော်ပြထားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။
ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား
 July 21, 2012
burma-10151
By  Aung Zin Latt
ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က
ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့
ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာ
လည်းတွေ့ရတယ်။
ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ
့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့
လေ့လာသူအချို့က သုံးသပ်ကြတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့
အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့
နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့
ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို
သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက
အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။
ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့
ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘော
ထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်း
ဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က
ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို
သတိထားမိတယ်။
နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က
သဘောထားကို အားလုံး သိသွားကြတာ။
ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့
ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊
သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ်
ဆိုတာမျိုးတော့ ပြောတာရှိတယ်။
ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်
စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက
သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။
ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင်
အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက် သားသမီး အယောက် ၂၀ ဆိုတဲ့ ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း ထည့်တွက်ဖို့
လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက်
နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။
လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။
မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။
ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။
သူတို့ရဲ့ အစီစဉ်က ကိုဆိုဗိုမှာလို အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေ ကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။
မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက  ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။
(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)
ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။
ဒီလိုနဲ့  နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း  ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။
အဲဒီကိုဆိုဗိုစစ်မှာ မွတ်ဆလင်ညီအကို ဆိုတဲ့အမြင်နဲ့ ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့  မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။
တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။
အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့က မြန်မာကို အရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။
၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။
တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။
ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။
ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။
တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။
အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။
အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘာမှမဆိုင်ပဲ ငါတို့မွတ်လဆင်တွေဆိုပြီး ရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။
တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။
တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။
ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။
ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။
ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Aung Zin Latt
ယနေ့ Facebook Star
အခုတလော ရေပန်းစားတဲ့တေးစီးရီးသစ်
Zaw Lwin Win
မြစ်ဆုံကို မဖြစ်မနေ ပြန်လုပ်ရမယ်၊ သမ္မတက ကြံ့ဖွံ့ရဲ့ အမျိုးသားရေးမူဝါဒကို ဆန့်ကျင်ပီး သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မြစ်ဆုံကိုရပ်ခဲ့တာ ဆိုတဲ့ လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်းက ဒီလိုပြောခဲ့သေးတယ်။
Yan Aung
အောက်မှာဖော်ပြထားတဲ့လမ်းတစ်ဝက်ခင်း အောင်သိန်းလင်းရဲ့ အင်တာဗျူးအပြည့်အစုံကို လေ့လာကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ ဆန္ဒ..၊ သမ္မတဦးသိန်းစိန်/ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ Win-Win ပေါ်လစီအစရှိသည်တို့အတွက် အကြီးဆုံး အန္တရာယ်ကြီးက အတွင်းစည်းမှာ ရှိနေတယ်ဆိုတာ ပေါ်လွင်လာပါတယ်..။
တောင်ဥက္ကလာမှာ မဲအတွက် ဗလီဆောက်ဖို့ခွင့်ပြုခဲ့သူ၊ လမ်းတွေကို မဲအတွက် တစ်ဝက်တစ်ပျက်ခင်းပြီး ရွေးကောက်ပွဲအပြီး ဆက်မခင်းပဲရပ်ထားခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း၊ စစ်တပ်အရာရှိဟောင်း၊ လက်ရှိ ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင် တစ်ယောက်ရဲ့ စကားဟာ နိုင်ငံနဲ့ပြည်သူအတွက်ကြောက်စရာကောင်းသလို Sanction ကို US က ဘာ့ကြောင့်ဖွင့်မပေးသေးတာလဲဆိုတဲ့ အဖြေဟာ ပေါ်လွင်လာပါတယ်..။ ရှင်းရှင်းလေးပါ.. ပြည်ခိုင်ဖြိုးနဲ့ အစိုးရအဖွဲ့ဝင် တချို့တွေထဲမှာ ဒီလိုခံယူချက်နဲ့လူမျိုးတွေရှီနေသရွေ့ Sanction မပွင့်နိုင်ပါဘူး..။
မြစ်ဆုံအတွက်နဲ့ တရုတ်ကိုအားကိုးပြီး ပြည်သူကို စော်ကားသလို.. သမ္မတကိုလည်းစော်ကားပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စော်ကားပါတယ်။
လက်ရှိ စီးပွားရေးပိတ်ဆို့မှုဖွင့်ဖို့ လာရောက်လေ့လာနေကာ အစိုးရချင်းဆက်ဆံရေးတိုးတက်လာပြီး ဖွံဖြိုးမှုတွေမှာ နည်းပညာနဲ့ ငွေကြေး အလုံးအရင်းနဲ့စတင် ကူညီလာတဲ့ အမေရိကန်နဲ့ အနောက်ကို ပေါ်တင် နှိပ်ကွပ်လာပါတယ်။ ပြည်ခိုင်ဖြိုးထဲမှာ အဲဒီလို ခံယူထားတဲ့ Cell တွေ ဘယ်လောက်များနေသလဲ. ။ပျံ့နှံ့နေပါသလဲ..။ ဗဟိုအလုပ်အမှုဆောင်တစ်ယောက်ရဲ့စကားဟာ အဖွဲ့အစည်းအပေါ် ဘယ်လောက် ကိုယ်စားပြုပါသလဲ..။ သေချာတာက မြစ်ဆုံကို ဆက်ဆောက်ရင်တော့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးဝင်ပြိုင်နေလဲ ပင်ပန်းရုံပါပဲ..။ မြစ်ဆုံကို ပိတ်လိုက်ခြင်းဟာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းရုံသာမက မဟာဗျူဟာအရ တရုတ်ကြီးရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေတဲ့အတွက် အမေရိကန်ရဲ့ Sanction ဖွင့်ပေးခြင်းကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တွေးတတ်သူတိုင်း သိကြပါတယ်။ Diplomacy ကို နားလည်သူတိုင်း အောက်က စကားတွေရဲ့ အကျီုးသက်ရောက်မှုကို သဘောပေါက်လောက်ပြီထင်ပါတယ်....။
****************************************************************************************************
အောင်သိန်လင်းရဲ့ မြန်မာပြည်သူအားလုံးရဲ့ဆန္ဒ၊သမ္မတဦးသိန်းစိန်ကိုပါ
 ပြတ်ပြတ်သားသားစိန်ခေါ်လိုက်ပြီ။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကိုယ့်ကျိုးစီးပွားနှင့်တရုပ်ပြည်အကျိုးစီးပွားကိုသာ ရှေ့ရှုတဲ့ အောင်သိန်းလင်းကိုလွှတ်တော်အတွင်းကထွက်ခွာသွားရန် ဝိုင်းဝန်းကန့်ကွတ်ရှုတ်ကြပါစို့.........................
Eleven Media Group
ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ
USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။
ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့
လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။
USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကိုမယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်းစာတွေရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါသည်။
သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။
Aung Pan
*************************************************************************************************
ပြောင်းဖူးအမတ်ကြီးရဲ့ ရင်တွင်းစကား
နံနက်ခင်းFacebook သတင်း(၂၁-၇-၂၀၁၂)
ငါတို့ဧရာဝတီ၊ ငါတို့အနာဂတ်...
ငါတို့ဧရာဝတီ၊ ငါတို့ယဉ်ကျေးမှု...
ငါတို့ဧရာဝတီ၊ ငါတို့ငြိမ်းချမ်းရေး...
********************************************************************************************
မနေ့ မနက် ၉ နာရီမှာ ဗမော်က ကသာကို ပြေးမယ့် ညမင်းအောင် အမှတ် ၁ ဆိုတဲ့ ရေပေါ်ရှပ်ပြေး ရေယာဉ်ဟာ ဗမော်မြို့ ဧရာမော် ဆိပ်ကမ်းက အထွက်မှာ ဂီယာထိုးမရဘဲ ဂီယာညပ်ပြီး အခြားရေယာဉ်တွေအောက် ၀င်ပြီး နစ်မြူပ်သွားပါတယ်။
လူ ၃၀ လောက် ပျောက်နေပြီး အလောင်း တစ်လောင်းဘဲ ရသေးတယ်လို့ သိရတယ်။
လူပေါင်း တစ်ရာကျော် တင်လာတဲ့ အဲ့ဒီရှပ်ပြေး ရေယာဉ်ပေါ်မှာ လက်မှတ်ပါသူ ၅၀ လောက်ဘဲ ပါပြီး လက်မှတ်မပါဘဲ တင်လာသူတွေက တစ်ဝက်လောက်ပါနေတာမို့ ဘယ်သူတွေ ပါပြီး ဘယ်သူတွေ ပျောက်နေတယ်ဆိုတာ သတင်း အတိအကျ မသိရဘဲ ဖြစ်နေတယ်။
ဗမော်တက္ကသိုလ် ကျောင်းသား ဘောလုံးအသင်းက ကစားသမားတွေထဲက ၆ ဦးလောက် ပါသွားတယ်လို့ သိရပါတယ်။ Zaw Lwin Win ************************************************************************
ဒေါ်စုတာဝန်ပဲ မျက်စိပိတ်ပြီး အော်နေသူများဖတ်ဖို့အတွက်
KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂုန်မော်ရဲ့ အဖြေကို ကြိုက်လွန်းလို့ ကူးယူလာပါတယ် ။
မေး- မြန်မာတိုင်း(မ်)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်အထိကချင်စစ်ပွဲနဲ့ပတ်သက်
ပြီး တိတိကျကျထုတ်ဖော်ပြောမှု မရှိ သေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ---ဗိုလ်ချုပ်ဂုန်မော်
သူဟာ ကချင်စစ်ပွဲရဲ့ အဖြေမဟုတ်ပေမယ့် အဖြေရအောင် ဦးဆောင်မယ့် အစွမ်းအစ သူ့ဆီမှာရှိတယ်လို့ ယုံကြည်တယ်။ ခုချိန်ထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောတာမျိုးမရှိသေးတာကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံးရဲ့ စီမံကိန်းတွေအရ စဉ်းစားတဲ့ အခါမှာ ကချင်အရေးက ဘယ်အချိန်မှာဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကလည်း သူစဉ်းစားနေမှာပါ။ ဒီလိုပဲ ကျွန်တော်တို့မြင်ပါတယ်။
(By-Myanmar Times)
**************************************************************************************************
Yan Aung
အောက်မှာဖော်ပြထားတဲ့လမ်းတစ်ဝက်ခင်း အောင်သိန်းလင်းရဲ့ အင်တာဗျူးအပြည့်အစုံကို လေ့လာကြည့်ရင်
ကျွန်တော်တို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ ဆန္ဒ..၊ သမ္မတဦးသိန်းစိန်/ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ Win-Win ပေါ်လစီအစရှိသည်တို့အတွက် အကြီးဆုံး အန္တရာယ်ကြီးက အတွင်းစည်းမှာ ရှိနေတယ်ဆိုတာ ပေါ်လွင်လာပါတယ်..။
တောင်ဥက္ကလာမှာ မဲအတွက် ဗလီဆောက်ဖို့ခွင့်ပြုခဲ့သူ၊ လမ်းတွေကို မဲအတွက် တစ်ဝက်တစ်ပျက်ခင်းပြီး ရွေးကောက်ပွဲအပြီး ဆက်မခင်းပဲရပ်ထားခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း၊ စစ်တပ်အရာရှိဟောင်း၊ လက်ရှိ ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင် တစ်ယောက်ရဲ့ စကားဟာ နိုင်ငံနဲ့ပြည်သူအတွက်ကြောက်စရာကောင်းသလို Sanction ကို US က ဘာ့ကြောင့်ဖွင့်မပေးသေးတာလဲဆိုတဲ့
အဖြေဟာ ပေါ်လွင်လာပါတယ်..။
ရှင်းရှင်းလေးပါ.. ပြည်ခိုင်ဖြိုးနဲ့ အစိုးရအဖွဲ့ဝင် တချို့တွေထဲမှာ ဒီလိုခံယူချက်နဲ့လူမျိုးတွေရှီနေသရွေ့ Sanction မပွင့်နိုင်ပါဘူး..။
မြစ်ဆုံအတွက်နဲ့ တရုတ်ကိုအားကိုးပြီး ပြည်သူကို စော်ကားသလို.. သမ္မတကိုလည်းစော်ကားပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စော်ကားပါတယ်။
လက်ရှိ စီးပွားရေးပိတ်ဆို့မှုဖွင့်ဖို့ လာရောက်လေ့လာနေကာ အစိုးရချင်းဆက်ဆံရေးတိုးတက်လာပြီး ဖွံဖြိုးမှုတွေမှာ နည်းပညာနဲ့ ငွေကြေး အလုံးအရင်းနဲ့စတင် ကူညီလာတဲ့ အမေရိကန်နဲ့ အနောက်ကို ပေါ်တင် နှိပ်ကွပ်လာပါတယ်။
ပြည်ခိုင်ဖြိုးထဲမှာ အဲဒီလို ခံယူထားတဲ့ Cell တွေ ဘယ်လောက်များနေသလဲ. ။ပျံ့နှံ့နေပါသလဲ..။ ဗဟိုအလုပ်အမှုဆောင်တစ်ယောက်ရဲ့စကားဟာ အဖွဲ့အစည်းအပေါ် ဘယ်လောက် ကိုယ်စားပြုပါသလဲ..။
သေချာတာက မြစ်ဆုံကို ဆက်ဆောက်ရင်တော့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးဝင်ပြိုင်နေလဲ ပင်ပန်းရုံပါပဲ..။
မြစ်ဆုံကို ပိတ်လိုက်ခြင်းဟာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းရုံသာမက မဟာဗျူဟာအရ တရုတ်ကြီးရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေတဲ့အတွက် အမေရိကန်ရဲ့ Sanction ဖွင့်ပေးခြင်းကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တွေးတတ်သူတိုင်း သိကြပါတယ်။ Diplomacy ကို နားလည်သူတိုင်း အောက်က စကားတွေရဲ့ အကျီုးသက်ရောက်မှုကို သဘောပေါက်လောက်ပြီထင်ပါတယ်....။
**************************************************************** 
လေးစားဘွယ်ရာပါ..............
ပျော်ဘွယ်မြို့ ရန်ကုန်-မန္တလေးကားလမ်း အနောက်ဘက် ရဲစခန်း အရှေ့ဘက် လူနေ ၀ိုင်းထဲ ရောက်နေသော အာဇာနည်ကျောက်တိုင်အား
လူစုလူဝေးဖြင့် အလေးပြုခွင့်မရသဖြင့် ဦးအေးချို ( NLD တာဝန်ခံ ) တစ်ကိုယ်တည်း ပန်းစည်းချအလေးပြုခဲ့ပါတယ်..............
KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း
ဗိုလ်ချုပ်ဂွမ်မော်
ကချင်စစ်ပွဲ တစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့ကြား တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာလျက်ရှိချိန်တွင် ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂုန်မော်အား ၎င်းတို့ ထိန်းချုပ် ထားရာ ဒေသရှိ လိုင်ဇာမြို့ ကေအိုင်အေ ယာယီဌာနချုပ်တွင် ဇူလိုင်လ ၇ ရက်နေ့က
မြန်မာတိုင်း(မ်)သတင်းထောက်နန်းတင်ထွေးက တွေ့ဆုံမေးမြန်းထားသည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
* ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကေအိုင်အေတပ်တွေ ကို ထိုးစစ်မဆင်ဖို့ ပြောခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အစိုးရနဲ့ တပ်မတော်ရဲ့ ကြားထဲက အခြေအနေကို ဘယ်လို မြင်ပါသလဲ။
ထိုးစစ်မဆင်နဲ့လို့ ပြောတာက ကျွန်တော်တို့အနေနဲ့ သတင်းအရပဲ သိတာလေ။ တကယ်ထိုးစစ်မဆင်ဖို့ အမိန့်ပေးသလား၊ အမိန့်မပေးဘဲနဲ့ သတင်းက ထွက်လာသလားဆိုတဲ့အပိုင်းကို ကျွန်တော်တို့ သေချာမသိဘူး။
* သတင်းဝက်ဘ်ဆိုက်တစ်ခုရဲ့ အဆိုအရ ကေအိုင်ဘက်ကနေပြီး ဒီနှစ် ဧပြီလမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာတင်ထားရာမှာ အစိုးရဘက်ကနေ ခုချိန်အထိ တုံ့ပြန်မှုမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီသတင်း အပေါ်မှာရောဘယ်လိုထင်ပါသလဲ။
ဇန်န၀ါရီလ ၁၈-၁၉ အစည်းအဝေးမှာ ၀န်ကြီး ဦးအောင်သောင်း လက်ထဲကို ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင့်သုံးဆင့် ပါတဲ့စာတမ်းကို ထည့်လိုက်ပါတယ်။ ခု ကျွန်တော်တို့ အဓိကထားဆွေးနွေးနေတာလည်း ဒီစာအပေါ်မှာပါပဲ။ ဒီ proposal တစ်ခုကိုပဲ အဓိကတင်ထားတာပါ။ အခုထက်ထိ ဒီကိစ္စကိုဆွေးနွေးဖို့ ကြိုးစားနေတုန်းပါပဲ။ ဆွေးနွေးတဲ့ အဆင့် မရောက်သေးဘူးလို့ ပြောရမှာပေါ့။ ဆွေးနွေးကြမလား၊ ဘယ်လိုပုံစုံ ဆွေးနွေးကြမလဲဆိုတဲ့အပိုင်းကို ကြိုးစားနေကြတုန်းပါပဲ။ ဆွေးနွေးတဲ့အဆင့်ကို မရောက်သေးဘူး။
* လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်ထားတဲ့ သဘောထားဟာ အရင်အစိုးရနဲ့ ကွာခြားမှုရှိတယ်လို့ ဗိုလ်ချုပ် မြင်ပါသလား။
အရင်အစိုးရကတော့ တပ်မတော်ကနေ တိုက်ရိုက်တာဝန်ယူရတဲ့ အစိုးရဖြစ်တဲ့အတွက် ပုံစံတွေက အခုအစိုးရနဲ့ မတူပါဘူး။ လုပ်ပုံ လုပ်နည်းမတူသလို ရည်ရွယ်ချက်တွေကလည်း မတူနိုင်ဘူး။ အခုတက်လာတဲ့အစိုးရကတော့ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲပုံစံမျိုးနဲ့ တက်လာတဲ့အစိုးရဖြစ်တဲ့အတွက် ထိန်းသိမ်းရမယ့်တာဝန်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မြင်တာကတော့ လက်ရှိ တာဝန်ယူနေရတဲ့အစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေတယ်။ နည်းလမ်း ရှာဖွေ နေတယ်။ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒလည်း ရှိတယ်လို့ မြင်ပါတယ်။
* သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့ နောက် အရင်က အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခဲ့တဲ့ ကေအင်န်ယူနဲ့ တောင်ပိုင်းရှမ်း တပ်မတော် SSA တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးကြတယ်။ ဒါပေမယ့် ကေအိုင်အေ အနေနဲ့ ခုထိ သဘောတူညီမှုမရနိုင် သေးတဲ့အပေါ်မှာရော။
ကျွန်တော်တို့ဘက်က အပစ်အခတ် ရပ်စဲရေးတစ်ခုတည်းကို လက်မှတ်ထိုး မယ်ဆိုရင် လက်မခံနိုင်ဘူးလို့ တင်ပြထားတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကေအိုင်အေရဲ့ ခံယူချက်က ကျွန်တော်တို့ရဲ့ ပြဿနာတွေအားလုံးက နိုင်ငံရေးကနေ မြစ်ဖျားခံလာတယ်။ နိုင်ငံရေး အရ ဆွေးနွေးဖို့ သဘောတူညီရင် ကျွန်တော်တို့က တစ်ခါတည်း နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ချင်တယ်။ အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းပဲလုပ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆီကို မသွားနိုင်ဘူးဆိုရင် ဒီလက်မှတ်ရေး ထိုးမှုဟာ အသုံးမ၀င်တဲ့ လက်မှတ်ရေး ထိုးမှုတစ်ခု ဖြစ်သွားမှာလည်း ကျွန်တော်တို့ စိုးရိမ်တယ်။ ဒါကြောင့်မို့ တကယ်ပဲ ခိုင်ခိုင်မာမာ သဘောတူညီမှုတစ်ခု လုပ်ချင်တယ်။ သဘော တူညီမှုလို့ ပြောတဲ့ အခါမှာ အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းကိုမဟုတ်ဘဲနဲ့ အားလုံးကိုလွှမ်းခြုံ တဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင် မယ့်လမ်း ကိုရောက်မယ့် သဘောတူညီမှုမျိုး ဖြစ်ချင်တယ်။
* အပြောင်းအလဲကိုလိုချင်တဲ့အစိုးရ အနေနဲ့ ဘာကြောင့် ကချင်စစ်ပွဲဟာ တစ်နှစ်ကျော်အထိ ကြာလာရတယ်လို့ ဗိုလ်ချုပ် မြင်ပါသလဲ။
တိုက်ပွဲတွေဖြစ်လာရတဲ့အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။တိုက်ပွဲတွေဖြစ်လာရတယ်ဆိုတာက နိုင်ငံရေးအရ ဖြေရှင်း ဖို့ဆိုတဲ့နည်းလမ်းကို မရှာဘဲနဲ့ စစ်ရေးအရဖြေရှင်းမယ် ဆိုတဲ့နည်းလမ်းကို ရွေးလိုက်လို့ တိုက်ပွဲတွေ ဖြစ်လာရတာပဲဖြစ်တယ်။ အဲဒီ တော့ အခုစစ်ရေးအရဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကို အမြန်ရှောင်ရှားပြီး နိုင်ငံ ရေးအရဖြေရှင်းမယ်လို့ စဉ်းစားဖို့လိုပါ တယ်။
* လက်ရှိ ကချင်ပြည်နယ်မှာ ၁၇ (၁) ကို နှုတ်မိန့်ရုပ်သိမ်းထားတယ်ဆိုပြီး ပြောပါတယ်။ ဘာကြောင့် ရုပ်သိမ်းထားတာပါလဲ။ အဲဒီအမိန့်ကရော ဘယ်အချိန်ထိ အတည်ဖြစ်မလဲ။
ကျွန်တော်တို့လည်း သတင်းတွေမှာပဲ မြင်နေရတာ။ အဲဒီတော့ ၁၇(၁) ဆိုတာက နိုင်ငံတစ်ခုမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်တယ်။ အဲဒီတော့ ဒီဥပဒေကို နှုတ်မိန့်နဲ့တော့ ရုပ်သိမ်းလို့မရနိုင်ဘူး။ ဒါပေမယ့် ဒီ ၁၇(၁)ကို ဘယ်လိုအသုံးချသလဲ ဆိုတဲ့အပေါ်မှာပဲ အဓိက ထားပြီး ကြည့် ရမှာပါ။
* လတ်တလောကပဲ UN ကနေ ကလေးစစ်သားနဲ့ပတ်သက်ပြီး တရားဝင် လက်မှတ်ရေးထိုးတာတွေ လုပ်လာတယ်။ အဲဒီတော့ နောင်မှာ ကလေး စစ်သားတွေကိစ္စတွေ ဘယ်လိုဖြစ်လာမယ်လို့ ထင်ပါသလဲ။
ကလေးစစ်သားပြဿနာကတော့ ဘာဖြစ်လို့ ဒီကလေးစစ်သားတွေ ရှိလာရသလဲဆိုတဲ့အချက်ကို အရင်ဖြေရှင်းမှ ပြေလည်နိုင်မှာ။ လက်မှတ်ထိုးထားရုံနဲ့ မပြေလည်နိုင်ဘူး။ စနစ်တစ်ခုအောက်မှာ ကလေးစစ်သားဟာ အနည်းနဲ့အများ ရှိနေတာပဲ။ ကလေးစစ်သား ဆိုတာ ပုံစံ အမျိုးမျိုးနဲ့ ရောက်လာတာပဲ။ အဲဒီတော့ အားလုံးပပျောက်သွားအောင် ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် နည်းနိုင်သမျှနည်းအောင် အရင် ကြိုးစားဖို့က အရေးကြီးပါတယ်။
* ၂၀၁၅ ရွေးကောက်ပွဲကလည်း သိပ်မဝေးတော့ဘူး။ ဗိုလ်ချုပ်အနေနဲ့ ဘယ်လောက်ထိ အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်ထား ပါသလဲ။
၂၀၁၅ ဟာ တော်တော်ကိုအရေးကြီးပါတယ်။ နောက်တက်လာတဲ့အစိုးရဟာ လူထုကို တကယ်ကိုယ်စားပြုပြီး တော့၊ လူထုရဲ့ ဆန္ဒတွေကို ရှေ့တန်းတင် ပြီးတော့ နိုင်ငံအရေးကို စဉ်းစားမယ်ဆို ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အများ ကြီး အရှေ့ကိုရောက်သွား မယ်လို့မြင်တယ်။ အဲဒီလိုမဟုတ်ဘဲ ၂၀၁၅ မှာ တက်လာတဲ့အစိုးရဟာလည်း လူထု အရေးကို ရှေ့တန်းရောက်အောင်မတင် နိုင်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ မူလ နေမြဲတိုင်း ပုံစံအတိုင်းပဲရှိလိမ့်မယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ၂၀၁၅ ဟာ တော်တော်အရေးကြီး ပါတယ်။
* စစ်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ ကေအိုင်အေထိန်းချုပ်တဲ့ဒေသမှာ ဒုက္ခသည်ဘယ်လောက်ရှိနေပြီလဲ။
ဒုက္ခသည်အရေအတွက် ၅၀,၀၀၀ ကျော်သွားပါပြီ။ * မိုးရာသီလည်း ရောက်လာပြီဆို တော့ ဒုက္ခသည်တွေရဲ့အခြေအနေက ပိုပြီး ခက်ခဲလာတယ်လို့ ပြောကြတယ်။ ဗိုလ်ချုပ်အနေနဲ့ ဒုက္ခသည်တွေရဲ့အနေအထားကို သုံးသပ်ပေးပါဦး။ ဒုက္ခသည်တွေကတော့ တော်တော်လေး အခက်အခဲရှိတယ်။ စားရေး သောက်ရေး၊ ကလေးတွေရဲ့ပညာရေး အခက်အခဲရှိနေတယ်။ ဒီလိုအခက်အခဲ ရှိတာကို နိုင်ငံတကာကနေ အကူအညီရဖို့လည်း အခက်အခဲရှိပါတယ်။အဲဒီတော့ ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းများက ၀ိုင်းပြီးအကူအညီ ပေးနိုင်ရင် ဒုက္ခသည်တွေကိုကူညီရင်းနဲ့ လူထု အချင်းချင်းရှိတဲ့ ယုံကြည်မှုက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
* ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်အထိကချင်စစ်ပွဲနဲ့ပတ်သက်ပြီး တိတိကျကျထုတ်ဖော်ပြောမှု မရှိ သေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
သူဟာ ကချင်စစ်ပွဲရဲ့ အဖြေမဟုတ်ပေမယ့် အဖြေရအောင် ဦးဆောင်မယ့် အစွမ်းအစ သူ့ဆီမှာရှိတယ်လို့ ယုံကြည်တယ်။ ခုချိန်ထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောတာမျိုးမရှိသေးတာကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံးရဲ့ စီမံကိန်းတွေအရ စဉ်းစားတဲ့ အခါမှာ ကချင်အရေးက ဘယ်အချိန်မှာဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကလည်း သူစဉ်းစားနေမှာပါ။ ဒီလိုပဲ ကျွန်တော်တို့မြင်ပါတယ်။
(By-Myanmar Times)
Weekly Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက် hackခံရ
Weekly Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပြည်တွင်းအခြေစိုက်လွပ်လပ်သောမူဆလင်အဖွဲ့အစည်း Freedom For Muslims In Borma ဟု အမည်ခံသည့်အဖွဲ့အစည်းတစ်ခုမှ hacked လုပ်ထားသဖြင့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ရရှိတော့ခြင်း မရှိတော့ကြောင်း Weekly Express Times မှ သတင်းထောက်၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်း Weekly Express Times သတင်းဂျာနယ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ဘာသာရေးအရ ဖိနှိပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် မူဆလင်အဖွဲ့အစည်းအပေါ် ဖိနှိပ်ဆောင်ရွက်မှုများကို ဖိအားပေးရပ်တန့်ရန် သတိပေးချက်ဖော်ပြထား သည်။
သတိပေးချက်အောက်တွင် ၎င်းတို့၏ သတိပေးချက်ကို လိုက်နာဆောင်ရွက်ပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လက်စားချေခြင်းခံရမည်ဖြစ်ပြီး မိမိတို့ဘ၀ကို ကယ်တင်လိုပါက ၎င်းတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ခြိမ်းခြောက်ထားသည်ကို တွေ့ရှိရသည်။
ပြည်သူ့ခေတ် · 
မြောက်ဥက္ကလာတွင် လေဆင်နာမောင်းတိုက်
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် “ဌ“ ရပ်ကွက်တွင် ဇူလိုင်လ ၁၉ ရက် ည ၉နာရီ ၄၅ မိနစ်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေတစ်ရာခန့် ပျက်စီးခဲ့ပြီး မိသားစု ၃၀၀ ကျော် ထိခိုက် ဆုံးရှုံးကာ လူအသေအပျောက် မရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးကြွယ်က ပြောကြားသည်။ ယင်းလေဆင်နှာမောင်း ကြောင့် ဌ ရပ်ကွက် ခေမာကျောင်းလမ်း ၃၊ ၄၊ ၅၊ ၇၊ ၈၊ စကားဝါလမ်း ၊နှင်းဆီ ၁လမ်း၊ ၂လမ်း၊ ပတ္တမြားလမ်းတို့မှ လူနေအိမ်များ၏ ခေါင်မိုးများ လန်ထွက်ကုန်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။ ”ဓနိမိုး ထရံကာ အိမ်တစ်လုံးတော့ ပြိုသွားတယ်”ဟု ၄င်းက ဆိုသည်။ ”၀ုန်းကနဲဆိုပြီး ခဏလေးပဲ အကုန်လုံး ပါသွားတယ်”ဟု နှင်းဆီလမ်းတွင် နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။ ကောင်းကင်တွင် အနီရောင်ကြီး ပေါ်လာပြီးနောက် ငါးစက္ကန့်လောက်အတွင်း အမိုးများ အကုန်လုံး လန်ထွက်သွား သည်ဟု ၄င်းက ဆိုသည်။
The Voice Weekly
၂၀-၇-၂၀၁၂ သန်းကောင်ယံFacebook သတင်းများ
စစ်တွေမြို့ နောက်ဆုံး အခြေအနေ...
ယနေ့ညနေ ၆ နာရီအချိန်က မြန်မာ့ရေတပ်မတော်သည် စက်လှေများဖြင့် ခိုးဝင်လာသူ ( ဘင်္ဂလီများဟု ယူဆရ) ၉၇ ဦးအား ဖမ်းဆီးရမိပြီး နောက် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးက အဆိုပါ ဖမ်းဆီးရမိမှု သတင်းကို အတည်ပြု ပေးခဲ့ပြီး စစ်ဆေးနေဆဲ ကာလဖြစ်သည့်အတွက် အသေးစိတ် အခြေအနေများကို မပြောနိုင်သေးကြောင်း ဒုက္ခသည်များ မဟုတ်သည့်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။
လက်ရှိအခြေအနေတွင် နယ်မြေခံ စစ်ဖက်ရေးရာ ထောက်လှမ်းရေး များက ယိုးဒယားဘာသာစကား တတ်သူ စကားပြန်များ လိုက်ရှာနေသည်ဟုလည်း အတည်မပြုရသေးသော သတင်းများအရသိရသည်။
Zaw Lwin Win
***********************************************************************************************
ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ
ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။
ယင်းရောဂါကို စောစောစီးစီး အချိန်မီ ဆေးဝါး ကုသမှုမခံ ယူပါက နှစ်ကြာလာသည့် အခါတွင်မူ ရောဂါ ပိုမိုပြင်းထန်လာနိုင်သည်။ ဒါ့အပြင် သွေးလည်ပတ် မှုကောင်းမွန်ခြင်း မရှိ တော့ဘဲသွေးကြော ပိတ်၊သွေးကြော ကျဉ်း ရောဂါ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု များ သိသာစွာများပြားလာ ခဲ့သည်ဟု သိရ၏။ ယနေ့ စင်ကာပူ နိုင်ငံတွင် ကျောရိုးဆစ်နှင့် လည်ဆစ်ရိုး နာကျင်ကိုက်ခဲသူများ လစဉ် ဦးရေ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ရှိသည်ဟုဆို သည်။ သို့ဖြစ်လေရာ ကွန်ပျူတာနှင့် အလုပ်လုပ်သူများသည် အလုပ်လုပ်ပြီး ၁ နာရီကြာလာသည့်အခါတိုင်း ၁၀ မိနစ်ခန့်အနားယူ လမ်းလျှောက်ပေး ရပါသည်။ နေ့စဉ်လေ့ကျင့်ခန်း လုပ် ပေးရန် မမေ့သင့်ကြောင်း ကျန်းမာ ရေးသုတေသီများက သတိပေးနှိုး ဆော်ထားပါသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
Ref: C.S.T (Singapore
By Health Digest
*********************************************************************************************
ဦးအောင်သိန်းလင်း လွှတ်တော်ထဲက ထွက်ရမှာလား
တရုတ်ပြည်က စာစောင်တခုနဲ့ အင်တာဗျူးမှာ ရဲရဲတောက် ပြောကြားခဲ့တယ် ဆိုတဲ့ ဦးအောင်သိန်းလင်းရဲ့ ဒိုင်ယာလော့တွေကို အွန်လိုင်းမှာ ဖတ်မိသူများ အကြီးအကျယ် အံ့အားသင့်နေကြပါတယ်။
ဒီလို ပြောဆိုတတ်သူတယောက်က ဘာကြောင့် လွှတ်တော်ထဲ ရောက်နေတာလဲ ဆိုပြီး တချို့က မေးခွန်း ထုတ်နေကြပါတယ်။
တချို့ကလည်း သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။
ဒါဆို ဦးအောင်သိန်းလင်း လွှတ်တော်ထဲကနေ အထုတ် ခံရမှာလား။ နည်းလမ်း ရှိတယ် ဆိုတော့လည်း ကြိုးစားကြဖို့ လှုံ့ဆော်မှုတချို့လည်း ထွက်ပေါ်နေပါပြီ။
Forum for Democracy in Burma (FDB) အဖွဲ့ကတော့ သူတို့ရဲ့ ဖေ့ဘုတ် http://www.facebook.com/media4fdb မှာ အခုလို တိုက်တွန်းထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်များက ပြန်လည်ရုတ်သိမ်းလို့ရပါတယ်။
အခန်း (၈) နဲ့ (၉ )မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
ဦးအောင်သိန်းလင်းရဲ့ မဲဆန္ဒနယ်မှ ပြည်သူများက လက်မှတ်များ ရေးထိုးပြီး ကော်မရှင်ထံ တိုင်ကြားကြပါခင်ဗျား။
ဆက်စပ် ဖတ်ရှုရန် - ပြည်သူကိုအရူး ဟုအင်တာဗျူးတစ်ခုတွင် ဦးအောင်သိန်းလင်းပြော
Friday, July 20, 2012
မြန်မာ့ပထမဆုံး အွန်လိုင်းမှ ဈေးဝယ်ခြင်းကို AGD ဘဏ်မှ စတင်မည်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ စတင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ဇူလိုင် ၁၆ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အင်တာနက်တွင် ဈေးဝယ်ယူခြင်းကို စမ်းသပ်တည်ဆောက် ရေးဆွဲမှုများ ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းနောက် စမ်းသပ်၍ သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့လည်း အဆိုပါ စနစ်ကို ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စမ်းသပ်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ၎င်းတို့အား ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ ယင်းကြောင့် မကြာတော့သည့် ကာလအတွင်း အများပြည်သူတို့ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို စတင်နိုင်ပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကော်လိုယာဒို အော်ရိုယာ ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေဆုံး ၊ ၅၀ ဒဏ်ရာရ
Century 16 Auora Denver
မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာသူ အများ စု အခြေချနေထိုင် သည့် အမေရိကန် နိုင်ငံ ကော်လို
ယာဒို ပြည်နယ် အော်ရိုရာ မြို့  ရှိ Century 16  ရုပ်ရှင် ရုံ တွင် ယမန်နေ့  ညက Batman ရုပ်ရှင်
ကား တွဲ ၏ ဇာတ်လမ်းသစ် ဖြစ်သည့် Dark Knight Rise ရုပ်ရှင် ကား ကို ရုံ တင် ပြ သနေ ချိန်
တွင် ပြစ်ခတ် မှု ဖြစ်ပွား ခဲ့ ရာ ၁၄  ဦး သေဆုံး ပြီး ၃၈ ဦးဒဏ်ရာ ရရှိသည်။
ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ၏ ရုပ်ရှင်ကား စတင် ပြ သနေ ချိန် ပထမ ဦးဆုံးဇာတ် ၀င်ခန်း ဉ်
Batman ရုပ်ရှင် ဇာတ်လမ်းထဲ မှာ ဇာတ်ကောင် တစ်ဦး ပုံစံ တု ပ ၀တ်ဆင် လာသည့် ပစ်ခတ်
သူ သည် လေထဲ သို့  ဓာတ်ငွေ့  သို့  မဟုတ် မျက် ရည် ယို ဗုံး ကို ပစ်ထည့် ပြီး နောက် အသင့် ပါ
လာသည့် ရိုင်ဖယ် သေနတ် ဖြင့် ရုံ တွင် ရှိ လူ များ ကို ပစ်ခတ် ခြင်း ဖြစ်သည်။
” တကယ့် ကို ထိတ်လန့်  စရာ ပါ ပဲဗျာ ၊ အစတော့ ရုပ်ရှင် ကား ရဲ့  တင်ဆက် မှု တစ်ခု ရုံ ထဲ မှာ
လုပ် တယ် လို့  တောင် ထင် ခဲ့ တာ ၊ ငရဲ ပွက် သလို ပါပဲ ၊ ကျွန်တော် လည်း နောက် လှည့် မကြည့်
တော့ ဘဲ တန်း ကျော် ပြီး ထွက် ပြေးတာ ဗျို့  ” ဟု မျက် မြင် ကြုံခဲ့ ရသူ တစ်ဦးက
ABC သတင်း ဌာန ကို ပြောသည်။
သေနတ်သမားသည် ပစ်ခတ် မှု စတင် ချိန် ဉ် ဓာတ်ငွေ့  ကာ မျက် နှာ ဖုံး ကို တပ်ဆင် ထား သည် ဟု
သိရသည်။
သေနတ် သမား ဟု သံသယ ရှိသည့် James Holmes အမည်ရှိ  အသက် ၂၄ နှစ် အရွယ် အော်ရိုရာ
ဒေသခံ တစ်ဦး ကို ကား ရပ်နား သည့် နေရာ တွင် ရဲက သောကြာ နေ့ နံနက် ၁၂း၃၀ နာရီ တွင်
ဖမ်းဆီး မိခဲ့ သည်။ ဖမ်းဆီး မိချိန် ဉ် သူ့ တွင် AK အမျိုး အစား သေနတ် ရိုင်ဖယ် နှင့် ဓားတစ်ခု ကို
ရှာ ဖွေ တွေ့  ရှိသည် ။ အခြား သေနတ် တစ်လက် ကို မူ ရုပ်ရှင် ရုံ ထဲ ဉ် သိမ်းဆည်း ရမိသည်။
ယခု ပစ်ခတ် မှု သည် အကြမ်းဖက် လှုပ်ရှားမှု များ  နှင့် ဆက်နွယ်ပတ် သက် မှု ကို မတွေ့  ရ သေး
ဟု သိရသည်။
ကောလိုယာဒို ပြည်နယ် အော်ရိုယာ မြို့  တွင် မြန်မာ နိုင်ငံ မှ ရွှေ့ ပြောင်းလာ သူ ၅၀၀၀ ကျော်ခန့် 
နေ ထိုင် သည် ဟု သိရသည်။  အော်ရိုယာ မြို့  သည် ပြည်နယ် မြို့ တော် ဒင်ဗာ ၏ အရှေ့ ဘက်
တွင် ရှိ ပြီး လူ သုံးသိန်း ကျော် အခြေ ချ နေ ထိုင်သည်။
၁၉၉၉ ခုနှစ် က ဖြစ် ပွား ခဲ့ သည့် လူ ၁၂ ဦး သေဆုံး ခဲ့ သည့် နာမည် ကျော် ကိုလံဘိုင်း အထက်တန်း
ကျောင်း သည် လည်း ယခု ပစ်ခတ် မှု ဖြစ် ပွား သည့် နေရာ နှင့် ၁၃ မိုင် ခန့်  အကွာ တွင် ရှိသည်။
မြန်မာ့ အပြောင်းအလဲအတွက် Quality က Speed ထက်ပိုအရေးကြီးကြောင်း ဒဲရစ်မစ်ချယ်ပြောကြား
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ မှတ်ချက်စကား
မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် speed(လျှင်မြန်ခြင်း) ထက် quality (အရည်အသွေး)ကို ပို၍ အရေးကြီး ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မကြာမီက ခန့်အပ်ခြင်းခံထားရသော မစ္စတာ ဒဲရစ်မစ်ချယ် ကပြောကြား လိုက်သည်။
ယင်းနှင့် စပ်လျဉ်း၍ ယနေ့ (ဇူလိုင်၂၀)တွင် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်ကတော့ လုပ်စရာ အလုပ်တွေထက် အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေတော့ မထားလိုပါဘူး ပြောချင်တာ ကတော့ အစိုးရအတွက် speed က အဓိကမဟုတ်ပါဘူး quality ကအဓိကဖြစ်ပါတယ် တစ်ခါ တရံမှာ မြန်လွန်းတာကလည်း ရန်သူလို အန္တရယ်ပေးတတ်ပါတယ် ကျွန်တော်တို့ အနေနဲ့ကတော့ အပြောင်းအလဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အရာတွေ ကို သေသေချာချာဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို လုပ်နေ ပါတယ် " ဟု ယင်းကပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာတစ်ခုက မစ္စတာဒဲရစ်မစ်ချယ် အနေဖြင့်နှစ်၂၀အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာရာ မြန် မာနိုင်ငံနှစ်စပ်လျဉ်းပြီး မည်သည့်လုပ်ငန်း ကိုကနဦး ဦးစားပေးအဖြစ်ဆောင် ရွက်မည်နည်းဟုမေးမြန်းရာတွင် သံအမတ်ကြီးကထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
Yangon media group
                                              မူရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
P R E S S R E L E A S E
U . S . E M B A S S Y R A N G O O N
1 1 0 U n i v e r s i t y A v e n u e , K a m a y u t T o w n s h i p , R a n g o o n , B u r m a
Remarks by Ambassador Derek J. Mitchell
As prepared for delivery
Friday, July 20
Thank you all very much for coming today. Before I get to an announcement, I wanted toconvey first my deep gratitude for the warm welcome I have received here from citizens andcolleagues since arriving 10 days ago on July 11. It has been an eventful and perhaps historic10 days, and I have to say I’m already a bit tired! But there is so much work to do.
 I wantedto express my particular gratitude to President U Thein Sein and his government for movingso rapidly to allow me to present my credentials as U.S. Ambassador immediately upon myarrival. 
 I know this is rather unprecedented and extraordinary, and I want to make sure they
know of my – and my government’s – appreciation for their flexibility and responsiveness. Ithas allowed me to get right to work this past week.As you have heard from press reports, Secretary Clinton and President Thein Sein met last
Friday in Siem Reap. Secretary Clinton underscored U.S. support for the on-going reformefforts here, and expressed excitement for what lies ahead. The meeting between SecretaryClinton and President Thein Sein is a demonstration of the continued positive momentum inour bilateral relationship and increasing cooperation between our two countries. On July 11,the United States eased sanctions to allow American companies to do business in thiscountry. 
We believe that responsible investment will serve the long-term economic interests
of both our peoples. Here, we believe investment, done according to traditional U.S.
corporate principles and values, can contribute to broad-based economic development, helpcreate jobs, improve the welfare of the people of this country, and support continuedeconomic and political reform and national reconciliation.A critical component of responsible investment, and of democracy more broadly, is
transparency. The United States has required American companies doing business here toreport on their activities in line with the highest standards of international corporate
governance. In fact, this reporting requirement is unprecedented for anywhere else in theworld our companies do business. We believe this requirement serves our mutual interest indemonstrating the unique quality of our companies around the world and their commitment tobe partners in your reform process. We also hope the information will help empower civilsociety to take an active role in monitoring all new investment that flows into the country.
Economic transparency is particularly critical in extractive industries, because of the amountof money involved, and because state-owned companies like Myanmar Oil and GasEnterprises are entrusted with the management of this nation’s patrimony, its naturalresources. To that end, we have special requirements for US companies involved with stateownedenterprises, including MOGE.
In addition to increasing our investment, we are also serious about increasing our
development and humanitarian assistance. As announced in April, we are reopening ourUSAID mission and expanding our USAID program here. Two weeks ago, on July 5th, weannounced $3 million in assistance to support efforts to deal with humanitarian needs inRakhine and Kachin States, and disaster risk reduction projects across the country. Today, Ican announce we are providing $3 million in food assistance to displaced people in Kachinand northern Shan States.Through USAID's Office of Food For Peace, we are donating this $3 million dollars to the
World Food Program. With this contribution, WFP will purchase approximately 3,400
metric tons of rice, which will help feed 55,000 people for six months. WFP will distributethis rice to displaced persons in Kachin and northern Shan States, in government controlledareas as well as in areas not controlled by the government. As always, our core principle is toprovide help where it is needed and to be inclusive in our assistance, providing support to thepeople of Burma whatever ethnic or religious group. Once stood up, our USAID mission willcontinue to look for ways to support both immediate needs and longer-term goals in thecountry, including initiatives to promote civil society and democratic development, healthneeds, and other efforts in partnership with all relevant actors in this diverse society.
Thank you for listening. I can take a few questions.
မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲသင့်ပြီ
၂၀ ဇူလိုင် ၂၀၁၂။
 မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲသင့်ပြီလို့ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စတင်ပြီး မန္တလေးမြို့ Oriental House ခန်းမမှာ ကျင်းပတဲ့ လူငယ်ပြုစုပျိုးထောင်ရေးပညာရေးဆွေးနွေးပွဲမှာ တညီတညွတ်တည်း ပြောကြားကြပါတယ်။ ပညာရေးစနစ်ပြောင်းလဲနိုင်ဖို့ မြန်မာနိုင်ငံ မန္တလေးမြို့ ဗဟိုပြု ပညာရေးပြုပြင်ပြောင်းလဲမှု အခြေခံ မူကြမ်းကို စုပေါင်းရေးဆွဲနိုင်ဖို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ဒီမိုကရေစီပါတီနဲ့ နိုင်ငံရေးပါတီများ၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေဆိုင်ရာပညာရှင်များ ဦးဆောင်တဲ့အဖွဲ့များက စုပေါင်းတိုင်ပင်ညှိနှိုင်းကြပြီး အစိုးရအဖွဲ့ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ပြောင်းလဲရေး တွေလုပ်ဆောင်သွားဖို့ စီစဉ်တာလည်းဖြစ်ပါတယ်။ မနက်တစ်ပိုင်းမှာကျောင်းတက်ပြီး ညနေပိုင်းမှာ အသက်မွေးဝမ်းကျောင်းပညာသင်တဲ့စနစ်ကိုလည်း တင်ပြတာရှိပါတယ်။
DVB
ညနေခင်း Facebook သတင်းများ
င်္ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီးဟောင်း မောင်အေး ကျန်းမာရေး ပြန်ကောင်းလာပြီ ဖြစ်ကြောင်း မြန်မ့ာတပ်မတော် ဆေးတပ်အသိုင်းဝိုင်းကတဆင့် သိရပါတယ်။ ဒုတိယဗိုလ်ချုပ်မှုးကြီးဟောင်း မောင်အေးဟာ ဇူလိုင်လ ၈ ရက်နေ့က ဂေါက်သီးရိုက်နေစဉ် ကျန်းမာရေးဆိုးလာတဲ့အတွက် နေပြည်တော် တိုက် ချောင်း ကုတင် ၁၀၀၀ စစ်ဆေးရုံကို တက်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၉ ရက်ညနေပိုင်းမှာ စင်င်္ကာပူနိုင်ငံကို ပို့ဆောင် ခဲ့တာပါ။ အသည်းခြောက်ရောဂါ ခံစားနေရပေမဲ့ အခုတော့ ကျန်းမာရေးပြန်ကောင်းလာပြီလို့ ဆေးတပ်အသိုင်း အ၀ိုင်းက ပြောပြခဲ့ပါတယ်။
*******************************************************************************************
Yangon Media Group
စစ်တွေ သဲချောင်းရွာတွင် ပဋိပက္ခဖြစ်ပွား သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့
==========================================
စောမြင့်သန်း(ပေါက်တော)
==========================================
့ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သဲချောင်းကျေးရွာတွင် ယနေ့ညနေ ၃နာရီခွဲခန့်က လုံခြုံရေးတာဝန်ယူနေရသော ဝန်ထမ်းများနှင့် ဘင်္ဂလီများ ပဋိပက္ခ အနည်းငယ် ဖြစ်ပွားခဲ့သဖြင့် သေနတ်ပစ်ဖောက်ကာ လူစုခွဲလိုက် ရကြောင်း သိရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ဘင်္ဂလီများသည် ၀တ်ပြုပြီးအပြန်တွင် လူစုလူဝေး မပြုလုပ်ဘဲ အေးအေးဆေးဆေး အိမ်ပြန်ရန် တာဝန်ရှိသူများက ပြောကြားခဲ့သည်ကို လက်မခံဘဲ လူအုပ်စု ပိုမိုများလာေ အာင် ဆောင်ရွက် သဖြင့် သေနတ် ပစ်ဖောက် ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့က သောကြာနေ့ဖြစ်နေတဲ့အတွက် ၀တ်ပြုပြီးအပြန်မှာ သူတို့ကို အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ပြော ပါတယ် လက်ရှိဆိုရင် လည်း စစ်တွေမြို့မှာ ပုဒ်မ ၁၄၄ က ရှိနေသေးတာမို့ ငါးဦးထက်ပိုတဲ့ လူစုလူဝေးတွေ၊ ညမထွက်ရ အမိန့်တွေက တည်ဆဲဥပဒေ အရ ရှိနေသေးတာမို့ တာဝန်ရှိသူတွေက သူတို့ကို ဗလီကအပြန်မှာ လူမစုဘဲ ပြန်ကြဖို့ ပြောတာကို မလိုက်နာ တဲ့အတွက် နယ်မြေလုံခြုံရေးကို တာဝန်ယူထား ရတဲ့ ၀န်ထမ်းတွေ က သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်ရတာဖြစ်ပါတယ် " ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Flower News Journal သို့ပြောကြားသည်။
ထိုသို့ သေနတ်ပစ်ဖောက်ကာ လူစုခွဲလိုက်ရသဖြင့် ဘင်္ဂလီ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အဆိုပါ လူနာများကို ယခုအခါဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
******************************************************************
>ချက်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ မြန်မာအစိုးရတို့အကြား သဘောတူထားတဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အစီအစဉ်အရ အသက် ၁၈ နှစ်အောက် မြန်မာကလေး ၃-ဥိး ချက်သမ္မတနိုင်ငံမှာ ဆေးကုသမှုခံယူဖို့အတွက် ဇူလိုင်လ ၁၉ ရက်နေ့က ပရပ်မြို့ ကို ရောက်ရှိလာကြောင်း CTK သတင်းမှာ ရေးထားပါတယ်။ အဲဒီကလေး ၃ ဥိးကို မြန်မာနိုင်ငံကပြန်လာတဲ့ ချက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးလေယဉ်နဲ့ တပါတည်း ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မြန်မာကလေး ၃ ဥိးဟာ ပြင်းထန်တဲ့နှလုံးရောဂါ ခံစားနေရတာကြောင့် ပရပ်မြို့ က Motol ဆေးရုံကြီးမှာ ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးကို ကျွမ်းကျင်ဆရာဝန်နဲ့ ခေတ်မီပစ္စည်းကိရိယာတွေ မရှိတာကြောင့် မြန်မာ နိုင်ငံက ဆေးရုံတွေမှာ ပြုလုပ်ဖို့ မလွယ်ကူကြောင်း CTK သတင်းမှာ ရေးသားထားပါတယ်။ 
*******************************************************************
လှည်းခူး ၊ မင်းကုန်း
ဒီဘကြီး ရဲ့လယ်ထဲမှာ ရာဘာပင်တွေ ၀င်စိုက်တော့ ဘာလုပ်တာလဲလို့ သွားမေးတယ်။ သူဌေးစိုက် ခိုင်းလို့ စိုက်တာလို့ အလုပ်သမားတွေက ပြောတယ်။ မလုပ်ကြနဲ့ အဘတို့လယ်တွေလို့ ပြောတော့ ကျွန်တော်တို့ကိုလာမပြောနဲ့ သက်ဆိုင်ရာကို သွားတိုင်ဆိုတဲ့ မခန့်လေးစားပုံစံမျိုးပြောတယ် ရပ်ရွာလူကြီးကို သွားပြောတော့ လယ်ထဲမှာ စိုက်ထားတဲ့ ရာဘာတွေကိုတော့ ပြန်နှုတ်ပေးသွားတယ်။ ကုန်းမြင့် ခြံထဲမှာ သရက် ၊ ပိန်းနှဲတွေ စိုက်ထားတာကိုတော့ အခုဝင်ရှင်ပြီး အတင်းဝင်စိုက်နေတယ် ... ရပ်ရွာလူကြီးကို ထပ်ပြီးသွားပြောတော့ လယ်ကိစ္စပဲ ရှင်းပေးနိုင်မယ် ကျန်တာ လုပ်ပေးလို့ မရဘူးတဲ့ ... ဥပဒေအသစ် လဲထွက်နေပါပြီ ... မြေလွတ် မြေလပ်တွေ မှာ တောတိုးပြီး သွားရောက်လုပ်ကိုင် စားသောက်နေသူတွေကို အလွတ်မဲ့ လူပါးဝလို့ မရတော့ပါဘူး .... အခုထိတော့ ၀နေပါသေးတယ်။ လက်ညှိုးထိုးရောင်းစားသွားသူကို အရေးယူပေးဖို့ တောင်သူတွေက တောင်းဆိုပါတယ်။ သူတို့ ခြံတွေထဲမှာ ၀င်စိုက်ပြီး သူတို့ကိုြိခိမ်းခြောက်သွားပုံတွေကိုလဲ ပြောပြပါတယ်။ အပင်တွေကို ကျွဲတွေနွားတွေ ၀င်လို့ ပျက်စီးရင် လျော်ရမယ် ... ဖျက်စီးရင် ဖမ်းမယ် စီးမယ်အထိ လူပါးဝနေကြောင်း ....................
စစ်တွေမြို့ မင်းဂံ ရပ်ကွက် တိုက်ခိုက်ခံရ
July 20, 2012 at 5:07 pm
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရှိ ရပ်ကွက်တချို့ကို မွတ်ဆလင် လူအုပ်စု တစ်ခုက  ယနေ့ ညနေပိုင်းတွင် ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။
ဗလီမှ အဆင်းတွင် ယခုကဲ့သို့ အုပ်စုလိုက် ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မင်းဂံ ဒေသခံတဦးက ယခုကဲ့သို့ပြောသည်။
“ ဖြစ်တာက ၂ နာရီကျော်ကျော်မှာဖြစ်တာပါ။ ဘင်္ဂလီတွေက မင်းဂံအကွက် ၁၁နဲ့ ၁၂ ကိုဝင်တာပါ။ အဲဒီကြားမှာ ပညာမဂ္ဂင်ကျောင်းဆိုတာ ရှိတယ်။ အဲဒီ ကျောင်းအနီးက ဗလီမှာ ဒီနေ့ သောကြာနေ့ဆိုတော့ ဗလီတက်လို့ အဆင်းမှာ ၀င်ရောက် တိုက်ခိုက်တာ  ဖြစ်ပါတယ်” ဟု ပြောသည်။
မင်းဂံအကွက် ၁၁ ဘက်မှ တက်လာသည့် လူအုပ်မှာ ၁၀၀ ခန့်နှင့် အကွက် ၁၂ ဘက်မှ တက်လာသည့် လူ လုပ်မှာ ၁၀၀ ရှိပြီး အကွက် ၁၀ ဘက်မှလည်း ၅၀ ခန့်ရှိသည်ဟု မျက်မြင်များက ပြောသည်။
ယခုကဲ့သို့ ဘင်္ဂလီများ လူအုပ်နှင့်ဝင်လာသည့်အတွက် လုံခြုံရေး ယူထားသော လုံထိန်း တပ်ဖွဲ့မှ သေနတ် ပစ်ဖောက် ဟန့်တားခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် အခင်း ဖြစ်ပွားရာသို့ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး  ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဖြစ်ပွားခဲ့သည့် ဆူပူမှုတွင် ထိခိုက်ဒဏ်ရာရသူတချို့ရှိသော်လည်း အသေးစိတ်ကို မသိရှိရသေး ကြောင်း ဒေသခံများက ပြောသည်။
စစ်တွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တိုက်ခိုက်မူ ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း ပြောကြားပြီး ထိခိုက်ဒဏ်ရာ ရသူ ရှိမရှိကို မသိရှိရသေးကြောင်း ပြောကြားသည်။
မောင်အေး (နိရဉ္စရာ)
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်း
က စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင်
နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရခိုင်ပြည်
နယ်နှင့် ကယားပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့ တွင် နေရာအနှံ့ 
အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့ တွင် ဒေသအလိုက်မိုးကြီးခဲ့ပါ
သည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ငါးသိုင်းချောင်းမြို့ တွင်(၃.၇၄)လက်မ၊ သံတွဲမြို့ တွင်(၃.၅၅)
လက်မ၊ မြောင်းမြမြို့ တွင်(၃.၅၀)လက်မ၊ ပူတာအိုမြို့ တွင်(၂.၇၉)လက်မ၊ ဟင်္သာတမြို့ တွင်(၂.၇၆)
လက်မနှင့် ညောင်လေး ပင်မြို့ တွင်(၂.၇၂)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား
အလွန်ကောင်းနေပါသည်။
မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း
ဒေသကြီးတို့တွင်နေရာကွက်ကျား၊ ချင်းပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြား
မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ် တွင်ဒေသ အလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးတို့ တွင်
နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်း
များကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)အထိ
တိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်မုတ်သုံလေဆက်လက်အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။
ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
၁၉.၇.၂၀၁၂
သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တိုက်ပွဲဖြစ် လမ်းညွှန်ပေါ်တာအားပစ်သတ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အခြေစိုက်သည့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်သောကြောင့် လမ်းညွှန်အဖြစ်ချောဆွဲခံရသည့် ဒေသခံတဦးအား အစိုးရတပ်မှ ပစ်သတ်လိုက်ကြောင်း ဒေသခံသတင်းရပ်ကွက်မှကြားသိရပါသည်။
SSPP_soldierSSPP/SSA ၏ကွန်မန်တိုတပ်သား (ဓါတ်ပုံ- Sai Pawn Li ဖေ့စ်ဘုခ် )
“အဲဒီရွာဒေသခံနှစ်ယောက်ပေါ့။ လမ်းညွှန်အဖြစ် ပေါ်တာဆွဲခံသွားရတဲ့ တယောက်က တိုက်ပွဲဖြစ်တဲ့ နေရာ မှာဘဲ ဗမာတပ်က ပစ်သတ်လိုက်တာ၊ လယ်သမား စိုင်းဆော တော့ အခုထက်ထိမလွှတ်လာသေးဘူး။ သူ့မိသားစုက ငိုယိုနေတယ်။ ရိုက်သတ်ခံရပြီလို့ သတင်းထွက်နေလို့ အခုသူ့တို့စစ်ကြောင်းသွားရာ နောက်ကိုလိုက်ပြီး အလောင်း လိုက်ရှာနေတယ်” - ဟု သီပေါမြို့ခံတဦးကပြောပါသည်။
ဂျူလိုင် ၁၈ ညနေပိုင်း အစိုးရ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ လက်အောက်ခံ အမှတ် ၄၁ ခြေလျင် တပ်ရင်းက နားဖျန်းရွာသား စိုင်းမောင် အသက် ၂၂ အား ချောဆွဲကာ လမ်းပြ အဖြစ်စေခိုင်းခဲ့ကြောင်း၊ သျှမ်း ပြည်တပ်မတော် တပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲဖြစ်သည်နှင့်တပြိုင်နက် စိုင်းမောင်အား အစိုးရတပ်က သျှမ်းတပ် ဖွဲ့ ဝင်အမာခံလူဟုဆိုကာ အဆိုပါနေရာ၌ပင်ပစ်သတ်လိုက်ကြောင်း၊ ထို့အတူ အနီးရှိ လယ်ထွန်နေသော စိုင်းဆော ၃၈ နှစ်အားလည်း ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားရာ ယနေ့အထိပင် လွှတ်မြောက်လာခြင်းမရှိ သေးကြောင်း ဒေသခံရပ်မိရပ်ဖများနှင့် နီးစပ်သည့် အဆိုပါသီပေါသားတဦးက ပြောပါသည်။
“သီပေါမြို့ နားဖျန်းရွာဘက်မှာရှိတဲ့ကျနော်တို့လူရှိတဲ့နေရာကို သတင်းရပြီးတက်တိုက်တာ၊ အသေအပျောက် စာရင်းကတော့မသိဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
အစိုးရတပ် တပ်ကြပ်အဆင့် ဆေးမှူးတယောက်အပါအဝင် ၁၀ ယောက်ထက်မနည်းကျဆုံးပြီး ၁၅ယောက် ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအနက် ဗိုလ်ကြီးတဦးက အပြင်းအထန်ဒဏ်ရာရှိကြောင်း သီပေါမြို့ ကျန်းမာရေးအသိုင်းအဝိုင်းကပြောပါသည်။
တိုက်ပွဲမဖြစ်မီ လားရှိုးရှိ သျှမ်းပြည်တပ်မတော် ရုံးတာဝန်ခံက ရမခ တိုင်းစစ်ဌာနချုပ်အား အဆိုပါဒေသ တောပိုင်း၌ သျှမ်းတပ်များအခြေချ လှုပ်ရှားနေသောကြောင့် ရွာအရှေ့ဘက် မကျွံရန် သတင်းပေးပို့ထား ကြောင်း လက်ရှိဖြစ်ခဲ့သောတိုက်ပွဲအရလည်း အစိုးရတပ်ဘက်က နယ်ကျွံ ရန်ရှာတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဌာနချုပ်မှ အမည်မဖေါ်လိုသူ အရာရှိငယ်တဦးကလည်းပြောပါသည်။
၂၀၁၃ မှာ ထင်ရှားလား မယ့် ပြက္ခဒိန် ကြော်ငြာ မော်ဒယ်များ
 ပြက္ခဒိန် နှင့် ပိုစတာ စတား ၀တ်မှုန်ရွှေရည်
သင်္ကြန် ကာလ နှောင် ပိုင်း မှ စပြီး သြဂုတ် လနှောင်းပိုင်း ထိသည် အင်္ဂလိပ် နှစ် သစ် အတွက်
ပြက္ခဒိန် ဓာတ်ပုံ ရိုက် ကူး သော ကာ လ ဖြစ်သည်။ ဓာတ်ပုံ ဆရာ နှင့် မော်ဒယ် များ သည် ပြက္ခ
ဒိန် ဓာတ်ပုံ များ ထုတ် ဝေ နိုင် ရေး အတွက် Indoor / Outdoor ဖြင့် ပျားပန်း ခတ် မျှ ရိုက်ကူး
ရသည်။
ပြက္ဒဒိန် စီးပွား ရေး လုပ်ငန်း ပေါ်ဦး စ ကတည်း ကရှိ ခဲ့ သော်လည်း ၂၀၀၀ ပြည့် နှစ် နောက် ပိုင်း
တွင် ကြီးထွား လာသည့် စီးပွား ရေး လုပ်ငန်း ကြီး တစ်ခု ဖြစ်လာ ခဲ့ သည့် ၂၀၁၁ ခုနှစ် တွင်
ကြွေ ချော ၊ လေးရောင် ဖြင့် နာမည် ကျော် ဓာတ်ပုံ ဆရာ ၊ နာမည် ကျော် မော်ဒယ် သရုပ်ဆောင်
တို့  ပါ ၀င်သည့် ပြက္ခဒိန် ဈေး များ မှာ ၃၀၀၀ မှ သည် ၇၀၀၀ ကျော် အထိ ရှိသည်။
မော်တော် ကား ဖြင့် တွဲဖက် ရိုက် ကူး သည့် မော်ဒယ်(လ) များ ၏ ပြက္ဒ ဒိန် များ ကို လူငယ်များ
က နှစ် သက် ကြ ပြီး ၊ မြန်မာ ဆန်ဆန် ၀တ်စား ဆင် ယဉ်ကာ ရိုက် ကူးထားသည့် ပိုစတာ ၊ ပြက္ခ
ဒိန် များ ကို မူ နိုင်ငံ ခြား သို့  ပို့ ရန် နှင့် လက်ဆောင် ပေး ရန် အတွက် ၀ယ်ယူ ကြသည် ဟု ရွှေ
မြန်မာ ပြက္ဒဒိန် လုပ်ငန်း မှ တာဝန် ရှိသူ တစ်ဦး က FNG ကို ပြောသည်။
နာမည် ရ စ မော်ဒယ်(လ) နှင့် သရုပ်ဆောင် အချို့ မှာ လည်း ပြက္ခဒိန် ကြော် ငြာ ဓာတ် ပုံ များ
ဖြင့် ပင် လူ ကြိုက်များ သည့် အဆင့် ကို ရောက် ရှိ လာ ခြင်း ဖြစ်သည် ဟု ရူဘီ ကြော်ငြာ နှင့်
ဓာတ်ပုံ လုပ်ငန်း မှ ကိုအောင်ထွန်းဦး က FNG ကို ပြောသည်။
ပုံ တစ်ပုံ ပါ ကြော် ငြာ များ အတွက် နာမည် ကြီး သရုပ်ဆောင် များ ကို ငှား ရာ တွင် တစ် ပုံ ရိုက်
ကူးခ ဈေးဖြင့် ငှား ရမ်း ၍ မရ နိုင် ပဲ ပုံ ၅၀ ၊ ၁၀၀ စသည်ဖြင့် စာချုပ် ဓာတ် ပုံ ရိုက် ကူး ပြီး နောက်
အခြား ပြက္ခဒိန် ၊ ပိုစတာ ထုတ် သူများ နှင့် အစိုး ရ အဖွဲ့  ၀န်ကြီးဌာန စသည့် ပြက္ခဒိန် များ အတွက်
ပါ ပြန်လည် သုံး ရသည် ။
နေတိုး ၊ ဟိန်းဝေယံ ၊  ပြေတီဦး စသည့် အမျိုး သား သရုပ်ဆောင် များ မှာ လည်း ပြက္ခဒိန် ဈေး
ကွက် တွင် ပရိသတ် နှစ်ခြိုက် ကြ သည်။
သရုပ်ဆောင် ၊ မော်ဒယ်(လ)  မင်းသား ၊ မင်းသမီး များ ၏ ဓာတ်ပုံ ပြက္ခ ဒိန် များ ကဲ့ သို့  ပင်
ပုဂံ ၊ ညောင်းဦး ၊ အင်းလေး ၊ ကျိုက်ထီးရိုး စသည့် သဘာဝ အလှ အပ များကို ပုံဖော်  ရိုက်
ကူးထားသည့် ပြက္ခ ဒိန် များ အတွက် လည်း ယခင် က ညောင်ဦးသန်းဌေး ၊  စိန်မျိုးမြင့် ၊
ထိန်ဝင်း တို့ မှာ နာ မည် ကျော်ကြား သည်။
ပြက္ခဒိန် နှင့် ပိုစတာ ထုတ်ဝေ ဖြန့် ချိရေး အတွက် စာအုပ် ၊ သတင်း ဂျာနယ် များ ကဲ့ သို့  ပင်
စာပေ စီစစ်ရေး ၏ ခွင့် ပြု ချက် လို အပ် သော် လည်း ယခင် က လောက် တင်း ကျပ် ခြင်း မရှိ
တော့ ဟု သိရသည်။
၂၀၀၅ ခုနှစ် မတိုင် ခင် အထိ ပြက္ခဒိန် နှင့် ပိုစတာ ဓာတ်ပုံ များ ရိုက် ကူး ရာ တွင် တင်သား အလှ
ကို ဦးစားပေး ဖော်ပြသည့် ဓာတ်ပုံ များ လူကြိုက်များ ခဲ့ သော် လည်း နောက် ပိုင်း တွင် ရင်သား
အလှ နှင့် ဆက်ဆီ ဖြစ်သည့် ပုံများ ပို ရေပန်းစားလာ သည် ဟု ပြက္ခဒိန် ဓာတ်ပုံ ဆရာ တစ်ဦး
က FNG ကို ပြောသည်။
ပြက္ခဒိန် နှင့် ပိုစတာ စတား ၀တ်မှုန်ရွှေရည်
ပြက္ခဒိန် နှင့် ပိုစတာ စတား ၀တ်မှုန်ရွှေရည် ဓာတ်ပုံ – လင်းထွန်း
(Leopard Photo)
ဓာတ်ပုံ ဆရာ ဖေမြင့်ဦး ၏ နှစ်သစ်ကူး အတာ သင်္ကြန် လက် ရာ
မော်တော်ကား တွေ နဲ့  တွဲ ဖက်ရိုက်ကူး ထား တဲ့ မော်ဒယ် တွေ နဲ့  ပြက္ခဒိန် ဓာတ်ပုံ တွေ
လည်း ဈေးကွက် မှာ ၂၀၀၈ ခုနှစ် က စလို့  လူ ကြိုက် များ လာ
ယခု နှစ် ပြက္ခဒိန် စတား ဖြစ်လာ နိုင်သည့် ၀ါဆိုမိုးဦး ဓာတ်ပုံ – အေးဇော်မိုး (စက်မှု)
၂၀၁၃ ပြက္ခဒိန် စတား ဖြစ်လာ နိုင်သည့် ၀ါဆိုမိုးဦး ဓာတ်ပုံ – အေးဇော်မိုး (စက်မှု)
မြန်မာ့ အလှ နဲ့  သဘာဝ ပုံ တွေ ကို နိုင်ငံခြား သား ကမ္ဘာ လှည့် တွေ က ၀ယ်တယ်  ဓာတ် ပုံ - Rahta
မြန်မာ့ အလှ နဲ့  သဘာဝ ပုံ တွေ ကို နိုင်ငံခြား သား ကမ္ဘာ လှည့် တွေ က ၀ယ်တယ်
ဓာတ် ပုံ – Rahta
ငါး နှစ် ဆက် တိုက် ပြက္ခဒိန် စတား ဖြစ်နေသေး တဲ့ ၀တ်မှုန် ရွှေရည် ဓာတ်ပုံ - လင်းထွန်း  (Leopard Photo)
ငါး နှစ် ဆက် တိုက် ပြက္ခဒိန် စတား ဖြစ်နေသေး တဲ့ ၀တ်မှုန် ရွှေရည် ဓာတ်ပုံ – လင်းထွန်း
(Leopard Photo)
ငါး နှစ် ဆက် တိုက် ပြက္ခဒိန် စတား ဖြစ်နေသေး တဲ့ ၀တ်မှုန် ရွှေရည် ဓာတ်ပုံ – လင်းထွန်း
(Leopard Photo)
ုပြက္ခဒိန် ဓာတ်ပုံ ရိုက် ကွင်း တွင် တွေ့ ရသည့် မိုးယုစံ
ုပြက္ခဒိန် ဓာတ်ပုံ ရိုက် ကွင်း တွင် တွေ့ ရသည့် မိုးယုစံ
တော ရော ၊ မြို့  ပါ မကျန် ကြို က် သည့် ပြက္ခဒိန် စတား သရုပ်ဆောင် မိုးဟေကို
တော ရော ၊ မြို့  ပါ မကျန် ကြို က် သည့် ပြက္ခဒိန် စတား သရုပ်ဆောင် မိုးဟေကို  ဓာတ် ပုံ – မိုးဝေ (Rain Bow)