Sat, 03/30/2013 - 19:40
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု
အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ
စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က)
|
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
|
ဥက္ကဋ္ဌ
|
|
(ခ)
|
ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန (၄)
|
ဒုတိယဥက္ကဋ္ဌ
|
|
(ဂ)
|
ဦးအုန်းမြင့်
ပြည်ထောင်စုဝန်ကြီး
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဃ)
|
ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(င)
|
ဦးဝင်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(စ)
|
ဗိုလ်မှူးချုပ်အောင်သော်
ဒုတိယဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဆ)
|
ဗိုလ်ချုပ်ဇော်ဝင်း
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဇ)
|
ဦးရဲထွဋ်
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(စ်)
|
ဦးဘုန်းဆွေ
ဒုတိယဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ည)
|
ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
|
အတွင်းရေးမှူး
|
|
၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
|
|||
(က)
|
အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
|
||
(ခ)
|
ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း
ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး (Rapid
Response) စီမံပေးရန်။
|
||
(ဂ)
|
လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။
|
||
(ဃ)
|
နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန်အတွက် အဓိကကျသည့်
လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ
အရေးယူနိုင်ရန်။
|
||
(င)
|
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို
ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်
စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
|
||
(စ)
|
လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
|
||
၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
|
|||
ပုံ (သိန်းစိန်)
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်