ဒုတိယသမ္မတက လာဘ် ပေးလာဘ်ယူမှုနှင့် အဂတိလိုက် စားမှုကို အဓိပ္ပာယ်အမျိုးမျိုးဖွင့် ဆိုသော်လည်း နှစ်ခုစလုံးသည် တရားဥပဒေစိုးမိုးရေးကို ချိုးဖောက် သည့်လုပ်ရပ်ဖြစ်ကြောင်း၊ ယုံကြည် လောက်သော လာဘ်ပေးလာဘ် ယူမှုပြုလုပ်နေသည်ဟု ယူဆပါ က တိုင်ကြားမှုမရှိသော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် သွားမည်ဖြစ်ကြောင်း၊ အများနှင့် သက်ဆိုင်တာကို ဦးစားပေးစိစစ် သွားမှာဖြစ်ကြောင်း၊ ပြည်သူတို့ ၏ တိုင်ကြားမှုအပေါ် အမှီပြု သွားမှာဖြစ်ပြီး ဒေသတွင်း ASEAN နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ သမာသမတ်ရှိသော မီဒီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဖော်ထုတ်ကာ ပညာပေးသွားရန် လိုအပ်မှာဖြစ်ကြောင်း။
လာဘ်ပေးလာဘ်ယူမှုသည် သာမန်အားဖြင့် အစိုးရ၀န်ကြီး ဌာနတွင် လုပ်ရိုးလုပ်စဉ်အဖြစ် ကြုံတွေ့လေ့၊ ကြုံရလေ့ပြဿနာ ဟုထင်ရပေမဲ့ ယခုလိုခေတ်သစ် ကာလမျိုးတွင် နိုင်ငံတကာမှ လှူဒါန်းခြင်း၊ အကူအညီပေးခြင်း များကို အလွဲသုံးစားပြုခြင်းများ လည်း တွေ့ကြုံလာရပြီဖြစ် ကြောင်း၊ စီးပွားရေးလောကတွင် လာဘ်ပေးလာဘ်ယူမှုသည် ရိုး ရိုးသားသားကျင့်ကြံဆောင်ရွက် ကြသော ကုန်သည်များကို မွဲပြာ ကျစေတယ်ဟု ဆိုထားပါကြောင်း၊ ကော်မတီလုပ်ငန်းအောင်မြင် အောင် စိစစ်ဆောင်ရွက်သည့် အခါ ထက်မြက်သော ယန္တရား လိုအပ်တာကြောင့် လောလော ဆယ်သင့်တော်သည့် ယန္တရား ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ကြောင်း၊ အခြေအနေအချိန် အခါနှင့်လိုက်ပြီး လိုအပ်သည့် ယန္တရားကိုပြောင်းလဲဆောင်ရွက် သွားမှာဖြစ်ကြောင်း အစရှိသည် ဖြင့် အမှာစကားပြောကြားခဲ့ သည်။
ထို့နောက် လာဘ်ပေးလာဘ် ယူမှုအရေးယူဆောင်ရွက်ရေး ကော်မတီဝင်များဖြစ်သော ပြည် ထောင်စုဝန်ကြီးများနှင့်
ပြည် ထောင်စုရှေ့နေချုပ်တို့က ဥပဒေ ကြမ်းရေးဆွဲနေမှု၊ တိုင်ကြားမှု များကို စိစစ်ဖော်ထုတ်၍ အရေး ယူဆောင်ရွက်နေမှုနှင့် အသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ယင်း နောက် ဒုတိယသမ္မတက တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး အစည်းအဝေးကို ညနေ ပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်ထွန်းThe Hot News