Headlines News :
Home » » အသုံးလုံး စာတတ်မြောက်ရေး လုပ်အားပေးဆရာ၊ ဆရာမများနှင့် ကျောင်းသူ/သားများအား ဂုဏ်ပြုပွဲ ထားဝယ်တက္ကသိုလ်တွင်ကျင်းပ

အသုံးလုံး စာတတ်မြောက်ရေး လုပ်အားပေးဆရာ၊ ဆရာမများနှင့် ကျောင်းသူ/သားများအား ဂုဏ်ပြုပွဲ ထားဝယ်တက္ကသိုလ်တွင်ကျင်းပ

Written By လွင့်မောင်မောင် on Saturday, May 31, 2014 | 8:41 AM


ထားဝယ် ၃၀-၅-၂၀၁၄
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုအစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီး ၊ဘုတ်ပြင်းမြို့နယ်အတွင်းကျေးရွာပေါင်း၂၁ရွာတွင်စာဖတ်ဝိုင်း၂၁၀ိုင်းကိုလုပ်အားပေးခဲ့ကြသည့်
ထားဝယ်တက္ကသိုလ်မှ ကြီးကြပ်သူဆရာမ ၂ ဦး နှင့် ကျောင်းသား၊ကျောင်းသူ ၂၁ ဦးတို့အား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းကထားဝယ်တက္ကသိုလ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်တက္ကသိုလ်မှစာတတ်မြောက်ရေးလုပ်အားပေးအဖွဲ့သည် ဧပြီလ ၁ ရက်မှ မေလ၁၅ ရက်နေ့အထိ ဘုတ်ပြင်းမြို့နယ်အတွင်းလုပ်အားပေး သင်ကြားခဲ့ကြပြီးစာဖတ်ဝိုင်းများတွင် တစ်ဝိုင်းလျှင် ၈ ဦးမှ ၁၈ ဦးခန့်အထိရှိပြီး ပသျှူး၊ဘုတ်ပြင်းရှမ်း၊ကရင်၊ဗမာ လူမျိုးများကိုသင်ကြားပေးခဲ့ရရာပသျှူးနှင့်ဘုတ်ပြင်းရှမ်း တို့ကို သင်ကြားရာတွင် ဘာသာစကားအခက်အခဲကြောင့်ဒေသခံပညာရေးဝန်ထမ်းများ၏အကူအညီကိုရယူခဲ့ရကြောင်းသိရသည်။
စာတတ်မြောက်ရေးလှုပ်ရှားမှုအောင်ပွဲနှင့်ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့က လည်းကော့သောင်းမြို့တွင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ချီးမြှင့်ခဲ့ပြီးအခမ်းအနားသို့ကော့သောင်းမြို့နယ်တွင်စာတတ်မြောက်ရေးလှုပ်ရှားမှု
ဆောင်ရွက်ခဲ့သည့်မြိတ်တက္ကသိုလ်နှင့်ဘုတ်ပြင်းမြို့နယ်တွင်စာတတ်မြောက်ရေးလှုပ်ရှားမှုဆောင်
ရွက်ခဲ့သည့် ထားဝယ်တက္ကသိုလ်မှ ကြီးကြပ်သူဆရာ၊ဆရာမများနှင့်ကျောင်းသား၊
ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) ၊ TD
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template