Headlines News :
Home » » လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦး ထိန်းသိမ်းထားမှုနှင့် ပတ်သက်ပြီး ဒေသခံခုနစ်ဦးအား တရားစွဲဆိုထားမှု ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း နှစ်ဦးကို ဆက်လက်တရားစွဲဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦး ထိန်းသိမ်းထားမှုနှင့် ပတ်သက်ပြီး ဒေသခံခုနစ်ဦးအား တရားစွဲဆိုထားမှု ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း နှစ်ဦးကို ဆက်လက်တရားစွဲဆို

Written By လွင့်မောင်မောင် on Sunday, May 25, 2014 | 8:45 AM


ယင်းမာပင်ခရိုင်တရားရုံးမှ ပြန်လည်ထွက်ခွာလာသော ဒေသခံများအား မေ ၂၂ ရက် ညနေပိုင်းက တွေ့ရစဉ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦးအား ခေါ်ယူထိန်းသိမ်းထားမှုနှင့်ပတ်သက်၍ ဒေသခံခုနစ်ဦးအား တရားစွဲဆိုထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း နှစ်ဦးအား ဆက်လက်တရားစွဲဆိုထားကြောင်း သိရသည်။
  
အဆိုပါအမှုနှင့်ပတ်သက်၍ ဒေသခံခုနစ်ဦးအား မေ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
 ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရဲစခန်းသို့ လာရောက်ရန် မေ ၂၁ ရက်က အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
  
မေ ၂၂ ရက် နံနက် ၁၀ နာရီက တရားစွဲဆိုခံထားရသည့် ဒေသခံများအပါအ၀င် ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ တောကျောင်း၊ တုံ၊ အလယ်ရွာမှ ဒေသခံ (၅၀) ကျော်သည် ညောင်ပင်ကြီးရဲစခန်းသို့ သွားရောက်ခဲ့ကြပြီး ထိုမှတစ်ဆင့် အမှုအားကြားနာရန် ယင်းမာပင်မြို့ရှိ ခရိုင်တရားရုံးသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။
  
"ညောင်ပင်ကြီးရဲစခန်းကိုရောက်မှ ဒီအမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တရားရုံးမှာ သွားရောက်ဖြေရှင်းရမယ်ဆိုတာ သိရတာ။ ညနေ ၃ နာရီလောက်မှာ အမှုစစ်တယ်။ တရားလိုဘက်ကအမှုနဲ့ပတ်သက်ပြီး ရုပ်သိမ်းပေးပါတယ်လို့ တရားရုံးမှာထွက်ဆိုတယ်။ ဒါပေမဲ့ တရားရုံးကိုလိုက်လာပြီး အမှုမကြားနာတဲ့နှစ်ယောက်ကိုတော့ တရားရုံးမှာ ဆားလင်းကြီးရဲစခန်းက တစ်ခါတည်း တရားစွဲဆိုတင်ပြခဲ့တယ်" ဟု ဆည်တည်းကျေးရွာမှ ဒေါ်ရီရီဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
  
အဆိုပါအမှုအား ရုပ်သိမ်းရခြင်းနှင့်ပတ်သက်၍ တရားလိုဖြစ်သူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတာဝန်ခံ ဦးလှစိန်က ဒေသခံများဘက်မှ ခေါ်ယူထိန်းသိမ်းခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးအား ကုမ္ပဏီထံသို့ ပြန်လည်အပ်နှင်းပေးခဲ့ခြင်း၊ နိုင်ငံအချင်းချင်း မိတ်ဆွေမပျက် ဆက်ဆံလိုခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့နှင့် ဒေသခံကျေးရွာလူထုတို့၏ ဆွေးနွေးညှိနှိုင်းပြေလည်မှုတို့ကို အလေးထားသောကြောင့် အမှုအားပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
  
ဆာလင်းကြီးမြို့မရဲစခန်းက မ၀င်းဝင်းဌေး၊ မရီရီဝင်း၊ ဦးသိန်းအောင်၊ ဦးခင်းငြိမ်း၊ ဦးဝင်းကျော်၊ ဦးစန်းမောင်နှင့် မဖြူနှင်းထွေး စုစုပေါင်းခုနစ်ဦးကို (ပ) ၇၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၆၈ ဖြင့်အမှုဖွင့်ခဲ့ပြီး တရားရုံးသို့လိုက်ပါကြားနာမှုမရှိသည့် ကိုဝင်းကျော်နှင့် မဖြူ နှင်းထွေးတို့အား ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂၊ ၈၁-က/၂၀၁၄ ဖြင့် ဆက်လက်တရားစွဲဆိုမှုပြုထားကြောင်း သိရသည်။

အောင်သူ၊ ဟိန်းမင်းထက် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template