Headlines News :
Home » , » မောင်တောမှ နာမည်ကြီး ဘင်္ဂါလီ ဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

မောင်တောမှ နာမည်ကြီး ဘင်္ဂါလီ ဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

Written By လွင့်မောင်မောင် on Saturday, May 31, 2014 | 9:02 AM

 
31 May 2014
 မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေ ခံပစ္စည်းများနှင့်အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

 အဆိုပါဓားပြခေါင်းဆောင် အဒူလာကိန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပိုင်နက်အတွင်း ကုန် သည်များနှင့် ငါးဖမ်းသူများအား စီးနင်းကာ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် လူသတ်မှုနှင့် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ကလိုအပ်နေသူတစ်ဦးဖြစ်သည်။ မေလ ၂၃ ရက်က မောင်တောမြို့နယ် ဦးဒေါင်း ကျေးရွာအုပ်စု ဇုံမာကျေးရွာနေ ဘင်္ဂါလီလူမျိုးမာမောက်ရော်ဆိန်းဆိုသူထံ  ဓားပြခေါင်း ဆောင် အဒူလာကိန်းကဖုန်းဆက် ပြီး ငွေကျပ်နှစ်သိန်းပေးရန်နှင့် မပေးပါက မာမောက်ရော်ဆိန်း၏ မိသားစုကိုသတ်ပစ်မည်ဟု ခြိမ်း ခြောက်သည်ဟု ဆိုသည်။

သို့ရာတွင် ငွေမပေးနိုင်ဟု မာမောက်ရော်ဆိန်းက ပြန်လည် အကြောင်းပြန်သော်လည်း အဆို ပါဓားပြမှာ မေလ ၂၅ ရက်က နေအိမ်အထိလိုက်လာကာ ကျပ် နှစ်သိန်းကို မရမကတောင်းယူ ခဲ့သည်။ မာမောက်ရော်ဆိန်းက မောင်တောမြို့နယ် အလယ်သံကျော်ရဲစခန်းသို့ ယင်းကိစ္စကိုလာရောက်တိုင်ကြားသဖြင့်  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးအဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အဆိုပါဓားပြခေါင်းဆောင် ၏ နေအိမ်အတွင်းမှ ပြောင်းအရှည် လေးလက်မခန့်ရှည်လျားသော လက်လုပ်တစ်တောင့်ထိုးကျည် သေနတ်တစ်လက်၊ GFL7.65MM စာတန်းပါကျည်ဆန်တစ်ထောင့်၊ ပွိုင့်32PMC တံဆိပ်ပါကျည်ဆန် တစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး Gramee ဆင်းမ်ကတ်တစ် ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ‘‘အသေးစိတ်စစ်ဆေး နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်လိုက်တွေကိုလည်း ထပ်ဖမ်းနိုင်အောင် ဆက်လိုက်နေကြတယ်။ ဒီလူက အမှုပေါင်းစုံကို ကျူးလွန်ထားတာပါ’’ဟု အလယ်သံကျော်နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ပြောသည်။

Author: မောင်မိုးသက်
7DAY DAILY
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template