Headlines News :
Home » » လကမ္ဘာပေါ်သွားမည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီနှင့် ဒေသခံများ အကြား မြေသြဇာစက်ရုံ မြေနေရာ အငြင်းပွားမှု ဖြစ်ပွား

လကမ္ဘာပေါ်သွားမည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီနှင့် ဒေသခံများ အကြား မြေသြဇာစက်ရုံ မြေနေရာ အငြင်းပွားမှု ဖြစ်ပွား

Written By လွင့်မောင်မောင် on Sunday, June 29, 2014 | 2:49 PM

 
ရန်ကုန်၊ ဇွန် ၂၄

 လကမ္ဘာပေါ်သို့ ဟန်းနီးမွန်း ခရီးထွက်မည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၇၅)၊ ဦးပိုင်အမှတ်(၃၂)မှ လယ်မြေ ၃ ဒသမ ၈၁ ဧကကို ၀ယ်ယူခြင်းနှင့် ပတ်သက်၍ အဆိုပါကုမ္ပဏီနှင့် ဒေသခံ လယ်သမားများအကြား အငြင်းပွားလျက် ရှိသည်။

အဆိုပါ လယ်မြေ ၃ ဒသမ ၈၁ ဧကကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က နတ်သြဇာ သဘာဝ မြေသြဇာစက်ရုံ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် လယ်လုပ်နေဆဲ လယ်မြေများ ကို လျော်ကြေးမပေးဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် သိမ်းဆည်း ရယူသွားသည့်အတွက် ယင်းလယ်မြေ များအား သိမ်းဆည်းခံ လယ်သမားများသို့ ပြန်လည် စွန့်လွှတ်ပေးရန်အတွက် ဒေသခံ လယ်သမားအချို့က မြန်မာသံတော်ဆင့်သို့ တိုင်ကြားစာ ပေးပို့ထားသည်။

တိုင်ကြားစာ၌ အခင်းဖြစ် လယ်မြေသည် သိမ်းဆည်းခံရသည့် ၂၀၀၈ ခုနှစ် အချိန်တွင် စပါးစိုက်ပျိုးရန် ထွန်ယက် ပျိုးထောင်နေဆဲ အချိန်ကာလဖြစ်ခြင်း၊ လယ်သမားများက နိုင်ငံတော်သို့ နှစ်စဉ်မပျက်မကွက် ၂၀၁၁-၂၀၁၂ ခုနှစ်အထိ မြေခွန် ထမ်းဆောင်ဆဲဖြစ်ခြင်း၊ လယ်သမားများ၏ အမည်ပေါက် ဂရန်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု လှည့်ဖြားပြီး လက်မှတ်ရယူခြင်း၊ နိုင်ငံတော် အစိုးရသည် နိုင်ငံတော် စီမံကိန်းနှင့် အများပြည်သူ အကျိုးအတွက် မြေသိမ်းဥပဒေနှင့်အညီ သိမ်းဆည်းသည့် လယ်မြေ မဟုတ်ခြင်းဟူ၍ ပါရှိသည်။

ထို့ပြင် ယခင်ကရင်ပြည်နယ် (ပယက)က ၁၁-၈-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၅/၁-၂၀/ဦး-၆ ဖြင့် နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် လ/န (၃၉) ခွင့်ပြု ပေးခဲ့သော်လည်း သတ်မှတ်ထားသည့် ၆ လ အတွင်း စက်ရုံ တည်ဆောက်ခြင်း မရှိသည့်အပြင် အိမ်၊ ခြံမြေ ၁၉ ကွက် ဖော်ထုတ် နေရာ ချထား ပေးသည့် အတွက် ဦးစိုးထွန်းရှိန် (ဥက္ကဋ္ဌ၊ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ)သည် ယခင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပုဒ်မ(၄၈)နှင့် တည်ဆဲ လယ်ယာမြေဥပဒေ ပုဒ်မ(၃၁)တို့ ကိုကျူးလွန် ဖောက်ဖျက်ရာ ရောက်ကြောင်း လည်း ပါရှိသည်။

ယင်းကဲ့သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ မဖြိုးဖြိုးအောင်က ““မြေစာရင်းက နေပြီးတော့ လယ်သမားတွေကို ပြန်ပေးထားတဲ့ အကွက်တွေရှိတယ်။ စက်ရုံကတော့ အခု လောလောဆယ် လုပ်လည်း လုပ်နေတယ်။ ထရန်စဖော်မာတွေ လည်း လျှောက် ထားတယ်။ အိမ်ခြံမြေ အကွက်ဖော်တာက မြေစာရင်း က ဖော်တာပဲဖြစ်မှာပါ။ ကျွန်မတို့ ကုမ္ပဏီဘက်က သွားလုပ်လို့မရဘူးလေ။ သူတို့ဘာသာသူတို့ အကွက်ဖော်ပြီး မြေစာရင်းကနေ လယ်သမားတွေ ကို ပြန်ပေး တယ်လို့တော့ သိထားတယ်။ ကုမ္ပဏီဘက်က ရောင်းဖို့ အတွက်လည်း အကွက်ချထားခြင်း လုံးဝမရှိပါဘူး။ တချို့ လယ်သမားတွေဆို သူတို့ကို ပြန်ပေးထားတဲ့ အကွက်တွေကို ကျွန်မတို့ကို ပြန်ရောင်း တာတွေတောင် ရှိတယ်။ လယ်ကွက်တွေကို ပိုင်ခဲ့ပါတယ်ဆိုတဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေရော၊ ပြီးတော့ သူတို့ကို ပြန်ပေးတဲ့ အကွက်တွေရော အဲဒါတွေနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေ အကုန်လုံး ကျွန်မတို့ မှာရှိပါတယ်”” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လယ်ယာမြေများကို မြေစာရင်းမှ အကွက်ရိုက်၍ ပြန်လည် ပေးအပ် ခဲ့သည်ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဖြေကြား ထားသည့်အတွက် ဘားအံမြို့နယ် မြေစာရင်းရုံးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပေ။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ဇွန် ၉ ရက်တွင် အသက် ၂၂ နှစ် အရွယ်ရှိ သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ဟန်းနီးမွန်း ခရီးအား ဒေါ်လာ ၁၅ သန်းတန် လကမ္ဘာခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်းကို ““ဟန်းနီးမွန်းက တော့ ကျွန်တော်တို့က လကမ္ဘာသွားမယ်””ဟု ဦးစိုးထွန်းရှိန်၏ ပြောဆိုမှုကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကို ခံနေရသည့် ကုမ္ပဏီဖြစ်သည်။

သဉ္ဇာဆွေ  -  မြန်မာသံတော်ဆင့်သတင်းဌာန
 
အပန်းမကြီးဘူးဆိုရင်ကြော်ငြာများကိုကလစ်ခဲ့ပါ။ကျေးဇူး
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template