Headlines News :
Home » » နေထီးဆောင်းဖြစ်စဉ်နောက်ဆက်တွဲ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပေါ်နိုင်

နေထီးဆောင်းဖြစ်စဉ်နောက်ဆက်တွဲ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပေါ်နိုင်

Written By လွင့်မောင်မောင် on Sunday, June 29, 2014 | 2:27 PM

 
 ရန်ကုန်၊ ဇွန်-၂၆

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ထူးခြား ဖြစ်စဉ်များသည် မေလ အတွင်းက ဖြစ်ပေါ်ခဲ့သော နေထီးဆောင်းမှု ဖြစ်စဉ်နှင့် ယှဉ်တွဲ ဆက်စပ်နေပြီး ယင်းဖြစ်စဉ် ကြောင့်ပင် အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ် လာနိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံ အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ဇွန် ၂၅ ရက်၌ ပြောဆိုခဲ့သည်။

နေထီးဆောင်းမှု ဖြစ်စဉ်သည် မြန်မာ နိုင်ငံတွင် မကြာခဏမြင်တွေ့ရ လေ့မရှိဘဲတစ်ကြိမ်နှင့် တစ်ကြိမ်နှစ်များစွာ ကွာခြားပြီးမှသာ ဖြစ်ပေါ် လေ့ရှိပြီး ယင်းဖြစ်စဉ်နောက်ပိုင်းတွင်နိုင်ငံရေး ၊အုပ်ချုပ်ရေးဆိုင်ရာ ထူးခြား ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က နေထီးဆောင်းမှု တစ်ကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၁ မှာ လက်ရှိအုပ်ချုပ်နေတဲ့ ဒီမို ကရေစီ အစိုးရသစ်ဆိုပြီး ပေါ်ပေါက် လာခဲ့တယ်။ ပြီးခဲ့တဲ့ မေလမှာဖြစ်ပေါ် ခဲ့တဲ့ နေထီးဆောင်းမှုဖြစ်စဉ်ကြောင့်ပဲ မကြာသေး ခင်ကပဲ အစိုးရအဖွဲ့ထဲမှာဝန်ကြီး အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ကြောင့်ပဲ တစ်လအတွင်း အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ရှိ နိုင်တယ်”ဟု ဦးဇေယျာ ကိုက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ယှဉ်တွဲ၍ လာမည့်သြဂုတ်လအတွင်း၌လည်း နက္ခတ်ပိုင်းဆိုင်ရာတွင်ဂြိုဟ်များ၏ ရပ်တည်မှုမှာလည်း ထူးခြားမှုများ ရှိနေ ကြောင်း သိရသည်။ လာမည့် သြဂုတ် ၁၈ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကြာသပတေးဂြိုဟ် နှင့် သောကြာ ဂြိုဟ်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကို ကိုယ်စားပြုသောမွန်းတည့် မိုးကောင်းကင်၌ နီးနီးကပ်ကပ် ပူးယှဉ် စစ်ထိုးရမည်ဖြစ်ရာ ယင်းအနေအထားကြောင့် သောကြာနေ့နံပါ သူနှင့်သောကြာသားသမီးများ ကံဇာတာ မှေးမှိန်ညှိုးနွမ်းသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပြီး ကြာသပတေးနေ့နံ ပါသူနှင့် ကြာသ ပတေးသား ၊ သမီးများမှာ နိုင်ငံအုပ်ချုပ်ရေးကဏ္ဍ၌ ရာထူး ဘုန်းကံမြင့်မား
လာမည့် အနေအထားမျိုး ရှိနေကြောင်းသိရသည်။

“နောက်တစ်ခုက သြဂုတ် ၂၇ ရက်မှာ အင်္ဂါဂြိုဟ်နဲ့ စနေဂြိုဟ်တွေ တူရာသီမှာ စစ်ထိုးမယ်။ဒီအတွက် တိုင်းပြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အတိုက်အခံ ပဋိပက္ခတွေ ထူးခြားဖြစ်စဉ်တွေဖြစ် ပေါ်လာနိုင်တယ်။ အစိုးရပိုင်းဆိုင်ရာ မှာလည်း ၀န်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ တာဝန်ကနေ နုတ်ထွက်တဲ့ ထူးခြားဖြစ် စဉ်တွေ ထပ်ဖြစ်နိုင်တယ်။ တိုင်းပြည်ရဲ့ဂြိုဟ်ရပ်တည်မှုက သြဂုတ်လအတွင်း မှာ ထူးခြားချက်တွေ ရှိနေတယ်” ဟု ၎င်းကဆိုသည်။

အလားတူ ကြာသပတေးဂြိုဟ် သည် ဇွန် ၂၀ ရက်မှ စတင်၍ မြန်မာ နိုင်ငံ၏ ကောင်းသည့်နေရာသို့ ရောက် ရှိလာမည်ဖြစ်သောကြောင့် ပြည်သူ လူထု၏ ကံဇာတာမှာ မြင့်မားလာမည့်အနေအထားရှိကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပုဒ်မ -၄၃၆ ပြင်ဆင်ရေးကဲ့သို့သော ပြည်သူလူထု၏ တောင်းဆိုမှုများအပေါ် အစိုးရက ငြင်းဆန်၍ မရ နိုင်သည့် အနေအထားမျိုးရှိလာနိုင်ပြီး ယင်းအနေအထားမှ တစ်ဆင့် နိုင်ငံရေးပိုင်းနှင့် အစိုးရ အဖွဲ့အစည်းပိုင်းတွင်အပြောင်းအလဲ များ ဆက်လက်ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

အောင်မြင်ရဲဇော်
စံတော်ချိန် နေ့စဉ်သတင်းစာ

အပန်းမကြီးဘူးဆိုရင် ကြော်ငြာများကိုကလစ်ပေးပါ ။ကျေးဇူးတင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template