ဂျူလိုင် ၅ ရက် ၂၀၁၄
ဂျူလိုင်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီး
အစိုးရတပ်များအင်အား တိုးဖြည့်လာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားဖွယ်ရှိသည့်
တာ့ဖါဆောင် (တံတား) တပ်စခန်း အနီး နေထိုင်သည့် တာ့ဖါဆောင်ရွာသားများ
ရပ်ရွာမှစွန်ခွါကာ စစ်ဘေးရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် SSPP/SSA ဌာနချုပ်အနီးသို့
အစိုးရတပ်အင်အား ရာဂဏန်း က ထပ်မံအင်အားဖြည့်လာသည့်အတွက် (ကျေးသီးမြို့နယ်၊
ဝမ့်ဝပ်ကျေးရွာအုပ်စု) တာ့ဖါဆောင်ရွာ အိမ်ခြေ ၂၅ လုံး၊ လူဦးရေ ၈၀ ကျော်
ရွာမှ တောပိုင်းသို့ တိမ်းရှောင်ကြသည်ဟု ကျေးသီးမြို့ရောက် ဝမ့်ဝပ်ရွာခံ
စိုင်းဟောင်း(ဝ်)ခမ်း က ပြောပါသည်။
“ကျနော်တို့ ရွာလဲ တချို့တွေ စစ်ဘေးတိမ်းရှောင်နေတဲ့သူရှိတယ်။
ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ တာ့ဖါဆောင်ရွာ ဆို
အကုန်လုံးတိမ်းရှောင်ကြပြီ။ မောင်းထုတ်လို့တော့မဟုတ်ဘူး။ စစ်သားတွေ
အများကြီးရောက်လာလို့။ ကြောက်ကြတယ်လေ။” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ယမန်နေ့ညနေပိုင်းကလည်း သီပေါမြို့အခြေစိုက်အစိုးရတပ်များ မိုင်းရယ် ဟိုယ မှ
တဆင့် ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ စစ်သည်အင်အား ၁၀၀ ခန့် ဆင်းလာကြောင်း၊
ဂျူလိုင် ၂ ရက်နေ့တွင် ရလခ စစ်တိုင်းရုံးလက်အောက်ခံ တပ်များက
ကျေးသီးမြို့နယ်ဘက် စစ်ကား ၉ စီး၊ ကွန်ဟိန်း - ကာလိ မှ မိုင်းရှူးသို့
စစ်ကား ၉ စီး၊ ဂျွန် ၂၄ ရက်နေ့တွင် လားရှိုးမှတဆင့် တန့်ယန်း မန့်ကတ်ဘက်
စစ်ကား အစီး ၅၀ စစ်အင်အားများတင်ဆောင်ကာ သျှမ်းပြည်တပ်မတော်နယ်မြေသို့
တိုးချနေကြောင်း ဝမ့်ဟိုင်း ဌာနချုပ် စစ်ရုံးအဖွဲ့က ထုတ်ပြန်ပါသည်။
လဲချားမြို့နယ် သျှမ်းပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်ဇေယျ က ‘
စစ်အားအပြိုင်အဆိုင်တိုးချလို့ တာ့ဖါဆောင်ရွာသူရွာသားတွေ
ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကျနော်ကြားရတယ်။ တကယ် ကို စိတ်မကောင်းဘူး။
ဒီလိုမျိုးကိစ္စတွေရှိလာတော့ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးရပါ့မလား’
- ဟု သျှမ်းသံတော် ဆင့်သို့ ပြောသည်။
အစိုးရတပ်မတော်ဘက်မှ သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေဘက်သို့
အင်အားဖြည့်တိုးချဲ့ ချထားမှုကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေသည့်အပေါ်
နေပြည်တော် အစိုးရ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ
ဦးအောင်မင်း နှင့် ဦးသိန်းဇော်ထံ ဖုန်းဆက်အကြောင်း ကြား ထားကြောင်း၊
ထာဝရငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းနေချိန် နှစ်ဘက်ကြား ယုံကြည်မှုတည်
ဆောက် ရေး ထိခိုက်စေကြောင်းပါရှိသည်ဟု SSPP/SSA အထွေထွေအတွင်းရေးမှူး
စဝ်ခွန်ဆိုင် ကပြောသည်။
သျှမ်းသံတော်ဆင့်
http://burmese.panglong.org/news/86-2008-08-01-03-20-45/4789-sspp-.html
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago