Headlines News :
Home » , » ထားဝယ်မြို့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်သည့် ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်အထိမ်းအမှတ်တနင်္သာရီတိုင်းဒေသကြီး၊၁၀ မြို့နယ် ဒေသန္တရခရီးစဉ် စက်ဘီးစီးခြင်းအစီအစဉ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့နံနက်တွင်စတင်မည်

ထားဝယ်မြို့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်သည့် ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်အထိမ်းအမှတ်တနင်္သာရီတိုင်းဒေသကြီး၊၁၀ မြို့နယ် ဒေသန္တရခရီးစဉ် စက်ဘီးစီးခြင်းအစီအစဉ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့နံနက်တွင်စတင်မည်

Written By လွင့်မောင်မောင် on Monday, June 9, 2014 | 12:15 PM

 
ထားဝယ်မြို့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်သည့် ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊၁၀ မြို့နယ် ဒေသန္တရခရီးစဉ် စက်ဘီးစီးခြင်းအစီအစဉ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့နံနက်တွင်စတင်မည်
ဖြစ်ကြောင်းသိရသည်။အဆိုပါစက်ဘီးစီးခရီးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ ဇွန်လ ၁၀ ရက်နေ့ နံနက်၉ နာရီတွင်စတင်မည်ဖြစ်ပြီးရေဖြူမြို့နယ်သို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း Dawei Bike Association မှဦးအောင်နိုင်က
ပြောကြားသည်။စက်ဘီးစီးအဖွဲ့တွင် အသက် ၈၀ နှစ်အရွယ် ဦးသီးလှိုင်က ဦးဆောင်ကာ ကိုဇော်မင်းဦး၊ကိုစိုးမင်းသူ၊ကိုမျိုးမြင့်တို့ကအဖွဲ့ဝင်အဖြစ်ပါဝင်စီးနင်းကြမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစက်ဘီးစီးခရီးစဉ်အတွင်းရရှိမည့် ဂုဏ်ပြုချီးမြှင့်ငွေများကို လုံးဝသုံးစွဲခြင်းမပြုဘဲ ထားဝယ်မြို့ရှိ အာယုဒါနအရေးပေါ်အောက်စီဂျင်အဖွဲ့သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဦးသီးလှိုင်သည် မြန်မာနိုင်ငံနေရာဒေသအနှံ့သို့ တစ်ကိုယ်တော်ခြေလျင်လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်းတို့ကိုပြုလုပ်ခဲ့သည့်
အားကစားသမားတစ်ဦးလည်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template