Headlines News :
Home » , » တနင်္သာရီတွင် ပါတီ လေးခုသာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မည်

တနင်္သာရီတွင် ပါတီ လေးခုသာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မည်

Written By လွင့်မောင်မောင် on Tuesday, June 10, 2014 | 8:33 AM

|Dawei Watch| ထားဝယ်၊ ဇွန် ၉
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ပါတီ ၄ ပါတီသာ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပါတီများထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာနှင့် မြိတ်မဲ ဆန္ဒ နယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတို့ လစ်လပ်နေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
အဆိုပါ လစ်လပ်နေရာများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့က ၀င်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့က ၀င်ပြိုင်မည်မဟုတ်ဟု သက်ဆိုင်ရာ ပါတီများထံမှ သိရသည်။
လက်ရှိတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ အပ ကျန်ပါတီများ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း လစ်လပ်နေရာများဖြစ်သည့် ထားဝယ်မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှ ဦးသန်းဆွေသည် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး မြိတ်မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော် (ယခင် တိုင်းဒေသကြီးဝန်ကြီးချုပ်)သည် ကျန်းမာရေး ကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ အနားယူခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template