Headlines News :
Home » » ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်

ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်

Written By လွင့်မောင်မောင် on Sunday, February 15, 2015 | 7:54 PM

 
မန္တ​လေးမြို့က​နေ ရန်​ကုန်​မြို့ကို ဦးတည်​ ချီတက်​လာခဲ့တဲ့ ဒီမိုက​ရေစီပညာ​ရေး ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ ပဲခူးစစ်​​ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။

ဒီ​နေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်​ဖိုမြို့နဲ့ ကြို့ပင်​​ကောက်​ နယ်​နိမိတ်​အဆက်​ ပန်းပဲကုန်း ​ကျေးရွာထိပ်​မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။

အမျိုးသားပညာ​ရေး ဥပ​ဒေကို ဆန့်​ကျင်​ကန့်​ကွက်​ သပိတ်​​မှောက်​​နေကြတဲ့ ဒီမိုက​ရေစီ ပညာ​ရေး သပိတ်​စစ်​​ကြောင်း​တွေကို ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း မဝင်​​ရောက်​နိုင်​ဖို့အတွက်​ လုံခြုံ​ရေး တပ်​ဖွဲ့ဝင်​​တွေဟာ ရန်​ကုန်​တိုင်း ​ဒေသကြီး နယ်​နိမိတ်​အစပ်​​တွေမှာ သံဆူးကြိုး​အကာအရံတွေ အသုံးပြုပြီး အင်​အားသုံး ပိတ်​ဆို့ ဟန့်​တားဖို့ အသင့်​ပြင်​​နေကြတယ်​လို့ မျက်​မြင်​သက်​​သေ​တွေက ဒီဗွီဘီကို အတည်​ပြု​ပြောဆိုပါတယ်​။

ပဲခူးစစ်​​ကြောင်းမှာ ​ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်​က ​ကျောင်းသူ ၁ ဦး​၊ ကျောင်းသား ၁၄ ဦး ပါဝင်​ပြီး အင်​အားသုံး ပိတ်​ဆို့ ဖယ်​ရှားဖို့ ပြင်​​ဆင်​နေတဲ့ အစိုးရကို ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ အတူတကွ ပူး​ပေါင်းရင်​ဆိုင်​ပြီး ရန်​ကုန်​အ​ရောက် ​ချီတက်​ဖို့ အခုလို ပူး​ပေါင်းလိုက်​တာလို့ ပဲခူးစစ်ကြောင်း (ဗကသ) နဲ့ ပါဝင်​လာတဲ့  ကျောင်းသား မျိုးကိုက ဒီဗွီဘီကို ​ပြောပါတယ်​။ 

သပိတ်စစ်ကြောင်းတွေကို သာယာဝတီမြို့မှာ ပြည်သူတချို့နဲ့ စွမ်းအားရှင်​​တွေက တားဆီးသွားမယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်​။

အဲဒီအတားအဆီး​တွေကို သပိတ်​​မှောက်​ ​ကျောင်းသား​တွေက ​ကျော်​ဖြတ်​နိုင်​ခဲ့မယ်​ ဆိုရင်​​ လုံခြုံ​ရေး လက်​နက်​ကိရိယာ​တွေ ကိုင်​​ဆောင်​ထားတဲ့ ရဲတပ်​ဖွဲ့ဝင်​​တွေနဲ့ ထိပ်​တိုက်​ရင်​ဆိုင်​ရနိုင်​တယ်​လို့ သာယာဝတီမြို့ခံ​တွေက ဒီဗွီဘီကို ​ပြောဆိုခဲ့ပါတယ်​။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template