Headlines News :
Home » » ကျောင်းသားတောင်းဆိုထားသည့် ပညာရေးဥပဒေကြမ်း ရေးဆွဲပြီးစီး

ကျောင်းသားတောင်းဆိုထားသည့် ပညာရေးဥပဒေကြမ်း ရေးဆွဲပြီးစီး

Written By လွင့်မောင်မောင် on Sunday, February 15, 2015 | 7:56 PM

ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – DPNS)
ကျောင်းသားတွေ တောင်းဆိုချက်နဲ့ ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ် ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရန်​ကုန်​မြို့မှာ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ကျောင်းသား၊နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် (အန်အန်အီအာ)နဲ့ လွှတ်တော်တို့ ဆွေးနွေးပွဲအပြီးမှာ အခုလို ပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အန်အန်အီးအာ ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ဒီနေ့အတည်ပြုနိုင်ပါတယ်။ သဘောထားကတော့ မနေ့ကထဲက အတည်ပြုပါတယ်၊အခုကတော့ လွှတ်တော်တင်မယ့် ဥပဒေပုံစံနဲ့ကိုက်အောင် ပြန်ပြင်တဲ့ကိစ္စ ဒီနေ့အဆင့်မြင့်ပညာဦးစီးဌာနမှာ လုပ်ကြတာ ပြီးသွားပါပြီ တင်ခဲ့ပြီ” လို့ ပြောပါတယ်။

ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်တင်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

အခု လွှတ်တော်တင်မယ့် ဥပဒေကြမ်းဟာ ကျောင်းသားနဲ့ အန်အန်အီးအာတို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်ပြီး အစိုးရဘက်က ရေးဆွဲထားတဲ့ဥပဒေကြမ်းကိုတော့ အစိုးရကပဲ ပြန်လည်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့ ကျောင်းသားတွေတောင်းဆိုထားတဲ့အချက် ၁၁ ချက်ကို အစိုးရဘက်က ဖေဖော်ဝါရီ၁၁ရက်မှာ လိုက်လျောခဲ့ပြီးတဲ့နောက် အဲ့ဒီညှိနှိုင်းရရှိချက် ၁၁ ချက်အပေါ်အခြေခံပြီး လေးပွင့်ဆိုင်မှာပါဝင်တဲ့ အလုပ်အဖွဲ့တွေက အခု ပြင်ဆင်တဲ့ဥပဒေကြမ်းကို အချောသတ်ရေးဆွဲကြကာ ဥပဒေကြမ်းထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ကျောင်းသားတွေတောင်းဆိုချက်နဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခု ပေါ်ထွက်လာတာကြောင့် ကျောင်းသားတွေဘက်က ပျော်ရွှင်တဲ့အနေနဲ့ ဆနပြတဲ့ပုံစံမျိုးမဟုတ်ဘဲ ရန်ကုန်ကို လာရောက်နေချင်ကြပြီး အစိုးရဘက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ နှစ်ရက်တာစည်းဝေးပွဲတက်ခဲ့တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ရောက်လာခြင်းမရှိသေးဘဲ အစိုးရဘက်ကတော့ ရန်ကုန်အ၀င်ဂိတ်တချို့မှာ လုံခြုံရေးပိုချထားပြီး စစ်ကြောင်းချီလာရင် တားဆီးပိတ်ဆို့ဖို့ ပြင်ဆင်ထားတာ တွေ့မြင်ရပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template