Headlines News :
Home » » မြေဧက ၃၀၀ ကျော်ကို ပိုင်ရှင်အားအသိမပေးဘဲ မြေသိမ်းမိန့်ဖြင့် အာဏာပိုင်များအကွက်ရိုက်ရောင်းချ

မြေဧက ၃၀၀ ကျော်ကို ပိုင်ရှင်အားအသိမပေးဘဲ မြေသိမ်းမိန့်ဖြင့် အာဏာပိုင်များအကွက်ရိုက်ရောင်းချ

Written By လွင့်မောင်မောင် on Tuesday, March 31, 2015 | 9:16 PM




တောင်ကြီးမြို့ အေးသာယာ စက်မှုဇုန်ရှိ လယ်သမား ၆၀ ကျော်ပိုင်ဆိုင်သော မြေဧက ရာနှင့်ချီအား  စက်မှုဇုန် ၃ ဖော်ဆောင်ရန် အာဏာပိုင်များက မြေကွက်ရိုက်ရောင်းနေသဖြင့် လယ်ယာမြေပိုင်ရှင်များ နစ်နာမှုများစွာ ကြုံတွေ့ရနေကြောင်း ပြောဆိုနေပါသည်။





အေးသာယာစက်မှုဇုန် (၁၂) ရပ်ကွက်၌ ဒေသခံတောင်သူများပိုင် မြေယာဧက ၃၀၀ ကျော်အား အာဏာပိုင် များက ပုံစံ (၁၀၅) ၊ အနှစ်သုံးဆယ်ဂရမ်များဖြင့် ရောင်းချခြင်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းဖော်ဆောင်မှုမှာ လယ်သမားများအတွက် နှစ်နာမှုများစွာရှိနေသည်ဟု လယ်ပိုင်ရှင် ၆၀ ကျော်က ပြောဆိုသည့်အပေါ် ယာယီ မြေသိမ်းမိန့်များရရှိထားပြီးဖြစ်သဖြင့် လယ်သိမ်းခြင်းဖြစ်ကြောင်း အာဏာပိုင် များ က ပြောသည်ဟု ဒေသခံ တောင်သူဦးတင်ရွှေ ကပြောသည် ။

" ဒီစက်မှုဇုန်တွေမပေါ်ခင်ကတည်းက ကျနော်တို့ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာတာ။ ခုကျနော်တို့ စိုက်ပျိုးမြေ တွေကို သက်ဆိုင်ရာက ဘယ်လိုပုံစံနဲ့သိမ်းသွားသလဲ ဘယ်တုန်းကသိမ်းသွားသလဲ ကျနော်တို့တောင် မသိ လိုက်ဘူး။ ကျနော်တို့ကိုလည်းအကြောင်းမကြားဘူး။ ကျနော်တို့တောင်သူ တွေအနေနဲ့တော့  လယ်ယာမြေ တွေအသိမ်းခံရင် ဘဝသေသွားတာပဲ။ ဘာမှအဓိပါယ်မရှိတော့ဘူး "ဟု ၄င်းကဆက်လက်ရှင်းပြသည် ။

ယင်းမြေဧက ၃၀၀ ကျော်မှာ သာယာကုန်း ၊မုံတဝ ၊ နမ့်ကွတ်၊ စင့်ဟယ် ၊အောင်သပြေ၊ နောင်အင် ၊ ထနော့  ရွာများရှိ တောင်သူများက ပိုင်ဆိုင်ပြီး ပြောင်းဖူး၊ ပဲစင်းငုံ၊ ပန်းနှမ်း၊ ကြံတို့ကို ရာသီအလိုက် စိုက်ပျိုးကြ ကြပါသည်။

" မြေသိမ်းတာလည်းသူတို့ ပဲ ၊စုံစမ်းစစ်ဆေးရေးတွေလုပ်မှာလည်းသူတို့ပဲ၊ စီမံကိန်းတွေလာလုပ်မှာလည်း သူတို့ပဲ၊ ဆုံးဖြတ်ချက်ချမှာလည်းသူတို့ပဲ ဖြစ်နေ တော့တိုင်သမျှ အရာမထင်ဘူးဖြစ်နေ တယ် "ဟု ဦးတင်ရွှေမှ ထပ်လောင်းပြောကြား သည်။

တောင်သူများမှ ၄င်းတို့ပိုင်သောမြေယာများအား ကာလပေါက်ဈေးနှင့်အညီလျော် ကြေးပေးရန် စက်မှုဇုန်ဥက္ကဌ နှင့်ညှိနှိုင်းဖူးသော်လည်း ယနေ့အထိအကြောင်း ပြန်ခြင်းမရှိသေးကြောင်း တောင်သူများကဆိုသည်။

အလားတူသျှမ်းပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ရှိ မြေယာစီမံခန့်ခွဲရေးကော်မတီ နှင့်မြေယာစုံစမ်းစစ် ဆေးရေး ကော်မရှင်အဖွဲ့သို့ထံလည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၅ အထိ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိသေး ကြောင်း ဒေသခံတောင်သူများကရှင်းပြသည်။

ယင်းမြေယာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့အား တောင်ကြီးမြို့ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့ဖူးကြောင်းလည်းသိရှိရပါသည်။ သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template