Headlines News :
Home » » ပြည်နယ်လွှတ်တော် အကြီးကဲများကို ရခိုင်ပါတီ မဲခွဲရွေးချယ်

ပြည်နယ်လွှတ်တော် အကြီးကဲများကို ရခိုင်ပါတီ မဲခွဲရွေးချယ်

Written By Live100 on Sunday, February 7, 2016 | 5:09 PM


ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသားပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဌတို့ကို ဒီနေ့မှာ မဲခွဲပြီး ရွေးချယ်လိုက်ကြပါတယ်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုဏ္ဏားကျွန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရသေ့တောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်းတို့ကို ရွေးချယ်လိုက်တယ်လို့ မြေပုံပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
“မနေ့ကလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်စည်းဝေးပွဲမှာ ဦးဘိုးမင်းနဲ့ ဦးစံကျော်လှဆိုတဲ့ ပုဂိုလ် ၂ ဦးကို ရွေးတယ်။ ဒီနေ့မှာ ပြည်နယ်လွှတ်တော်တက်မယ့် ပါတီက ပြည်နယ်ကိုယ်စားလှယ် ၂၂ ယောက်က သူတို့ နှစ်ဦးကို မဲပေးရွေးတော့ ဦးစံကျော်လှက ၁၄မဲ၊ ဦးဘိုးမင်းက ၈ မဲရတယ်၊ ဒါကြောင့် ဦးစံကျော်လှက လွှတ်တော်ဥက္ကဋ္ဌ၊ ဦးဘိုးမင်းက ဒုတိယဥက္ကဋ္ဌ။”
ဖေဖော်ဝါရီ ၈ရက်မှာ စတင်မယ့် ပြည်နယ်လွှတ်တော်အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာကို ပါတီက  ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ အမည်စာရင်းတင်သွင်းလာရင်တော့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ အများစု ရှိနေပြီး အန်အယ်လ်ဒီက ၈ နေရာနဲ့ ရခိုင်တိုင်းရင်းသား ၁ နေရာ၊ ကြံ့ခိုင်ရေးက ၃၊ တပ်ကိုယ်စားလှယ်က ၁၂ နေရာ ရှိပါတယ်။
ဖေဖော်ဝါရီ ၆ ရက်မှာ အန်အယ်လ်ဒီကထွက်ပေါ်ခဲ့တဲ့ ပြည်နယ်တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အမည်စာရင်းမှာ ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တို့က အမည်စာရင်း ပါမလာပါဘူး။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template