Headlines News :
Home » » ကြက်ခြံမှ တဆင့် မီးလောင်ရာမှ နေအိမ် ၁၅ အိမ် မီးလောင်ကျွမ်း

ကြက်ခြံမှ တဆင့် မီးလောင်ရာမှ နေအိမ် ၁၅ အိမ် မီးလောင်ကျွမ်း

Written By Live100 on Sunday, February 7, 2016 | 5:03 PM




ကမြောကြီး ကျေးရွာ ကဘူတောင် မီးလောင်မှု မြင်ကွင်း  -ဓာတ်ပုံ - တင့်လွင် / Dawei Watch
 ထားဝယ်၊ ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကမြောကြီးရွာ ကဘူတောင်အနီး ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က  ကြက်ခြံမှ တဆင့် မီးလောင်ရာမှ ကြက်ခြံအပါအ၀င် နေအိမ် ၁၅ အိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ယာယီကယ်ဆယ်ရေး စခန်းမှ သိရသည်။
မွန်းလဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ကြက်ခြံ အနောက်ဘက်တွင် အမှိုက်ပုံ မီးရှို့ရာမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူမှ  သိရသည်။
မီးလောင်ကျွမ်းစဉ်တွင် လူ ၆ ဦးကို အရေးပေါ် ဆေးရုံ တင်ပို့ရပြီး ၎င်းတို့အနက် အမျိုးသမီး ၄ ဦးမှာ အမောဖောက်ပြီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
ကျန် အမျိုးသားတစ်ဦးမှာ ဆိုက်ကယ် မတော်တဆ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မီးဘေးသင့်သူများကို ကဘူတောင်ရှိ ဧကရီတောင် ဘုရား ဓမ္မရုံ တွင် ကယ်ဆယ်ရေး စခန်းဖွင့်ပေးထားသည်။
ခန့်မှန်း ဆုံးရှုံးမှု တန်ဖိုး ကျပ် ၆၄ သိန်း ရှိသည်ဟု လောင်းလုံးမြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မောင်းမကန် ရဲစခန်းမှ သိရသည်။ 
 |Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template