Headlines News :
Home » » နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြှောက်

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြှောက်

Written By Live100 on Tuesday, March 15, 2016 | 2:26 PM

 နိုင်ငံတော်သမ္မတဦးထင်ကျော်

နေပြည်တော်၊ မတ် ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကျင်းပရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ဦးထင်ကျော်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှုကို နိုင်ငံတော်သမ္မတရွေးချယ်တင် မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြ ရာ ရွေးကောက် ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက် ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် အများဆုံးရရှိပြီး ရွေးချယ်တင်မြှောက် ခံရခြင်းဖြစ်သည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် မဲပေးပိုင်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၆၅၃)ဦး အနက်(၁)ဦးခွင့်တိုင်ကြားခဲ့သဖြင့် (၆၅၂)ဦးတို့မှဆန္ဒမဲပေးခဲ့ကြ ရာရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် တင်မြှောက်ထား သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံ ဆန္ဒမဲ(၃၆၀)မဲဖြင့် လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ(၇၉)မဲဖြင့်လည်းကောင်း၊ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတ အဖြစ် တင်မြှောက်ထား သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ထောက်ခံ ဆန္ဒမဲ(၂၁၃)မဲဖြင့် လည်းကောင်း အသီးအသီးရရှိခဲ့ကြသည်။

ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက်နိုင်ငံတော် သမ္မတတာဝန်နှင့် ဒုတိယသမ္မတ တာဝန်များကိုလွှဲပြောင်း ထမ်းဆောင်ကြ မည်ဖြစ်သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template