မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်လျက်ရှိပြီး အထင်ရှားဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ထိုအပြောင်းအလဲများကို ဦးဆောင်မည် ဖြစ်သည်။ NLD က ဒုတိယသမ္မတလောင်း နှစ်ဦး
အမည်စာရင်းအား လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းမှာ ထို ပြောင်းလဲမှုခရီးစဉ်၏
ခြေလှမ်းတစ်ခု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရန်
ဆောင်ရွက်ခြင်းမပြုဘဲ တည်ငြိမ်မှု ရှိစေရန်နှင့် စစ်တပ်နှင့်
ထိပ်တိုက်တွေ့မှုမျိုးမရှိရန် ဦးစားပေးခဲ့ကြောင်း ပေါ်လွင်ခဲ့သည်။
ယခုအချိန်မှာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့စင်မြင့်တွင် ဒုတိယအကြိမ် ထွက်ပေါ်ရန်
အစပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှတွင်
ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်ခဲ့ပြီး အထူးချွန်ဆုံး ဆရာဝန်များနှင့်
ကျောင်းဆရာများကို ဒေသတွင်း နိုင်ငံများသို့ စေလွှတ်နိုင်ခဲ့သည်။ ယခုအခါတွင်
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ်မျိုး တစ်ပြိုင်တည်း
ပြုလုပ်သည်ကို မြင်တွေ့ရတော့မည်ဖြစ်ပြီး ထိုသို့ နှစ်မျိုးလုံး
တစ်ပြိုင်တည်း ပြောင်းလဲမှု ပြုလုပ်သည့် နိုင်ငံ အနည်းငယ်သာရှိသည်။
စစ်တပ်က ယခုတစ်ကြိမ်တွင် ဒီမိုကရေစီအင်အားစုများအား ပိုမိုနေရာပေးရန်
လက်ခံခွင့်ပြုလိုခြင်းမှာ လူထုထောက်ခံမှု ဆုံးရှုံးနေရခြင်းကို အမှန်တကယ်
စိုးရိမ်လာခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ မြန်မာစစ်တပ်မှ
ထိပ်တန်းခေါင်းဆောင်အချို့သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့်
ခရီးစဉ်တွင် အာလင်တန် အမျိုးသားစစ်သချို င်္င်းနှင့်
ပုလဲဆိပ်ကမ်းအမှတ်တရကဲ့သို့ နေရာများသို့ သွားရောက်ခဲ့ပြီး
အမေရိကန်ပြည်သူများ၏ စစ်တပ်အပေါ် လေးစားမှု၊ အလေးထားမှုတို့ကို အားကျခဲ့သည်။
မြန်မာ စစ်ဗိုလ်ချုပ်များမှာ တာဝန်မှ အနားယူချိန် နီးကပ်လာချိန်တွင်
“အနားယူတဲ့အခါ လူတွေက ဘာတွေပြောကြမလဲ” ဆိုသည့် မေးခွန်းများ
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိခြင်းမျိုး ဖြစ်နိုင်သည်။ အခြား
အကြောင်းရင်းတစ်ခုမှာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး
ရပ်ဆိုင်းခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှသည် လက်နက်နှင့် အခြေခံ
အဆောက်အအုံအထိ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရခြင်းကို
စိုးရိမ်လာခြင်းကြောင့် ဖြစ်နိုင်သည်။
အာဏာစွန့်လွှတ်၍ ထွက်သွားရန်မှာ မည်သူ့အတွက်မှ လွယ်ကူခြင်းမရှိပေ။
ထို့ကြောင့် စစ်ဗိုလ်ချုပ်ကြီးများကလည်း အာဏာစွန့်လွှတ်ရသည့်တိုင်
အစိုးရသစ်အပေါ် အနီးကပ် စောင့်ကြည့်လိုပြီး မြန်မာနိုင်ငံ၏ လူထု ထောက်ခံမှု
အများဆုံး နိုင်ငံရေးသမားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အား တင်းတင်းကျပ်ကျပ်
ချုပ်ကိုင်ထားလိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယဦးစီးချုပ် တို့၏ ပင်စင်ယူမည့်
အသက်ကန့်သတ်ချက်အား ၅ နှစ် ထပ်တိုးခဲ့ခြင်းက ထိုရည်ရွယ်ချက်ကို
ဖော်ပြလျက်ရှိသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင်
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်ခွင့် ရရှိလာမည်ကို မလိုလားသဖြင့် အစိုးရသစ်
မတက်မီ အလျင်အမြန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့ခရီးတွင် နိုင်ငံရေး ထောင်ချောက်များ
တွေ့ရနိုင်ပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ရေရှည်
တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးစားရာတွင် ထိုသို့သော
ထောင်ချောက်များထဲ ကျရောက်ခြင်း မရှိရန် အစွမ်းကုန် သတိပြုရမည်ဖြစ်သည်။
စည်းရုံးလှုံ့ဆော်ရာတွင် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သော်လည်း နိုင်ငံအား
လက်တွေ့ ပဲ့ကိုင်မောင်းနှင်သည့်အခါ အလွဲလွဲအမှားမှား ဖြစ်ခဲ့သည့်
ခေါင်းဆောင်များ ကမ္ဘာ့သမိုင်းတွင် အများအပြား ရှိခဲ့သည်ကို သတိချပ်ရမည်
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ အာရှ
ဆင်းရဲဆုံးစာရင်းဝင် ဖြစ်နေသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်တည်ဆောက်ရန်
ဖြစ်သည်။ သူ့တွင် ရက်တစ်ရာ စီမံကိန်း၊ ၆ လ စီမံကိန်း၊ တစ်နှစ်စီမံကိန်း
စသည်တို့ ရှိနိုင်သော်လည်း အလွယ်တကူ ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ
အဆင့်တိုင်းတွင် အခက်အခဲများ စောင့်ကြိုလျက်ရှိသည်။
မြေယာကဏ္ဍ တစ်ခုတည်းတွင်ပင် ပြသ၁နာများစွာ ကြုံတွေ့ရနိုင်သည်။ ပြီးခဲ့သည့်
နှစ် ၂၀ အတွင်း စစ်အင်အား တိုးချဲ့ခဲ့ခြင်းနှင့်အတူ တပ်မှူးများက တပ်တွင်း
သက်သာချောင်ချိရေးအတွက် မြေယာများ သိမ်းယူကာ မူလပိုင်ရှင်များကို ပြန်လည်
အငှားချထားခြင်းများ အများအပြား ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင်
ထိုမြေယာများနှင့် ပတ်သက်၍ ခိုင်မာမှန်ကန်သည့် စာရင်းများ မရှိခြင်းက
ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသည့် ပြသ၁နာ ဖြစ်စေသည်။
ထို့အပြင် စစ်တပ်နှင့် နီးစပ်မှုရှိပြီး စီးပွားရေး လုပ်ငန်းများအား
အကျိုးအမြတ် တစ်ခုတည်းကြည့်ကာ လုပ်ကိုင်နေသည့် ခရိုနီ ကွန်ရက်များလည်း
ရှိနေသည်။ အောက်ခြေအဆင့်တွင် အုပ်ချုပ်ရေး ယန္တရားခြစားမှုက ထိန်းချုပ်ရန်
ခက်ခဲသည့် အခြေအနေတွင် ရှိနေသည်။ ပုံစံကျမဟုတ်သည့် စီးပွားရေး လုပ်ငန်း
ခြောက်သိန်းကျော် ရှိနေသည့် နိုင်ငံတွင် စွန့်ဦးတီထွင် အလေ့အထ
ချမှတ်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နည်းလမ်းရှာဖွေရမည် ဖြစ်သည်။
ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာမည့် နိုင်ငံတကာ ကုမ္ပဏီကြီးများက
ပြည်တွင်းရှိ နိုင်ငံခြား ပညာသင် ကျွမ်းကျင်လုပ်သား အနည်းငယ်ကို
အပြိုင်အဆိုင် ခေါ်ယူကြမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များက
ပြည်တွင်းလုပ်ငန်းများထက် ပြည်ပကုမ္ပဏီကြီးများကို ပိုမို
ဆွဲဆောင်နိုင်ဖွယ်ရှိပြီး ဝေဖန်မှုများ ပေါ်ပေါက်လာနိုင်သည်။
ကံကောင်းထောက်မစွာပင် အိမ်နီးချင်း နိုင်ငံများ၏ အခြေအနေက မြန်မာနိုင်ငံ၏
ဆွဲဆောင်နိုင်မှုကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်
ထွန်ယက်စိုက်ပျိုးမြေ ဧရိယာမှာ ၂၀ ရာခိုင်နှုန်းသာရှိသဖြင့် အနာဂတ်တွင်
အာရှ၏ ရိက္ခာထောက်ပံ့သူ ဖြစ်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။
နိုင်ငံတကာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံအနေဖြင့် ဟန်ချက်ညီရန် လိုအပ်သည်။
အိမ်နီးချင်းများဖြစ်သော အာရှအင်အားကြီး တရုတ်၊ အိန္ဒိယ တို့နှင့်
အဆင်ပြေမည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ အာဆီယံသည်
တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်တွေ့နေ သဖြင့်
မြန်မာသည် ပြသ၁နာရပ်တွင် တိုက်ရိုက်ပါဝင်သူ မဟုတ်သော်လည်း အရေးပါသည့်
ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်သည်။ ထိုပြသ၁နာရပ်များအားလုံးမှာ
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန်
များပြားလွန်းနေသည့်အပြင် ခြေလှမ်းအမှားကို စောင့်နေသည့် အာဏာကို
လက်မလွှတ်ချင်သေးသည့် စစ်ဗိုလ်ချုပ်များလည်း ရှိနေသည်ကို အထူးသတိရန်
လိုအပ်ပေသည်။
KHTun
The Ladies News