Headlines News :
Home » » ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကွင်းလုံးကျွတ်လွှတ်

ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကွင်းလုံးကျွတ်လွှတ်

Written By Live100 on Monday, March 14, 2016 | 4:34 PM


ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရတဲ့ ရခိုင်အမျိုးသားပါတီမှ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးကို အယူခံတင်သွင်းခဲ့ရာ ခရိုင်တရားက ကွင်းလုံးကျွတ်လွှတ်ပေး လိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီမှ မင်းပြားမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မြေမှ အနိုင်ရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြေပုံမြို့နယ် တရားရုံးကထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်တဲ့ အမှုအား မြောက်ဦး ခရိုင်တရားရုံးသို့ အယူခံတင်သွားခဲ့ရာမှ ဒီကနေ့ ခရိုင်တရားရုံးက အပြီးအပြတ်လွှတ် ပေးလိုက်တာပါ။
ဦးလှအောင်ညွန့်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေ ဒေါ်အေးနုစိန်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာ သူက အခုပြောပါတယ်။
’’ဟုတ်ကဲ့ပါ၊ ဒီကနေ့ အပြီးအပြတ်လွှတ်ပေးလိုက်ပါတယ်။ အပြစ်ရှိနိုင်လောက်တဲ့ ပြစ်မှု တစုံတရာ မရှိဘူး။ သံသယကင်း ရှင်းနိုင်လောက်တဲ့ သက်သေအထောက် အထားမရှိဘူး။ စွက်စွဲထားတာတွေ ခိုင်လုံမှုတစုံတရာမတွေ့ရှိတာရယ် အဲ့ဒါကြောင့် ပြစ်ဒဏ်က ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။”
၂၀၁၅ ခုနှစ် သြဂုတ်လ ၃၀ ရက် မနက် ၈ နာရီမှာ အနိုင်ရပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်မင်းပြားမြို အောက်ပိုင်းရပ်ကွက်နေ ဒေါ်ဦးမြကြည် နေအိမ်သို့ရောက်ရှိလာပြီး၊ ဒေါက်တာစံရွှေအောင် လှူဒါန်းထားသော ရခိုင်ရေဘေး အလှူပစ္စည်းများကို ကျေးရွာများသို့ သွားရောက်ပေးနေသည်ကို ရပ်တန့်ပေးဖို့နဲ့ ဆက်လက်လှူဒါန်းပါက သတ်ပစ်မယ်ဟုဆိုကာ ဒေါ်ဦးမြကြည်က တရားလိုပြုပြီး မင်းပြားမြို့ မြို့မရဲစခန်းမှာစက်တင်ဘာလ ၂ ရက်နေ့(ပ) ၁၃၃/၁၅၊ ပုဒ်မ ၄၅၁/၅၀၆ အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က မြေပုံမြို့နယ်တရားရုံး ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ ဦးလှအောင်ညွန့်အား ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပါတယ်။
’’တရားမျှတမှုမရှိဘူးထင်ပြီး လျှောက်လဲချက်တင်ထားခဲ့ပါတယ်။ ဒီအမှုစဖြစ်ကတည်းက မတရားစွပ်စွဲခံရတယ်ဆိုတ မြို့နယ်အတိုင်းအတာနဲ့ အကုန်လုံးသိကြပါတယ်’’လို့ မင်းပြားမြို့ ANP ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူးဦးစစ်နိုင်က ဒီဗွီဘီကိုပြောပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ မင်းပြားမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ ရခိုင်အမျိုးသားပါတီ ဦးလှအောင်ညွန့် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပြည်ခိုင်ဖြိုးကြုံ့ခိုင်းရေးပါတီမှ ဒေါက်တာဦးစံရွှေအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာခင်မောင်ဝင်းနှင့်၊ ချင်းဒီမိုကရက်တစ် ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်၊ မင်းပြားမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် ၂ ရခိုင်အမျိုးသားပါတီ ဦးလှအောင်ညွန့်မှ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ (သတင်း – ဇော်ခ)
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template