သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ဈေးဆိုင်ခန်းရှင်များထံ
TNLA အဖွဲ့တံဆိပ်ပါ ဆက်ကြေးတောင်းစာများ မေလ ၂၇ ရက် ရက်စွဲဖြင့် ပေး
ပို့တောင်းခံလာကြောင်း ဆိုင်ရှင်များ ပြောပြချက် အရသိရသည် ။
၎င်းဆက်ကြေးတောင်းခံသောစာများထဲတွင် “ ဆိုင်အခွန်ကောက်ခံခြင်းကိစ္စ ”
ဟုပါရှိပြီး ဆက်ကြေး ပေး ဆောင်ရန်အတွက် ၂၄ နာရီအတွင်းအကျိုး အကြောင်းပြန်
ရ မည်ဟုပါရှိကာ တရုတ် ဖုန်းနံပတ် နှင့်တကွ ရေးသားပေးပို့ ထားကြောင်း၊
အကြောင်းပြန်ရန် ပျက်ကွက်ခဲ့ပါက တာဝန်မယူဟုလည်း ပါရှိကြောင်းသိရသည် ။
“ နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့အဘက်ဘက်က ကြိုးစားနေချိန်မျိုးမှာ အခွန်ေ
ကာက်ခံတဲ့စာတွေ ၊ ဆက်ကြေးကောက်တဲ့ပစ်စာ ခြိမ်းခြောက်စာတွေ အခု လို
ပေါ်ပေါက်လာတဲ့အပေါ် ဒေသတွင်း အာဏာ ပိုင်တွေက အမြန်ဆုံးအရေး
ယူဆောင်ရွက်ပေးသင့်တယ်။ အခုလို အဘက်ဘက်ကနေ လူထုကို လျစ် လျူ
ရှုထားနေမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ဘဝဟာ လုံခြုံမှုမရှိတော့ပါဘူး ။
တိုင်းရင်းသားအချင်းချင်းကို တအာင်းတပ်ဖွဲ့အဲလိုမလုပ်သင့်ပါဘူး ” ဟု အသက်
၂၀ ကျော်အရွယ် ဆိုင်ရှင်အမျိုးသားကပြောသည် ။
အခွန်ကောက်ခံမှုစာများကို ည လူခြေတိတ်ချိန်တွင် လူ ၃ ယောက်က ဆိုင် ကယ်
စီးပြီး လာပစ်သွား သည်ဟု နမ့်ခမ်းဒေသခံ ဆိုင်ပိုင်ရှင်တဦး က ပြောသည် ။
ထိုစာကိုရရှိသောဆိုင်ရှင်များကရေးသားပေးထားသည့်ဖုန်းနံပတ်ကိုဆက်၍
ဆိုင်အနေအထား အကျယ်အဝန်း တို့ကို ရှင်းပြရကြောင်း ၊ ထိုမှ ဆက်ကြေးေ
ကာက်သည့်ဘက်မှ ဆိုင်ရှင်များ ပေးဆောင်ရမည့် ဆက်ကြေး ပမာဏ ကို
သတ်မှတ်ပေးကြာင်း ၊ ဆက်ကြေးငွေများကို နမ့်ခမ်းမြို့ပြင် လူတိတ်ေ သာနေ ရာ
တွင် ဆိုင်ရှင်ကိုယ် တိုင်သွားရောက်ပေးဆောင်ရန်လည်းချိန်းဆိုကြောင်း ၊
သက်ဆိုင်ရာအားတိုင်ကြားမည်ဆိုပါက၊ သို့မဟုတ် သတင်း ပေါက်ကြား ခဲ့ပါက
တအိမ်သားလုံး ပစ်သတ်ခံရမည်ဟုလည်း ဆက်ကြေးလက်ခံသူများ က ပြော ဆိုလာကြောင်း
ဆက်ကြေးသွားရောက် ပေးဆောင်ရသော နမ့်ခမ်းဒေသခံတဦးကပြောသည် ။
“ စီးပွါးရေးလုပ်ငန်းတောင့်တင်းပြီး ဆိုင်ကြီးတွေဆိုရင် ကြီးရင်ကြီးသလို
သိန်း ၆၀ အထိ ၊ အသေး ဆိုရင် အနည်းဆုံး ၅ သိန်းလောက်အထိ ပေးဆောင်ေ နကြရတယ် ”
ဟုလည်း ကုန်စုံဆိုင်ပိုင်ရှင် အဒေါ်တယောက်က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ
အကြား ၊ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းအကြားဖြစ်ပွါးေ နသောတိုက်ပွဲများေ
ကြာင့်ဒေသခံလူထုသည် လူ့အခွင့်အရေးများချိုးဖောက်ခြင်းအမျိုးမျိုးခံေ နရသည်
။
နမ့်ခမ်းမြို့နယ်အတွင်း မုံးဝီးအုပ်စု ဟိုပန်ရွာသည် မေလ ဆန်းပိုင်းက လက်နက်
ကိုင်အဖွဲ့တဖွဲ့မှ ဝင်ရောက်မီးရှို့လိုက်ပြီးနောက် ရွာသား၁၀၀၀ ခန့်မှာ
စစ်ဘေးရှောင်ဘဝဖြင့် အိုးအိမ်မဲ့ဖြစ်နေရ သည်။ ထိုစဉ်ကလည်း
တအာင်းတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်းဒေသခံများက ပြောဆိုခဲ့ပြီး တအာင်းဘက်ကမူ
RCSS/SSAတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည် ။
အလားတူ ကျောက်မဲမြို့တွင်လည်း တိုက်ပွဲများကြောင့် ဒေသခံလူထု
ဖမ်းဆီးရိုက်နှက်သတ် ဖြတ် ခြင်း၊
အိုးအိမ်များမီးရှို့ဖျက်ဆီးခံနေရခြင်းကြောင့် လူထု ၁၀၀၀ ကျော်မှာ
စစ်ဘေးရှောင်ဘဝဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည် ။ ထို့ကြောင့်
ပြီးခဲ့သည့် စနေနေ့ မေလ ၂၈ ရက်နေ့ က ကျောက်မဲမြို့ သံဃာတော်များနှင့်လူထု
စုစုပေါင်း ၃၀၀၀ ခန့်ကအစိုးရတပ်နှင့် တအာင်းတပ်သည် စစ်မြေပြင်အတွင်းလူထုအား
တံတိုင်းအဖြစ်အသုံးပြုနေသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်သည့်
လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့သည် ။
သျှမ်းသံတော်ဆင့်
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago