Headlines News :
Home » » USAID အုပ်ချုပ်ရေးမှူး အစိုးရနှင့် တွေ့ရန် မြန်မာပြည်ရောက်ရှိ

USAID အုပ်ချုပ်ရေးမှူး အစိုးရနှင့် တွေ့ရန် မြန်မာပြည်ရောက်ရှိ

Written By Live100 on Sunday, May 1, 2016 | 3:58 PM


အုပ်ချုပ်ရေးမှူး ဂေးလ်စမစ်

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အုပ်ချုပ်ရေးမှူး ဂေးလ်စမစ် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သူ့ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ရှိတယ်လို့ ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးတာဝန်ရှိသူတဦးရဲ့ ခရီးဖြစ်ပြီး USAID က လုပ်နေတဲ့ စီမံကိန်းတွေကို လေ့လာမယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအ၀င် နိုင်ငံတ၀န်းရှိ ဒေသခံလူထုတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းရေးနဲ့ တရာမျှတမှုဖော်ဆောင်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ဟာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့တို့ရဲ့ နယ်ပယ်အတော်များများကို ထောက်ပံ့ကူညီနေတယ်လို့ ပြောပါတယ်။
“သူတို့က ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ မြေယာအခွင့် အရေးကိစ္စ၊ သူတို့ ပရော့ဂျက်တွေ တော်တော်များတယ်ဗျ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ကူညီပြီး လုပ်နေတာတွေ ရှိသလို ဥပမာ မြေယာအသုံးချမှု မူဝါဒရေးဆွဲရေးကိစ္စတွေမှာ အစိုးရနဲ့ ပူးတွဲလုပ်ဆောင်နေတာတွေလည်း ရှိတယ်။”
USAID ဟာ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လိုအပ်တဲ့ ငွေကြေးတင်မဟုတ်ဘဲ နည်းပညာနဲ့ အတွေ့အကြုံတွေကို ထောက်ပံ့ဖို့ ရှိပါတယ်။
အစိုးရတာဝန်ရှိသူတွေအနေနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး ဂေးလ် စမစ်နဲ့တွေ့တဲ့အခါ လတ်တလော အယ်လ်နီညို ရာသီဥတုဖြစ်စဉ်အကျိုးဆက်ကြောင့် ဖြစ်ပွားနေတဲ့ သဘာဝဘေးကို ကူညီထောက်ပံ့ဖို့နဲ့ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ ပါဝင်လုပ်ဆောင်ပေးဖို့ ဖိတ်ခေါ်သင့်တယ်လို့ ဒေါက်တာသောင်းထွန်းက အကြံပြုပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template