Headlines News :
Home » » ကျောင်းဆရာ၊ ဆရာမများ၏ လစာကို ATM ကတ်များဖြင့် ပေးချေတော့မည်

ကျောင်းဆရာ၊ ဆရာမများ၏ လစာကို ATM ကတ်များဖြင့် ပေးချေတော့မည်

Written By Live100 on Monday, June 13, 2016 | 3:30 PM

ပညာရေးဌာနက ဆရာ၊ ဆရာမတွေရဲ့လစာကို ATM ကတ်တွေနဲ့ ပေးချေသွားဖို့အတွက် ရန်ကုန်မြို့က ကျောင်းငါးကျောင်းမှာ စမ်းသပ်အသုံးပြုသွားဖို့အတွက် ပြင်ဆင်နေပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ ရာစီမံချက်ထဲမှာပါတဲ့ အချက်တခုဖြစ်တဲ့ ဆရာ၊ ဆရာမ တွေရဲ့ဝန်ထမ်းလစာ အပြည့်အဝ ရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လမ်းညွန်ချက်တာကြောင့် အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ ဗဟန်းမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေထဲက စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ဗဟန်းမြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာစတင် အသုံးပြုသွားမှာဖြစ်ပြီး ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက် အသုံးပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ATM ကတ်တွေအသုံးပြုပြီး လစာထုတ်ခွင့်ပေးတာကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ လစာငွေကို အပြည့်အဝအသုံးပြုခွင့်ရမယ့်အပြင် အချိန်ကုန်၊ လူပန်းသက်သာစေမှာဖြစ်တယ်လို့ ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template