Headlines News :
Home » » ဘိုကလေးတွင် အမျိုးသမီးတဦး မိကျောင်းကိုက်ခံရ၍ သေဆုံး

ဘိုကလေးတွင် အမျိုးသမီးတဦး မိကျောင်းကိုက်ခံရ၍ သေဆုံး

Written By Live100 on Monday, June 13, 2016 | 3:26 PM

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာမှာ အမျိုးသမီးတဦး မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဆင်အိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် မခိုင်ခိုင်ဦးဟာ ချောင်းထဲ ရေစပ်အနီး ဘဲခြံမှာ ဘဲစာကျွေးပြီး ဘဲစာပုံးကို ရေစပ်သို့ ဆင်းအဆေးတွင် မိကျောင်းကိုက်ချီသွားခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မခိုင်ခိုင်ဦးရဲ့ အမျိုးသားဟာ လယ်ယာလုပ်ငန်းနဲ့ ဘဲမွေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ၃ နှစ်အရွယ်သား ၁ ဦးနဲ့ ၄၈ ရက်သား ၁ ဦး တို့ ကျန်ရှိခဲ့ပါတယ်။
အခုလို မိကျောင်းကိုက်မှု ဖြစ်စဉ်မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသား ၁ ဦးနဲ့ ၂ဝ၁၄ ခုနှစ်မှာလည်း ဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး ၁ ပါး၊ ၂ဝ၁၅ ခုနှစ်မှာ ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးတို့ မိကျောင်းကိုက်ခံခဲ့ရတဲ့အတွက် သတိပြုနေထိုင်ဖို့ ဆင်အိုင်ကျေးရွာ ဒေသခံတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး အစိုးရသတင်းမှာဖော်ပြထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template