Headlines News :
Home » , » အင်္ဂလန်နှင့် ရုရှား ပရိသတ်များ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေပါက ပြိုင်ပွဲမှ ထုတ်ပစ်မည်ဟု သတိပေး

အင်္ဂလန်နှင့် ရုရှား ပရိသတ်များ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေပါက ပြိုင်ပွဲမှ ထုတ်ပစ်မည်ဟု သတိပေး

Written By Live100 on Monday, June 13, 2016 | 3:25 PM

ယူရို ၂၀၁၆ ရုရှားနှင့်ပွဲတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်နေသည့် အင်္ဂလန်ပရိသတ်များ။ (ဓာတ်ပုံ - Getty)

အင်္ဂလန်နဲ့ ရုရှားအသင်း ပရိသတ်တွေ အရင်ရက်တွေတုန်းကလိုပဲ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေမယ်ဆိုရင် နှစ်သင်းစလုံးကို ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်တဲ့အထိ အရေးယူမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ဒါကို ပြင်သစ်ပြည်ထဲရေးဝန်ကြီးကလည်း ထောက်ခံတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းအတွင်းမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်လာရင် အပြစ်ပေးဖို့ လိုအပ်တယ်လို့ ၀န်ကြီး ဘားနက် ကာဇန်နူဗီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မာဆေးလ်မြို့မှာ ဖြစ်ပွားတဲ့ ကိစ္စလိုမျိုး ဘောလုံးပွဲ လက်ခံကျင်းပနေတဲ့ ၉ မြို့စလုံးမှာ မဖြစ်မခံကြဖို့ မြို့အသီးသီးက ရဲအဖွဲ့တွေကို မှာကြားထားတယ်လို့လည်း ပြောပါတယ်။
ဝရုန်းသုန်းကား ဖြစ်ပြီးနောက် ဖမ်းဆီးထားသူတွေကိုလည်း ဘောလုံးပွဲကြည့်ခွင့် ပိတ်ပစ်မယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားပရိသတ်တွေက အင်္ဂလန်အသင်း ပရိသတ်တွေကို ထိုးကြိတ် ကန်ကြောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ လူမျိုးရေး ရန်လိုမှုတွေ ပါဝင်နေသလားဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းမှာ ရုတ်ရုတ်သဲသဲ မဖြစ်ခင်ကတည်းက အင်္ဂလိပ်၊ ရုရှားနဲ့ အိမ်ရှင် ပြင်သစ်ပရိသတ်တွေ မာဆေးမြို့မှာ ၃ ရက်ဆက်တိုက် ထိပ်တိုက်တွေ့ခဲ့ကြလို့ ရဲက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template