Headlines News :
Home » » စည်ပင်သာယာဝန်ထမ်းပျောက်ဆုံးနေမှု ၊ ဌာနပေါ်မကျေနပ်မှုများ တောင်ကြီး၌ရှင်းလင်းပွဲလုပ်

စည်ပင်သာယာဝန်ထမ်းပျောက်ဆုံးနေမှု ၊ ဌာနပေါ်မကျေနပ်မှုများ တောင်ကြီး၌ရှင်းလင်းပွဲလုပ်

Written By Live100 on Monday, June 13, 2016 | 3:19 PM

သျှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှတာဝန်ယူမှုမပေးနိုင်သဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် ၀န်ထမ်း များ၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတရပ်ကို သျှမ်းပြည်နယ်မြို့တော်တောင်ကြီး စိန်ပန်း ရပ်ရှိ အောင်မြေဘုံစံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည် ။



ယမန်နှစ်က သီပေါမြို့နယ် စည်ပင်ဝန်ထမ်းနှစ်ဦး  မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် အငယ်တန်း စာရေး ကိုနိုင်လင်းတို့သည် သျှမ်းပြည်နယ် တောင်ပိုင်း  မိုင်းနောင် မှ ကျေးသီးတွင် လစာ ထုတ်ပြီး အပြန်လမ်းတွင်  ပျောက်ဆုံးသွားခြင်း အပေါ်  တာဝန်ယူ ဖြေရှင်းပေးမှုမရှိခြင်း ၊ စည်ပင်သာယာရေး ဌာနတွင်အင်ဂျင်နီယာအဖြစ်အနှစ် (၂၀) တာဝန်ထမ်းဆောင် လာသော စည်ပင်ဝန် ထမ်း တစ်ဦးအား အပြစ်ရှာ၍ အလုပ်ထုတ်ခဲ့ပစ်ခြင်း ၊ ၄င်းဝန်ထမ်း၏အမျိုးသားဖြစ်သူကိုလည်းဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်း၊ သျှမ်းပြည်နယ်စည်ပင် သာယာရေးဌာနမှဘတ်ဂျက်ရန်ပုံငွေများအား နှစ်ပေါင်းများစွာ အလွဲသုံးစားပြုခဲ့ခြင်းစသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာသူ ၀န်ထမ်း မိသားစုများမှသတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည် ။


“ စည်ပင်ဌာနကစာထွက်ပါတယ် ။  ဒီပျောက်သွားတဲ့ဝန်ထမ်း ၂ ဦးက သေသွားသလိုလို၊ နယ်စပ် ဘက် နွားသွားရောင်းတဲ့သူတွေနဲ့အတူ ဖမ်းတဲ့ထဲပါသွားတယ် ပြောလိုက် ၊ သစ်ဖမ်းတဲ့အထဲပါသွား တယ်ပြောလိုက် ၊ ဖမ်းခံရာကနေ ထွက်ပြေးလို့ လက်နက်ကိုင်အုပ်စုက ပစ်သတ်တယ်ပြောလိုက်နဲ့ အမျိုးမျိုးပြောတယ် ။ သူတို့ကိုယ်သူတို့ကာကွယ် တဲ့စာတွေပဲ ။ ဘာမှတိတိကျကျ မသိရဘူး ။ နောက်ဆုံး တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်ဆိုတဲ့စာ ထွက်လာတယ် ” ဟု ၂၀၁၅ ဂျူလိုင်လ တွင် မိုင်းနောင်မှ လစာထုတ်ပြီး ကျေးသီးအပြန်လမ်း တွင်ပျောက်ဆုံးသွားသော အငယ်တန်းစာရေး ကိုနိုင်လင်း၏ အစ်ကိုဖြစ်သူ ကပြောသည် ။
သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အာဏာရှင်ဆန်ဆန် မမှန်မကန်တရားဆောင်ရွက်မှုများကြောင့် နစ်နာနေရသည့်ဝန်ထမ်းများ၏သတင်းစာရှင်းလင်းပွဲ ဟုအမည်ပေးကာ ဂျွန်လ ၁၁ ရက်နေ့တွင်ပြုလုပ်ရာ တက်ရောက်နားထောင်သူနှင့်သတင်း သမား များ စုစုပေါင်း ၅၀ ကျော် ရှိပါသည် ။


“ ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး ဌာနကဘာမှ ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး ။ မိသားစုဝင် တွေက မိုင်းနောင်ကိုလိုက်သွားပြီးစုံ စမ်းခဲ့ပါသေးတယ်။ ဘာမှတိတိကျကျမသိရပါဘူး ”  ဟုလည်း လစာထုတ်ရာမှ ကျေးသီးအပြန် လမ်းတွင်ပျောက်ဆုံးသွားသော ဦးစီးမှူး ဦးအောင်နိုင်ဝင်း၏ဇနီး ဒေါ်ခင်သန္တာဝင်းကရှင်းပြသည် ။


ထို့ပြင် စည်ပင်သာယာရေးဌာနတွင်အင်ဂျင်နီယာ အဖြစ်အနှစ် (၂၀) ခန့်တာဝန် ထမ်းဆောင်ခဲ့သော ဒေါ်မြင့်မြင့်မော်သည်လည်း နေရာပြောင်းရွှေ့ခွင့်တောင်းခံရာတွင်  သျှမ်းပြည်နယ်စည်ပင်ဌာနမှ ညွှန်ကြားရေးမှူးက တောင်းဆိုသည့်အတိုင်းအလဲအလှယ်မလုပ်ပေးနိုင်သဖြင့် ရာထူးနှင့်နေရာ အဆင့်ဆင့် ပြောင်းရွှေ့ကာ အလုပ်မှထုတ်ပယ်ခဲ့သည်အထိဖြစ်ခဲ့ရကြောင်း ကာယကံရှင်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ရှင်းလင်းပြောပြသည် ။


ထို့အပြင် ခင်ပွန်း ဖြစ်သူ ဦးဇော်မျိုးဝင်း ကိုလည်းဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုသေး ထားကြောင်း  ၄င်းကဆက်လက်ပြောပြသည် ။


ယင်းကိစ္စများနှင့်ပတ်သက်၍ ကာယာကံရှင်မိသားစုများမှ သျှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သမ္မတရုံး  ထံသို့ မေလကတည်းက တိုင်ကြားပြီးဖြစ်သည်ဟုသိရသည် ။ အထက်ပါသတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ဂျွန်လ (၁၂) ရက်နေ့တွင် ပြည်နယ်စည်ပင် ညွှန်မှုး ဦးစိုင်းထွန်းထွန်း ထံ သွားရောက်မေးမြန်းခဲ့ရာ တိတိကျကျပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template