Headlines News :
Home » , » ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်ဒေသခရီးစဉ် နှင့်အသံမျိုးစုံ

ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်ဒေသခရီးစဉ် နှင့်အသံမျိုးစုံ

Written By လွင့်မောင်မောင် on Thursday, March 14, 2013 | 7:04 PM

ဒေါ်အောင်ဆန်းစုကြည်အား ၄င်းတည်းခိုရာ မုံရွာမြို့၊ ၀င်းယူးနတီဟိုတယ်ရှေ့တွင် ဒေသခံ ၅၀ ၀န်းကျင်ခန့် ထောက်ခံ ကြိုဆိုခဲ့စဉ်
Thanlar Waddy (14-3-2013)
  ဒေါ်အောင်ဆန်းစုကြည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာ နှင့် နိုင်ငံတလွှားထွက်ပေါ်
လာသောအသံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
=================================================
                       ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပံတောင်းအစီရင်ခံစာ
                            အစိမ်းရောင် လွင်ပြင် ကတင်ပြဆွေးနွေးချက်ပါ။
လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက်မှာ ရေးချင်တာ လေးတွေ ပေါ်လာတာရှိလို့ စာနည်းနည်း ရေးပါဦးမယ်။

အစီရင်ခံစာမှာ ပြည်သူတွေ ဘက်ကနေ ဘက်စုံတွေးပြီး ရေးထားတယ် ဆိုတာ သံသယ ဖြစ်စရာမရှိအောင် ပြည့်စုံတယ်လို့ ကျွန်မတော့ ထင်မြင် မိပါတယ်။
 အဲ လူတစ်ချို့ လိုချင်တဲ့ စီမံကိန်းကြီး အပြီး ရပ်ဆိုင်းရေး ဆိုတာကို ထည့်မရေးထားတာက လွဲရင်ပေါ့နော်။ အစီရင်ခံစာမှာ စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင်
ဒေသခံတွေ အတွက်လည်း အဘက်ဘက်က စဉ်းစားပြီးမှ ပြုပြင်စရာတွေ အများကြီး ပြုပြင်ပြီးမှ ဆက်လုပ်ဖို့ ရေးထားတာကိုလည်း သေချာ တွေ့ရမှာပါ။
ဒေသခံတွေ အတွက် သေချာကို စဉ်းစားပြီးမှ ရေးထားတယ်ဆိုတာ သံသယ ရှိစရာမလိုအောင် ပြည့်စုံတယ်လို့ ထင်မိပါတယ်။
 အချို့ကတော့လည်း ထွက်လာတဲ့ အစီရင်ခံစာဟာ စီမံကိန်း လုံးဝ ရပ်ဆိုင်းပစ်ရမယ်လို့ မပါတဲ့အတွက် တရုတ်ကို ကြောက်ပြီး ဝမ်ပေါင်အကျိုးကိုကြည့်တယ်။
 ဦးပိုင် ဝင်ငွေ မရမှာကို စိုးပြီး စီမံကိန်းကို ရပ်ပစ်ဖို့ ထည့်မပြောထားဘူး ဆိုဘူး ဝေဖန်ကြတာတွေ တွေ့မိပါတယ်။
 မနေ့က ထွက်လာတဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ဦးပိုင်နဲ့ ဝမ်ပေါင် အကျိုးကိုကြည့်ပြီး စီမံကိန်းကို ရပ်ဖို့ မပြောတာ သက်သက်မဟုတ်ပါဘူး။
လူနည်းစုအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ကြည့်တာပါ။

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး မကြာခင်မှာ ကျွန်မတို့တိုင်းပြည်ကို ဝင်လာဖို့ ရှိပါတယ်။
သို့ပေမဲ့ နိုင်ငံ အသီးသီး၊ စီးပွားရေး လုပ်ငန်းစု အသီးသီးက ရင်းနှီးမြုပ်နှံမဲ့သူတွေဟာ တိုင်းပြည်ထဲ ဝင်မလာခင်မှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိမရှိ၊
 ဥပဒေတွေ ခိုင်မာမှု ရှိမရှိ စောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကြေးနီစီမံကိန်းရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေကြတာ သေချာပါတယ်။
 စီးပွားရေး စီမံကိန်းတွေ စလုပ်ကြပြီးတဲ့နောက်မှ အကြောင်း အမျိုးမျိုးဖြစ်လာပြီး စီမံကိန်းတွေကို လွယ်လွယ်နဲ့ ရပ်ပစ်လိုက်ရင် အဲဒီ နိုင်ငံမျိုးကို တစ်ခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့
 လက်တွန့်သွားမှာ သေချာပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရောက်မလာရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာလည်း နှောင့်နှေးသွားမှာ၊ တိုင်းပြည်နစ်နာသွားမှာပါ။
 ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ စီမံကိန်းရပ်ပစ်ဖို့ မပြောဘဲ အကောင်းဆုံး ဖြစ်နိုင်မဲ့ လမ်းကို ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။

ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းဖို့ အစီရင်ခံစာမှာ ထည့်ရေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကို ပိုရမှာကို သူမသိဘဲ မနေပါဘူး။
သို့သော်လည်း လူထုရဲ့ ထောက်ခံမှုပိုရဖို့ မရဖို့ထက်၊ သူနေရာရဖို့ မရဖို့ထက် တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ အစီရင်ခံစာမှာ ထင်ရှားပါတယ်။
 လူအများ အကြိုက်ကို မလိုက်နိုင်ဘဲ တိုင်းပြည် ဘယ်လိုအကျိုးရှိအောင် လုပ်မလဲ ဆိုတာကို ပိုစဉ်းစားပြီး ပညာတတ်ပီပီ အဆင်ပြေ ချောမွေ့အောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်တယ်လို့ ထင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အမြင်ကျယ်သလို ကျွန်မတို့ ပြည်သူတွေ ကရော အမြင်ကျယ်ဖို့ မလိုအပ်ဘူးလားနော်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီအစီရင်ခံစာကို လူတိုင်းတော့ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိုသိနေပုံရပါတယ်။
ဒါကြောင့်လည်း အစီရင်ခံစာကို မကျေနပ်ရင် ဥပဒေဘောင်အတွင်းက တောင်းဆိုကြလို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။


ကျွန်မတို့ ပြည်သူတွေဟာ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တော့လည်း တိုင်းပြည် ဆင်းရဲတာ သူတို့ အမြင်မကျယ်လို့ ခေါင်းဆောင် ညံ့လို့ဆိုပြီး ပြောခဲ့ကြတယ်။
အမြင်ကျယ်တဲ့သူတွေရဲ့ ဦးဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကျပြန်တော့လည်း လက်မခံပြန်ဘူး ဆိုရင် ဘယ်လို ခေါင်းဆောင်မှု မျိုးကို လိုအပ်ပါသလဲလို့ မေးရမှာ ဖြစ်ပါတယ်။
ကိုယ့်ဒေသအကျိုးကို ကြည့်တာလည်း ကြည့်ပါ။ သို့သော်လည်း ပိုအရေးကြီးတဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးကိုလည်း ကြည့်ကြဖို့လည်း လိုပါသေးတယ်။
 မိမိတို့ ဖြစ်ချင်တာ သက်သက်ထက်၊ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်ထက်လည်း တိုင်းပြည် တစ်ခုလုံးရဲ့အရေးက ပိုအရေးကြီးပါတယ်။
ကျွန်မ အခုလို ရေးလို့ “ခင်ဗျားက အဲဒီဒေသမှာ နေတာ မဟုတ်တော့ ဒေသခံတွေကို ဘယ် ကိုယ်ချင်းစာတတ်မလဲ။ ခုလို ပြောမှာပေါ့”လို့ စွပ်စွဲမယ် ဆိုရင်လည်း ခံရမှာပါဘဲ။
သို့သော် တစ်ခု ပြောချင်တာက ကျောက်စိမ်းတွေ မြေလှန်တူးလို့ သောက်လို့ သုံးလို့မရတော့ဘဲ နောက်ကျိ ဝင်းဝါနေတဲ့ ချောင်းကလေးတစ်ခုရဲ့ ဘေးက စွန့်ပစ်မြေစာပုံတွေ ပတ်လည်ဝိုင်းနေတဲ့
ဖားကန့်ဒေသရဲ့ ရွာကလေးတစ်ခုမှာ ကျွန်မရဲ့အိမ် ရှိပါတယ် ဆိုတာပါဘဲ။ သယံဇာတ ထွက်ရှိတဲ့ နေရာတစ်ခုရဲ့ ဆိုးကျိုးတွေကို ငယ်ငယ်ကတည်းက ခံစားခဲ့ဖူးပြီး ခုလက်ရှိလည်း
စစ်ဒဏ်ရော ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ရော ခံစားနေရတဲ့ နေရာကလေးမှာဘဲ ကျွန်မ မွေးဖွားကြီးပြင်းခဲ့တာ။ မိသားစုတွေ နေထိုင်ဆဲပါလို့ ပြန်ပြောပါရစေ။ တောင်တန်းကြီးတွေ ပျောက်ဆုံးသွားပြီး
 သစ်ပင်တွေ မရှိတော့တဲ့ ဖားကန့်ဆိုတဲ့ နေရာဟာ သဘာဝ ပတ်ဝန်းကျင်ရော လူနေ ပတ်ဝန်းကျင်တွေပါ ပျက်စီးနေခဲ့တာ ကြာပါပြီ။ နှစ်စဉ် ရေကြီးလို့ မြို့ရွာတွေ ရေမြုပ်ကြတာ၊ တောင်တွေ ပြိုပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးရတာတွေ စတဲ့ ဒုက္ခတွေ အများကြီးကို ခံစားနေရတာပါ။

သို့ပေမဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးလို့ ဖားကန့်မှာ ကျောက်တွေ လာမတူးကြပါနဲ့။ ကျောက်စိမ်းလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းကြပါလို့ ကျွန်မတို့အနေနဲ့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ရှိနေတဲ့ သယံဇာတကို မတူးဖော်ဘဲ ထားထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းဖို့၊ ဒေသခံတွေရဲ့ မြို့ရွာ အိုးအိမ်တွေ မပျက်စီးဖို့ ၊ သယံဇာတ ထွက်တဲ့နေရာတွေ အတွက် လုံခြုံရေး၊ တိုးတက် ဖွံ့ဖြိုးရေးတွေကို ထည့်သွင်း လုပ်ဆောင်ပေးကြဖို့ စတာတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ ကမ္ဘာမှာ သယံဇာတ အပေါများဆုံး နိုင်ငံပါ။
သို့သော်လည်း သယံဇာတတွေကို သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဘယ်လို တူးဖော်ရမယ်ဆိုတာ မသိဆုံးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေး၊ တိုးတက်ရေးကိုတော့ လစ်လျူ အရှုဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သယံဇာတတွေ ရှိတဲ့ နိုင်ငံ အနေနဲ့ သယံဇာတပုံကြီးပေါ် ထိုင်ပြီး မထုတ်လုပ်ဘဲ နေဖို့တော့ မဖြစ်နိုင်ပါဘူး။ ထုတ်တော့ ထုတ်ရမှာပါဘဲ။ သို့သော် တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ယူရာမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ နိုင်ငံခြားကုမ္ပဏီများနဲ့ ဖက်စပ် လုပ်ကိုင်မယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဝင်ငွေ ပိုရအောင်၊ ဒေသခံတွေလည်း အကျိုး ခံစားခွင့်ရအောင်၊ ဘယ်လိုပြုပြင်ရမယ် ဘယ်လို အချက်တွေ ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ လက်ပံတောင်းတောင် စီမံကိန်းကနေ သင်ခန်းစာယူကြပြီး နောက်ထပ် စီမံကိန်းတွေ၊ သယံဇာတ တူးဖော်မဲ့ နေရာတွေမှာတော့ အကောင်းဆုံး လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး နောက်ဝင်လာမဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မျှော်ကိုးပြီး လျှော့သင့်တာတွေ လျှော့သင့်တယ်လို့ ထင်မြင်မိပါကြောင်းရှင်။ ဒီစာရေးလို့ သဘောမတူ၊ မကျေနပ်သူများ ဆဲမယ်ဆို ဆဲနိုင်ပါပြီ။ လက်ညောင်းခံ အမုန်းခံ၍ ရေးလိုက်ပြီဖြစ်ပါကြောင်း။
Credit to >>အစိမ်းရောင် လွင်ပြင်
======================================================
                ဒေါ်အောင်ဆန်းစုကြည် ဆည်တည်းကျေးရွာတွင် ညှိုနှိုင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၆ မိနစ်

ရန်ကုန်(မဇ္ဈိမ)။ ။ (၁း၁၅) ဒေါ်အောင်ဆန်းဆုကြည်သည် ယခုအခါ ဆည်တည်းကျေးရွာရှိ ဓမ္မာရုံသို့ ရောက်ရှိနေပြီး ပြည်သူများနှင့် အပြန်အလှန် ပြောဆိုလျက်ရှိကြောင်း ဆည်းတည်းကျေးရွာရောက်ရှိနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုဘထူးက ပြောသည်။

၎င်းက“ ပြည်သူတွေကတော့ ကျေးရွာလည်းမပြောင်းပေးနိုင်ပါဘူး။ ပုဒ်မ ၅၉၉ ကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆိုနေပါတယ်။ မီးလောင်ဗုံးရဲ့ တရားခံကိုလည်း ရှာပေးဖို့တောင်းဆိုနေပါတယ်” ပြောသည်။

မီးလောင်ဗုံး တရားခံကိစ္စနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတွေက ဥပဒေနှင့် ဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော် တဲ့အတွက်ဖြစ်တယ်ဟု ပြန်လည်ဖြေရှင်းခဲ့ပြီး မီးလောင်ဗုံးမဟုတ် မီးခိုးဗုံးသာဖြစ်ကြောင်း
ပြောဆိုသည်ဟု ကိုဘထူးက မဇ္ဈိမကိုပြောသည်။

ဆည်တည်းကျေးရွာ နေထိုင်သူ မရီဝင်းက " အဓိကက ကျမတို့ တောင်းဆိုချင်တာက ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ဖျက်သိမ်းရေးပဲ၊ ကျန်တာတွေ မတောင်းဆိုချင်ပါဘူး "ဟု ပြောသည်။

ယခုလက်ရှိ အချိန်တွင် ဆည်တည်းကျေးရွာ ဓမ္မာရုံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အန်အယ်ဒီမိသားစု ငါးယောက်ရှိသည်ဟု ကိုဘထူးကပင် ပြောဆိုခဲ့သည်။

ရွာသားများ၏ ၀ိုင်းဝန်းဆန္ဒပြနေကြောင်း ကိုဘထူးမှ အတည်ပြုပြောဆိုသည်။

 13-3-2013Mizzima - News in Burmese<
==================================================

ဒေါ်အောင်ဆန်းစုကြည် ယနေ့သွားရောက်ဆွေးနွေးခဲ့သော တုံရွာနှင့် ဆည်တဲရွာ
၂ရွာစလုံး၌ဒေသခံများမှ ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း
၂ရွာလုံး၌ ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသက်တမ်း ၂၅နှစ်အတွင်း အာဏာပိုင်များဘက်မှ ဖိအားမပါပဲ ပထမဦးဆုံးအကြိမ်အဖြစ် ပြည်သူအချို့၏ ဆန့်ကျင်ဆန္ဒပြမှု ကြုံတွေ့ရခြင်းဖြစ်သည်။

လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင် ဥက္ကဌဒေါ်အောင်ဆန်း စုကြည် မှ ဆည်တဲကျေးရွာတွင် အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ရာတွင်
 ဒေသခံများက လက်ခံခြင်းမရှိဘဲ ၀ိုင်းဝန်း ဆန္ဒပြကြခြင်းကြောင့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ YMG News
====================================================


ဟန်ဝင်းအောင်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည့်ကို ဆည်တည်ရွာထဲကို
ကားပေါ်က ဆင်းပြီ လမ်းလျှောက်ပြီ ၀င်းခိုင်းတယ်ဗျာ။
 မီဒီယာသမားတွေကိုလည်း ဘယ်သူမှ မ၀င်ရဘူး။
 တစ်ယောက်မှ အယုံအကြည်မရှိဘူးလို့ ပြောတယ်။
 ဇွတ်အတင်းဝင်လို့ ပြသာနာဖြစ်လာရင် ခင်ဗျာတို့ မီဒီယာသမားတွေကြောင့်ပဲလို့ ပြောတယ်။
 ဒီကောင်တွေ တော်တော်ကို ဆိုးဝါးသောင်းကျန်းလွန်းနေပြီ။
Aung Nay Myo(Facebook)
=====================================================

လက်ပန်တောင်းတောင်တုံရွာမှပြည်သူများနှင့်လူထုခေါ်င်းဆောင်


(၁၄-၃-၂၀၁၃)







လက်ပန်တောင်းတောင်တုံရွာမှပြည်သူတွေစီမံကိန်းလုံးဝဖျက်သိမ်းရေးတောင်းဆိုနေပြီ(၁၄-၃-၂၀၁၃)
 Ko Han Win Aung (Facebook)
======================================================



သမ္မတကြီးသိန်းစိန်ရဲ့ အကူအညီတောင်းမှုကြောင့် သူမဦးစီးရေးသားပေးခဲ့သည့် အစီရင်ခံစာအား ခါးခါးသီးသီး ကန့်ကွက်နေကြတဲ့ လက်ပံတောင်းဒေသခံများရဲ့ ခံစားမှုတွေအပေါ် နားလည်စာနာစွာဖြင့် ငေးကြည့်နေသည့် ဒေါ်အောင်ဆန်းစုကြည် (14-3-2013)
ခွန်ဒီးယမ်(FacebooK)
-----------------------------------------------------------------------------------------------------------
                                 လက်ပံတောင်းကော်မရှင်ဥက္ကဌ ဒေသခံများနှင့်တွေ့ဆုံ
   လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ဆားလင်းကြီးမြို့နယ် တုံရွာသို့ မတ်လ ၁၄ရက် နံနက် ၁၀နာရီခန့်တွင် ရောက်ရှိပြီး ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင် ဆန္ဒပြ ခဲ့ကြသည့် ဒေသခံ ပြည်သူများနှင့် တုံရွာ သပိတ်စခန်းတွင် တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း၊ ဆန္ဒပြသူများကို ဦးဆောင်ခဲ့သူ ကိုဟန်ဝင်းအောင် မှာလည်း လာရောက်တွေ့ဆုံခြင်း မရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။





=================================================
                            ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရမှာ မဟုတ်ပါ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို သေချာဖတ်သင့်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ ဒေါ်စုက နိုင်ငံတော်ကိုယ်စား သတ္တုတွင်းဝန်ကြီးဋ္ဌာန၊ ဦးပိုင်နဲ့ ၀မ်ဘောင် ကုမ္ပဏီတို့ကို လိုက်နာဆောင်ရွက်ရမဲ့ အချက်အလက်တွေကို အကြံပြုထားတာ တွေ့ရပါတယ်။

အစီရင်ခံစာထဲမှာ ပါတဲ့ (များလှစွာသော) အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်စုက နိုင်ငံတော်အကျိုးအတွက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်
ဒေသခံ မြေသိမ်းခံရသူတွေအတွက် မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်တွေ
အတွက် အကျိုးရှိမဲ့ အကြံပြုချက်တွေ ပေးထားပြီး ဖြစ်ပါတယ်။

ဦးပိုင်ရော၊ ၀မ်းဘောင်ရော သတ္တုတွင်းဝန်ကြီးဋ္ဌာနတို့ကသာ ဒီအချက်အလက်တွေအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

သူတို့ ဒီအချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်အောင် ပြည်သူတွေက ဆန္ဒဖော်ထုတ်ရမှာပါ။

မေသင်္ကြန်ဟိန်း(မြစ်မခ)https://www.facebook.com/MayThingyanHein?ref=hl
===================================================
ဒေါ်အောင်ဆန်းစုကြည်အား မုံရွာမြို့ခံများမှ စောင့်ကြို နှုတ်ခွန်းဆက်မည်
=========================================
လက်ပံတောင်းကြေးနီစီမံကိန်းဒေသရှိ ကျေးရွာများအား သွားရောက်နှစ်သိမ့်နေသော စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ မုံရွာမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် မုံရွာမြို့ခံများမှ စောင့်ကြိုနှုတ်ခွန်းဆက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"မုံရွာကနေ အမေစု မျက်နှာမသာမယာ စိတ်မကောင်းဖြစ်စွာနဲ့ ပြန်သွားရမှာကို ကျွန်တော်မလိုလားပါဘူး၊ မုံရွာမြို့ကလူတွေဟာ အမေ့ကို ချစ်တယ်၊ အမေ့လုပ်ရပ်တွေကို ထောက်ခံနေတယ်ဆိုတာ အမေသိအောင် ပြချင်ပါတယ်၊ မုံရွာသမိုင်းကို မရိုင်းစေချင်ပါဘူး" ဟု မုံရွာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက သူ၏ဖေ့ဘုတ်တွင် ပြောကြာထားသည်။
"ကော်မရှင်ရဲ့ အစီရင်ခံစာအား တကယ်ကိုပဲ တရားမျှတမှုရှိပါတယ်၊ ထောက်ခံပါတယ်၊ ဒီညနေ အမေမုံရွာကို ပြန်လာတဲ့အချိန်မှာ ကျွန်တော်က လက်ဝှေ့ယမ်းပြီး ကြိုဆိုသွားမှာပါ" ဟု အသက်လေးဆယ်အရွယ် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက် ၀င်းယူနတီဟိုတယ်ရှေ့နှင့် အလုံလမ်းတလျှောက်တွင် ညနေ ၄ နာရီအချိန်ခန့်မှစ၍ ကြိုဆိုရန် စောင့်ဆိုင်းနေကြမည်ဖြစ်ကြောင်း သိရသည်။-

 Thanlar Waddy Times 14-3-2013
===================================================
ဒေါ်အောင်ဆန်းစုကြည်အား ၄င်းတည်းခိုရာ မုံရွာမြို့၊ ၀င်းယူးနတီဟိုတယ်ရှေ့တွင် ဒေသခံ ၅၀ ၀န်းကျင်ခန့် ထောက်ခံ ကြိုဆိုခဲ့စဉ်
Thanlar Waddy (14-3-2013)

အစီရင်ခံစာပေါ် အပြင်းထန်ဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် တုံရွာသို့ရောက်ရှိခဲ့စဉ် ရွာသူတစ်ဦးမှ နှုတ်ဆက်ခဲ့ပုံ (အောက် ယာ) (14-3-2013)

အစီရင်ခံစာပါ တင်ပြချက်များကိုသာ ဆန့်ကျင်ကန့်ကွက်ကြခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်ခြင်းမဟုတ်ကြောင်း ရွာခံများက ပြောဆို

=========================================================

 
တစ်နေ့လုံးအမေစု ပင်ပန်းနေမှာပဲ

သူ့ကိုဆန္ဒပြကြတော့ သူစိတ်မကောင်းဖြစ်နေမှာပဲ

သူချပြတဲ့အစီရင်ခံစာကို ဆန္ဒပြတာ သူ့ကိုသဘောမတူကြောင်းပြတာပဲ

သဘောမတူတဲ့လူတွေအမေစုလောက်နိုင်ငံရေးအသိကြွယ်ဝကြလို့လား

အမေစုလောက် တွေးခေါ်တတ်လို့လား အမေစုလောက်ပါးနပ်ကြလို့လား

အမေစုဒီကိစ္စကြောင့် ကျန်းမာရေးတခုခုဖြစ်ရင် လုံခြုံရေးတခုခုဖြစ်ရင်ဘယ်သူတာဝန်ယူမှာလဲ

အမေစုရေသတိထားပါ ညဖက်စောစောအိပ်ပါ သားသမီးဆိုးတွေကြောင့်မြန်မာနိုင်ငံကိုစိတ်မပျက်ပါနဲ့

အမေစုရေ စိတ်မညစ်ပါနဲ့အမေကျော်လွှားနိုင်မှာပါ

ပညာတတ်တတ် မတတ်တတ် နိုင်ငံကိုတကယ်ချစ်တဲ့သူတွေကတော့ အမေစုကိုဆန့်ကျင်ပြီးတိုင်းပြည်ကို ချောက်ထဲကျအောင်လုပ်မှာမဟုတ်ဘူး

အမေစုဘေးကင်းကျန်းမာပါစေ

သက်တန့်ချို

================================================
Facebook မှစုစည်းကူးယူဖော်ပြပေးပါသည်။ 
လွင့်မောင်မောင်

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template