Headlines News :
Home » » ရခိုင်စာပေ သင်ရိုးညွှန်းတမ်း ပထမအဆင့် အောင်မြင်စွာရေးဆွဲပြီးစီး

ရခိုင်စာပေ သင်ရိုးညွှန်းတမ်း ပထမအဆင့် အောင်မြင်စွာရေးဆွဲပြီးစီး

Written By လွင့်မောင်မောင် on Monday, March 11, 2013 | 7:21 PM


ရခိုင်သမိုင်းတလျှောက် နှစ်ပေါင်းနှစ်ရာကျော်ကာလအတွင်းမည်သည့်အခါကမျှသင်ကြားခွင့်မရခဲ့သော
ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် အစိုးရကျောင်းများ၌ တရားဝင်ပြဋ္ဌာန်းသင်ကြားနိုင်ရေးအတွက် ရခိုင်သမိုင်းသုတေသီ၊စာရေးဆရာ(၁၆)ဦးပါသော ရခိုင်စာပေ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့မှ ပြုစုနေသော ရခိုင်စာပေသင်ရိုးညွှန်းတမ်းမှာ မတ်လ၉ရက်နေ့ညနေ၅း၃၀တွင်ပထမအဆင့် အောင်မြင်စွာပြီးဆုံးပြီဖြစ်ကြောင်းရေးဆွဲရေးအဖွဲ့
တွင်ပါဝင်သူပညာရှင်များကဆိုသည်။

မတ်လ ၅ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ရခိုင်သမိုင်းသုတေသီပညာရှင်များ၊ စာရေးဆရာများ စုစုပေါင်း၅၀ခန့်တက်ရောက်သည့် ရခိုင်စာပေ သင်ရိုးညွန်းတမ်း ပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ပညာရှင်တို့က ရခိုင်စာပေသင်ရိုးညွှန်းတမ်း(သူငယ်တန်း)ကို မတ်လ၆ရက်မှ၉ရက်နေ့ထိ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။

ပထမဆုံးရေးဆွဲသည့်သင်ရိုးညွှန်းတမ်းမှာ ပထမအဆင့်အနေဖြင့် သူငယ်တန်းကိုရေးဆွဲပြီးစီး၍ လာမည့်မတ်လ၁၆ရက်နေ့တွင်ပထမတန်းနှင့် ဒုတိယတန်းကို တစ်လအတွင်း အပြီးသတ်ရေးဆွဲဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေပြီးတော့ သင်ရိုးညွှန်းတမ်းရေးဆွဲရေးမူတွေကိုချမှတ်ခဲ့တယ်။ အဲဒီမူတွေအရသင်ရိုးပြုစုရေးအဖွဲ့က ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမမှာ လေးရက်တိုင်တိုင် မနားတမ်းရေးဆွဲပြုစုခဲ့ကြတယ်။ နှစ်ပေါင်း၂၂၈နှစ်ကာလမှာ ဒါဟာပထမဆုံးရခိုင်လူမျိုးအနေနဲ့ မိမိတို့ကိုယ်ပိုင်စာပေကိုစတင်သင်ကြားခွင့်ရတော့မှာ မို့ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်"ဟု သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ဝင် ရခိုင်သမိုင်းသုတေသီ ဆရာတော်ဦးကုသလ (ငွေသဇင်)ကမိန့်ကြားသည်။

မူလတန်းအဆင့်ရေးဆွဲကြရာတွင် ရခိုင်သဘာဝတေးကဗျာ အရေးသာခြင်းများ အများစုပါဝင်ကြောင်း ဆရာတော်ဦးကုသလက အမိန့်ရှိသည်။ ရခိုင်စာပေ သင်ရိုးညွန်းတမ်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သထ်မှတ်ထားသောမူအရ ရခိုင်အက္ခရာ အရေးအသားအဖြစ်
မြောာက်ဦးခေတ် အ၀ိုင်းအက္ခရာကို ရခိုင်အက္ခရာ(Arakan Alphabet) အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး၊ ရခိုင်ဝေါဟာရများကိုမူ
ရှေးခေတ် ရခိုင်ရွှေနန်းတော်သုံး(ရာဇဌာနီသုံး) ဝေါဟာရများနှင့်ကျေးလက်သုံးဝေါဟာများကိုသမမျှတစွာ သုံးစွဲသွားမည်ဖြစ်သည်ဟု ညှိနှိုင်းရေးအစည်းအဝေး တက်ရောက်ခဲ့သူ ရခိုင်သမိုင်းသုတေသီဆရာတော် ဦးကောသလ္လ(ဂဝေသီ)ကမိန့်ကြားသည်။

"အခုပြဋ္ဌာန်းချက်တွေကပြီးပြည့်စုံတဲ့ပြဋ္ဌာန်းချက်တော့မဟုတ်သေးဘူး။ရခိုင်စာပေသင်ကြားရေး
ပထမခြေလှမ်းအဆင့်ပဲရှိသေးတယ်။ရခိုင်ဒေသမှာမတူကွဲပြားတဲ့စကားသံတွေ၊
များပြားလှတဲ့ဝေါဟာရတွေရှိနေတာမို့အချိန်ယူဖြည်းဆည်းဆောင်ရွက်သွားဖို့လိုတယ်။
သုတေသနပိုင်းမှာလည်းနားလည်မှုရှိရှိနဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်
ဖို့ဒေသစွဲ၊ပုဂ္ဂိုလ်စွဲ၊အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှတတဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ရခိုင်စာပေသင်ကြားရေးစနစ်တစ်ခုဖြစ်ထွန်းလာမှာပါ"ဟုဦးကောသလ္လ(ဂဝေသီ)ကအမိန့်ရှိသည်။

ယခုရေးဆွဲလိုက်သည့်သင်ရိုးညွှန်းတမ်းအားရခိုင်ပြည်နယ်အစိုးရမှ ပြည်နယ်လွှတ်တော်၌ အထည်ပြုပြီးလျင် ပြည်ထောင်စုအစိုးရသို့တင်ပြကာ ပညာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် လာမည့်၂၀၁၃/၁၄ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်း အားလုံးမသင်မနေရစနစ်ဖြင့် ပြဋ္ဌာန်း သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

http://arakantimes.net/burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template