Headlines News :
Home » » လက်ပံတောင်းတောင်သပိတ်စခန်း အား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်

လက်ပံတောင်းတောင်သပိတ်စခန်း အား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်

Written By လွင့်မောင်မောင် on Tuesday, March 12, 2013 | 1:14 PM

Photo-Burma VJ Media Network
လက်ပန်တောင်းတောင်သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဒေသခံသုံးဦးမှ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်လိုက်ကြောင်း တရားလိုဘက်မှ ဥပဒေအကျိုးဆောင် ဦးစောကျော်ကျော်မင်းကပြောသည် ။
တရားဆွဲဆိုခြင်းနှင့်ပတ်သက်၍ မတ်လ ၁၁ရက်နေ့တွင် ဆုံးဖြတ်ချက်ပေးရာတွင် မြို့နယ်တရားသူကြီးဒေါ်ခင်ခင်ဆွေက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ရန် အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ကြောင်း အမိန့်ချခဲ့သည်။

”ဥပဒေနဲ့ အညီအမှုဖွင့်လှစ်ရန်အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ပါဆိုတာက ဘယ်လိုအကြောင်းမျိုးလဲဆိုပြီး အငြင်းပွားဖွယ်ဖြစ်လာတယ် အမြင့်ဆုံးတရားရုံးဖြစ်တဲ့တရားလွှတ်တော်ချုပ်မှာဖြေရှင်းမယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးခရိုင်တရားရုံးကို ဆက်တက်မယ် ”ဟု ဦးစောကျော်ကျော်မင်းက The Messenger သို့ပြောသည်။
လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို တရားလိုများအဖြစ် ဆည်တဲ ရွာသူ မရီရီဝင်း မ၀င်းဝင်းဌေးနှင့် မိုးကြိုးပြင်အလယ်ရွာ မှ ဦးဇော်နိုင်တို့မှ ဆားလင်းကြီးမြို့နယ်တရားရုံးတွင် လျောက်ထားခဲ့ခြင်းဖြစ်ပြီး မြို့နယ်တရားရုံးက မတ်လလေးရက်နေ့တွင်လက်ခံခဲ့ခြင်းဖြစ်သည်။
Messenger News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template