Headlines News :
Home » » လက်ပန်တောင်းပြည်သူတွေကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးငြိမ်းချမ်းစွာဖြင့်စတင်ချီတက်တောင်းဆိုပြီနှင့်လက်ပန်တောင်းအရေးသတင်းအဖုံဖုံ

လက်ပန်တောင်းပြည်သူတွေကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးငြိမ်းချမ်းစွာဖြင့်စတင်ချီတက်တောင်းဆိုပြီနှင့်လက်ပန်တောင်းအရေးသတင်းအဖုံဖုံ

Written By လွင့်မောင်မောင် on Wednesday, March 13, 2013 | 5:36 PM

လက်ပန်တောင်းပြည်သူတွေကြေးနီစီမံကိန်း

လုံးဝဖျက်သိမ်းရေးငြိမ်းချမ်းစွာဖြင့်စတင်ချီတက်တောင်းဆိုပြီ

(၁၃-၃-၂၀၁၃)နေ့၁၂နာရီ
ဓာတ်ပုံ-Ko Han Win Aung(Facebook)
======================================================

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ
လယ်ယာမြေလျော်ကြေးကို မလိုချင်
 ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုသာ ဒေသခံများဘက်မှ လိုချင်

ရန်ကုန်၊ မတ် ၁၃။
စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် လယ်ယာမြေအသိမ်းခံရသော လယ်သမားများကို သင့်တော်သော ကာလပေါက်ဈေးနှင့် လျော်ကြေးပြန်လည်ပေးအပ်ရန်နှင့် လယ်ယာ
မြေအစားထိုးချပေးရန် ဟူသော အချက်များပါဝင်ရာ ထိုအချက် များကို ဒေသခံများဘက်မှ လုံးဝလက်မခံနိုင်ကြောင်းနှင့်ကြေးနီစီမံကိန်းကြီး လုံးဝဖျက်သိမ်းရေးကိုသာ အဓိက လိုချင်
ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသားကြီးက ပြောကြားသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်
ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံများ လက်မခံနိုင်ဖြစ်နေရခြင်းမှာ ထိုက်သင့်သော ကာလပေါက်ဈေးနှင့်ညီသော လယ်ယာမြေလျော်ကြေးများကို မပေးခြင်းကြောင့် နှင့်ဒေသခံများကိုစီမံကိန်းတွင်သင့်တော်သောအလုပ်အကိုင်အခွင့်အလမ်းမပေးခြင်းတို့ကြောင့်

 ဖြစ်ကြောင်းဖော်ပြထားရာ ထိုအချက်တို့ကို ပေးမည်ဆိုပါကလည်း လက်ခံမည်မဟုတ်ဘဲကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပြီး စီမံကိန်းတွင် ပါဝင်နေသော တောင် ၃၃လုံးကိုသာ ပြန်ရလိုချင်သောကြောင့် ဒေသခံများဘက်မှ သပိတ်စခန်းများကို ဆက်လက်ဖွင့်ကာ ဆက်လက်တိုက်ပွဲ ဝင်ရန်ကိုသာ ဒေသခံများမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

“သူတို့အစီရင်ခံစာထဲမှာဖော်ပြထားတဲ့ ၁၅သိန်းတို့၊ သိန်း ၂၀တို့ဆိုတာ ဒီဒေသက လယ်ယာမြေပေးလိုက်ရတဲ့ လူတွေရဲ့ ဘ၀ကို ဘာမှ အများကြီး တိုးတက်ကောင်းမွန်သွားစေမှာ
မဟုတ်ပါဘူး။ လယ်လုပ်တယ်ဆိုတာက လယ်ပိုင်တွေရယ် သူရင်းဌားတွေရယ် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အလုပ်လုပ်ရတာ။ ဒီလျော်ကြေးငွေပမာဏက လယ်ပိုင်ရှင် တစ်ယောက်ရဲ့ဘ၀ကို တောင် မြင့်သွားအောင် လုပ်ပေးနိုင်တာ မဟုတ်သလို သူရင်းဌားတွေအတွက်လည်း ဘာအကျိုးအမြတ်တစ်ခုမှမရဘူး။ 

ကိုယ့်လယ်ကိုယ်ရှိရင် သားစဉ်မြေးဆက် လယ်ပိုင်ရှင်ရော သူရင်းဌားရော လုပ်ကိုင်စားလို့ရတယ်။ သူတို့ပေးမယ်ဆိုတဲ့ ကာလပေါက်ဈေးက သားစဉ်မြေး ဆက်မပြောနဲ့ ကျွန်တော်တို့တောင် ဘယ်
လောက်မှကြာအောင် လုပ်ကိုင်စားလို့ရမှာ မဟုတ်ဘူး”ဟုလျော်ကြေးငွေကို မလိုချင်ဘဲ လယ်ယာမြေတွေကိုသာ ပြန်လို ချင်ရသည့်အကြောင်းကို ဒေသခံလယ်သမားဖြစ်သူ ကိုသားကြီးက ရှင်းပြသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင်ဖော်ပြထားသောစီမံကိန်းတွင် သင့်တော်သော အလုပ်အကိုင် များ ပေးအပ်သင့်သည်ဆိုသော အချက်ကို လက်မခံနိုင်ခြင်း သည်မှာလည်း တောင် ၃၃လုံးကိုဖြိုချရသည့် လုပ်ငန်းများတွင် လုပ်ကိုင်စေမှာ ဖြစ်သည့်အတွက် ဘိုးဘွားစဉ်ဆက်လက်ထက် ကတည်းကရှိသော ထိုတောင်များကို မဖြိုလိုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအရ လယ်၊ယာမြေ တစ်ဧကလျှင် မြေခွန်၂၀ဆနှုန်း ဖြင့်သာ မြေလျော်
ကြေးပေးထားခြင်း ဖြစ်ကြောင်း၊ ကာလတန်ဖိုးဖြင့် မြေလျော်ကြေးပေးအပ်ခဲ့ခြင်း မရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်ခဲ့သဖြင့် အသိမ်းခံရသော လယ်
ယာမြေ အမျိုးအစား ၆ မျိုးအတွက် လယ်မြေအမျိုးအစားအလိုက် လယ်တစ်ဧကလျှင် ကာလတန်ဖိုးအနည်းဆုံး ၅သိန်းမှ အများဆုံး ၁၅သိန်းအထိ ကာလပေါက်ဈေးအတိုင်းသိမ်းယူခဲ့သည့် ဧကစုစုပေါင်း ၆၇၈၄ဧကအတွက် ပေးလျော်သင့်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်ပြီး သဘော ထားအမြင်ကို “သူ့ကို အရင်ကတည်းက ဒီဒေသကလူတွေ အားလုံးကလေးစားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံ စာမှာ ဖော်ပြထားတဲ့အတိုင်း သူ့သဘောထားကို တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရောက သိသွားပါပြီ။ ဒီတော့
သူလည်း သူ့ အလုပ် သူလုပ်သလို ကျွန်တော်တို့ဘက်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ ရှိပါတော့တယ်။ ဒီအစီရင်ခံစာရဲ့အဖြေက တရား မျှတမှု မရှိသလို ပြည်သူတွေဘက်ကိုလည်း
မျက်နှာမူတဲ့ အစီရင်ခံစာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်လို့ တော့ မရပါဘူး။ အခုဖြစ်တာက သူ့နေရာကလည်း အဌားဗိုက်နဲ့ ဓါးထိုးခံရသလို အခြေအနေတွေ ဖြစ်နေတယ် ဆိုတော့လည်း၊ အဓိက ကတော့ အစိုးရရဲ့ လှည့်ကွက်တွေပါပဲ”ဟု ကိုသားကြီးက ထည့်သွင်းပြောကြားသည်။
သတင်း-ဆုဝေThe Myanma Age
ဓာတ်ပုံ - ထက်နောင်နောင်
====================================================
                             ဒေါ်အောင်ဆန်းစုကြည်ကို  ဒေသခံများဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းနှင့် ဆန္ဒပြအဖွဲ့တို့ မတ်လ ၁၃ရက်နေ့ ညနေ ၄နာရီ ၂၃မိနစ် ခန့်က ဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းအနီးတွင် တွေ့ဆုံမိကြစဉ်။


လက်ပံတောင်းကြေးနီစီမံကိန်းနားက
ဝက်မှေးရွာသစ်ကို ဦးတည် သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းနဲ့ ဆည်တဲ၊ ကျုံရွာဘက်တွေက ဒေသခံ ၁၀၀၀ နီးပါးရှိတဲ့ ဆန္ဒပြလူအုပ်ဟာ ဒီကနေ့ ဗုဒ္ဓဟူး ညနေ လေးနာရီခွဲလောက်က မျက်ဆိုင် တွေ့နေကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူတွေက ``စုံစမ်းရေးကော်မရှင် အလိုမရှိ``၊ ``ပုဒ်မ ၁၄၄ ရုပ်သိမ်းပေး``၊ ``မီးလောင်ဗုံးကိစ္စ ဖော်ထုတ်ပေး``၊ ``စီမံကိန်း လုံးဝ ရပ်ဆိုင်းပေး`` ဆိုတဲ့ အချက်လေးချက်ကို ဟစ်ကြွေးလို့ ဆန္ဒပြနေကြ ပါတယ်။

ပြောင်းရွှေ့ထားတဲ့ ၀က်မှေးရွာသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ ဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။ ဆန္ဒပြအဖွဲ့ဟာ တရုတ်ကုမ္ပဏီ ၀မ်ပေါင် ရုံးချုပ်မှာ ဆန္ဒပြဖို့ အသွား ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်ဆိုင် တွေ့ကြတာလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန္ဒပြအဖွဲ့တွေ အခုလို မျက်ဆိုင် တွေ့ကြပေမယ့်လို့ တဘက်နဲ့တဘက် နှုတ်ဆက် ပြောဆိုတာမျိုး မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြအဖွဲ့ကို ထောက်ခံအားပေးသူတွေလည်း ရှိတယ်လို့ သတင်းထောက်က ပြောပါတယ်။

``ဒေါ်အောင်ဆန်းစုကြည်က သူ့ကိစ္စ သူလာတာပဲ၊ ကြိုဆိုစရာ မလိုပါဘူး`` လို့ ဒေသခံတယောက်က သူ့ကို ပြောတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။
BBC


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template