Headlines News :
Home » » ထားဝယ်တွင် e – pension card ဖြင့် ပင်စင်ထုတ်နိုင်ပြီ

ထားဝယ်တွင် e – pension card ဖြင့် ပင်စင်ထုတ်နိုင်ပြီ

Written By လွင့်မောင်မောင် on Thursday, January 3, 2013 | 8:56 AM





တစ်ခေတ်ဆန်းလာသောအခြေအနေများအရထားဝယ်မြို့၊မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်ပင်စင်စားများ
အနေဖြင့်ပင်စင်လစာများအလွယ်တကူထုတ်ယူနိုင်ရန် e- pension card များကို ယနေ့မှစတင်ထုတ်ပေးနေပြီဖြစ်ကြောင်း

သိရသည်။ထိုသို့ကတ်များထုတ်ပေးရာတွင် နိုင်ငံရေးပင်စင်နှင့်မြို့ပြပင်စင်များအတွက်သာ
ထုတ်ပေးနေခြင်းဖြစ်ပြီးစစ်မှုထမ်း(ကာကွယ်ရေး)ပင်စင်များအတွက် ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။e- pension card များ ကိုယခုတစ်ပတ်အစိုးရရုံးပိတ်ရက်များဖြစ်သည့် သောကြာ၊စနေ၊တနင်္ဂနွေနေ့ရက်များတွင်
ပါထုတ်ပေးမည်ဟုသိရပြီး ပင်စင်လစာငွေများကို ယင်းကတ်ဖြင့် ဇန်န၀ါရီလ(၂၁)ရက်မှစတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။

e-pension card ဖြင့်ထုတ်ယူနိုင်ခြင်းကြောင့်ပင်စင်စားသက်ကြီးရွယ်အိုများ အနေဖြင့် စာရွက်စာတမ်းကိစ္စများအတွက်သက်သာလွယ်ကူသွားသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကြရပြီး၊ယမန်နှစ်အတွင်းပင်စင်လစာများတိုးမြှင့်ခံစားခွင့်ရပြီး
သည့်နောက်ပင်စင်စားများအတွက်ဒုတိယအကြိမ်ဝမ်းမြောက်စရာ ၀န်ဆောင်မှုတစ်ခုဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template