Headlines News :
Home » » ဆယ်စုနှစ်တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ဒီဗီဒီဇာတ်ကား ရိုက်ကူးမှုအား ၂၀၁၃ ဇန်န၀ါရီမှ စတင်၍ ခွင့်မပြုတော့ကြောင်းသိရ

ဆယ်စုနှစ်တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ဒီဗီဒီဇာတ်ကား ရိုက်ကူးမှုအား ၂၀၁၃ ဇန်န၀ါရီမှ စတင်၍ ခွင့်မပြုတော့ကြောင်းသိရ

Written By လွင့်မောင်မောင် on Friday, January 4, 2013 | 1:34 PM


၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့်မှ စတင်ကာ ဈေးကွက်လမ်းကြောင်း တစ်ခုအသွင်ဖြင့် ပေါ်ထွက်လာခဲ့သည့် ဒီဗီဒီဇာတ်ကားများ ရိုက်ကူးမှုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန် ကြေညာထားခဲ့သည်။

ယင်းသို့ ဒီဗီဒီဇာတ်ကားများအား ရိုက်ကူးခွင့် လျောက်ထားခြင်းကို တားမြစ်လိုက်ခြင်းမှာ ယခုအခါတွင် ရုပ်ရှင်ဇာတ်ကားကြီးမှာ ထွက်ရှိမှုအခြေအနေ တိုးတက်လာခြင်းနှင့် ဒစ် ဂျစ်တယ်စနစ်ဖြင့် ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများ ပြသရေးအတွက် အခက်အခဲရှိလာနိုင်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု ယင်းကြေညာချက်တွင် တစ်ပါတည်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဗီဒီယို ထုတ်လုပ်သူ လုပ်ငန်းရှင်များ စုံညီအစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

''အခုလို ဆုံးဖြတ်လိုက်တာက ဖလင်ကနေ HD ပြောင်းဖို့ စီစဉ်နေတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဖလင်ကနေ HD ပြောင်းမယ့်အချိန်မှာ ဒီဗီဒီကားတွေက ကန့်လန့် ဖြစ်နေတဲ့အခါကျတော့ အခုလိုနားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်ထင်ပါတယ်။ဈေးကွက် အပြောင်းအလဲတစ်ခု ဖြစ် သွားမယ့် သဘောပဲရှိပါတယ်။

သိပ်အများကြီးတော့ ပြောင်းလဲသွားမယ် မထင်ဘူး။ ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာရှင်တွေအနေနဲ့လည်း အများကြီးပြောင်းလဲသွားဖို့ မရှိပါဘူး။ အဓိကတော့ ရုပ်ရှင်ကားကြီးတို့ ဒီဗီဒီတို့ ဆိုတာမျိုးက ဈေးကွက်အရသိပ်အများကြီး ကွာခြားမှုမရှိဘူး။ အခု ၂၀၁၃ မှာ ဇာတ်ကားရိုက်ကူးမှုကိုလည်း အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားပြီးပြီ ဆိုတဲ့အခါကျတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက် သီးသန့်ပဲ ရှိတော့မယ့် သဘောမျိုး ဖြစ်သွားမှာပါ။ ဇာတ်ကားရဲ့အရည်အသွေးပိုင်းကိုလည်း အတိုင်းအတာတစ်ခုထိတော့ ပြင်ဆင် ကြိုးစားလာကြလိမ့်မယ်ထင်တယ်'' ဟု ဒီဗီဒီဇာတ်ကားရိုက်ကူးမှုကို တားမြစ်လိုက်ခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရှင်းပြခဲ့ပါသည်။

ယင်းကဲ့သို့ ဒီဗီဒီဇာတ်ကားများ ရိုက်ကူးမှုရပ်နားလိုက်ခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်ရုံလုပ်ငန်းရှင်တစ်ဦးကလည်း ''အရင်ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးမှုနည်းသွားတဲ့အချိန်မှာ ဇာတ်ကားအစားထိုးပြသမှုအနေနဲ့ ဒီဗီဒီဇာတ်ကားတွေ ပြတယ်။

ဈေး ကွက်တစ်ခုအနေနဲ့ အခိုင်အမာရှိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီဗီဒီ ဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ယိုင်လာခဲ့ပါတယ်။ ဒီဗီဒီဇာတ်ကားက ရုံတင်တဲ့အချိန်နဲ့ သိပ်မကွာဘဲ အခွေအဖြစ်ထွက်နိုင်တဲ့အခါကျတော့ သိပ်ကောင်းတယ်ဆိုတဲ့ ကားလောက်ကလွဲရင် ပရိသတ်သိပ်အများကြီး မ၀င်တော့ဘူး။ အခုကတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်တာလည်း ပိုများလာတယ်။ဖလင်ကနေ HD ပြောင်းဖို့လည်း ကြိုးစားလာကြတယ်။

ရုံတင်ပြသတဲ့စနစ် ကိုလည်း ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့အခါမှာ ဒီဗီဒီဆိုတဲ့ လမ်းကြောင်းတစ်ခုကို နားလိုက်တာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။ ဈေးကွက်အနေအထားအရလည်း ရုပ်ရှင်ကားကြီးတွေချည်း သီးသန့်ယှဉ်ပြိုင် ရတဲ့ ပုံစံဖြစ်သွားတာပေါ့'' ဟု သူ၏အမြင်အား သုံးသပ်ခဲ့ပါသည်။

သတ်မှတ်လိုက်သော ထုတ်ပြန်ချက်အရ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ဒီဗီဒီဇာတ်ကား ရိုက်ကူးခွင့် လျောက်ထားမှုကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ငွေကြေးလက် လွန်ကာ စီစဉ်ပြီးဖြစ်နေသည့်ကားအချို့အား ချွင်းချက်အဖြစ် သတ်မှတ်ကာ ရိုက်ကူးခွင့်ပေးမပေးကို ဆုံးဖြတ်သွားမည်ဟု သိရှိရသည်။ ဒီဗီဒီဇာတ်ကား ရုံတင်ပြသမှုကိုမူ ရိုက်ကူးပြီးဖြစ်သည့် ဇာတ်ကားများကိုသာ ဆက်လက် ပြသမည်ဖြစ်ပြီး ယင်းဇာတ်ကားများအားလုံး ပြသပြီးသွားပါက ဒီဗီဒီ ဇာတ်ကားများ ပြသမှုရှိတော့မည် မဟုတ်ကြောင်း သိရှိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template