Headlines News :
Home » » ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ

ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ

Written By လွင့်မောင်မောင် on Tuesday, January 1, 2013 | 10:56 PM

ကလေး ၊ ဇန်နဝါရီ ၁
အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာတို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး မြောက်စည်းကျေးရွာ ရဲစခန်းတွင် စစ်ဆေးနေကြောင်း ၄င်းတို့ထံမှ သိရသည်။

“ရွာသားတွေက သတင်းပေးလို့ ဖမ်းမိတာပါ၊ ခုံတိုးမြို့သာမှာက (၄)ယောက်၊ ကြန်သာမှာက ( ၂)ယောက် မိပါတယ်” ဟု ကလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် ဦးပဏ္ဍဝံသက The Voice Weekly သို့ အတည်ပြု မိန့်ကြားသည်။

ကလေးမြို့နယ်အတွင်းသို့ ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂါလီများ ခိုးဝင်လာမှု ပိုမို များပြားခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များမှလည်း သတိထား စောင့်ကြည့်နေရကြောင်း ဒေသခံများက တူညီစွာ ပြောကြားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template