Headlines News :
Home » » မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကချင်ပြည်နယ် က တပ်စခန်းကုန်းတခုကို သိမ်းပိုက်ဖို့ လေကြောင်း အကူအညီယူ ဆင်နွှဲခဲ့တယ်လို့ ဆို

မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကချင်ပြည်နယ် က တပ်စခန်းကုန်းတခုကို သိမ်းပိုက်ဖို့ လေကြောင်း အကူအညီယူ ဆင်နွှဲခဲ့တယ်လို့ ဆို

Written By လွင့်မောင်မောင် on Thursday, January 3, 2013 | 2:02 PM

ဓာတ်ပုံ- ကြေးမုံ
ဒီရက်ပိုင်းမှာ ကချင်ပြည်နယ် ထိုးစစ်အရှိန်ကို အစိုးရဘက်က မြှင့်တင်ပြီးနောက်ပိုင်း တိုက်ပွဲတွေက အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ ဆက်တိုက်မြင့်မားလာနေပါတယ်။ 

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လေယာဉ်တွေသုံးပြီး ရိက္ခာ ချပေးတာလို့ ပြောခဲ့သလို နိုင်ငံပိုင် သတင်းစဉ်တွေကလည်း အစောပိုင်း ထုတ်ဖော်ပြောဆိုမှုတွေမှာ လေကြောင်းတိုက်ခိုက်မှု မသုံးဘူးလို့ ဆိုခဲ့ပေမယ့် ယမန်နေ့ ည  ၈ နာရီ သတင်းမှာ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကချင်ပြည်နယ် က တပ်စခန်းကုန်းတခုကို သိမ်းပိုက်ဖို့ လေကြောင်း အကူအညီယူ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကချင် လက်နက်ကိုင် တဖက်မှာလည်း မြန်မာ လေတပ်မတော်က တိုက်လေယာဉ် တစင်းကို ကချင် လက်နက်ကိုင် အဖွဲ့တွေက ပစ်ချလိုက်တယ်ဆိုတဲ့ ဗီဒီယို အပိုင်းတိုဟာ ဘီဘီစီလို သတင်းဌာနကြီးကလည်း ထုတ်လွှင့် ပြသသွားပါတယ်။ ဒါဟာ ကချင်ပြည်နယ် စစ်ပွဲမှာ အစိုးရ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အသုံးပြုမှုကို သက်သေထူတဲ့ ဖြစ်ရပ်တခုပါ။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ဖြစ်စဉ်တွေကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြပြီး တဲ့နောက် ကမ္ဘာ့ကုလသမဂ္ဂကလည်း စိုးရိမ်မိကြောင်းနဲ့  မလုပ်သင့်ကြောင်း ထုတ်ပြန်လာပါတယ်။ 

သမ္မတ ဦးသိန်းစိန်က ကေအိုင်အေ ဌာနချုပ်ကို သိမ်းပိုက်မှာ မဟုတ်ဘူးလို့ ပြည်တွင်းသတင်း ဂျာနယ် တခုက ဖော်ပြသလို မြန်မာ့တပ်မတော်ပိုင် မြ၀တီကတော့ ကချင်ပြည်နယ် က ကေအိုင်အေ တပ်စခန်း တခုကို အစိုးရ စစ်တပ်က သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။ ဧရာဝတီ blog မှ

တပ်မတော်မှ ကေအိုင်အေ ၏ ပွိုင့်- ၇၇၁ တောင်ကုန်းကို သိမ်းပိုက် ရရှိခြင်း မှတ်တမ်း ဓာတ်ပုံများ


တပ်မတော်မှ ကေအိုင်အေ ၏ စခန်း ပွိုင့် ၇၇၁ကို တက်ရောက် သိမ်းပိုက်စဉ် သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများ၏ မှတ်တမ်း ဓာတ်ပုံများ

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များ၏ စခန်း ပွိုင့် ၇၇၁ကို တက်ရောက် သိမ်းပိုက်စဉ် သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများ၏ မှတ်တမ်း ဓာတ်ပုံများ
ဓာတ်ပုံ-မြ၀တီ

ဓာတ်ပုံ-မြ၀တီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template