Headlines News :
Home » » “ ဆေးရုံတက် အစိုးရဝန်ထမ်းများ ကုန်ကျစရိတ် ပြန်လည်ထုတ်ယူနိုင် ”

“ ဆေးရုံတက် အစိုးရဝန်ထမ်းများ ကုန်ကျစရိတ် ပြန်လည်ထုတ်ယူနိုင် ”

Written By လွင့်မောင်မောင် on Wednesday, January 2, 2013 | 10:59 PM

ရန်ကုန်၊ ဒီဇင်ဘာ ၂၉
အစိုးရဝန်ထမ်းများအနေဖြင့် မကျန်းမမာဖြစ်၍ ဆေးရုံတက်ရပါက ဆေးဝါးကုသမှု ကုန်ကျစရိတ်အား သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ပြန်လည်တောင်းခံ ထုတ်ယူနိုင်သော်လည်း သိရှိသူနည်းပါးနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်လင်းက ပြောသည်။
ထိုသို့ ဝန်ထမ်းများ နာမကျန်းဖြစ်၍ ဆေးရုံတက်ကုသရပါက ကုန်ကျစရိတ်အား ဝန်ကြီးဌာန အလိုက်အစိုးရမှ ကျခံပေးသည့် စနစ်ကို ၂ဝ၁ဝ ခုနှစ်မှစတင်၍ ကျင့်သုံးခဲ့ သော်လည်း ယနေ့အထိ အဆိုပါ ဆေးဝါးကုသစရိတ်ကုန် ကျငွေအားပြန်လည်တောင်းခံမှုမှာ သိရှိသူနည်းပါးသည့်အတွက် ကုန်ကျငွေ ပြန်လည်တောင်းခံမှု ပမာဏမှာ နည်းပါးနေဆဲဖြစ်ကြောင်း၊ ထိုစနစ်ကို ဝန်ထမ်းများ သက်သာချောင်ချိမှု ရှိစေရေးနှင့် အခမဲ့ ဆေးကုသခွင့်ရရှိစေနိုင်ရေး တို့အတွက် နိုင်ငံတော်၏ အစီ အစဉ်ဖြင့် ဝန်ကြီး ဌာနအသီးသီးတွင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
”ဒီစနစ်က လူမှုဖူလုံရေးနဲ့ တော့ မဆိုင်ဘူး။ ဝန်ထမ်းတစ် ယောက်အနေနဲ့ မကျန်းမာလို့ဆေးရုံ ဆေးခန်းသွားပြရတယ်။ ဆေးရုံ တက်ပြီး ကုသရတယ်ဆိုရင် အဲဒီ အတွက် ကုန်ကျငွေကို ကာယကံ ရှင်က ခေတ္တစိုက်ထားရပြီး ဆေးရုံ က ဆင်းလာတာနဲ့ ကုန်ကျတဲ့ငွေ ပေးပြေစာဖြတ်ပိုင်းတွေကို သက် ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီး ကုန်ကျငွေကို ပြန်ထုတ်လို့ ရတယ်။ လက်ရှိလည်း ဝန်ကြီးဌာနအလိုက် ဆေးဝါးကုသစရိတ်တွေ ပြန်ထုတ် ပေးနေတာတွေရှိတယ်”ဟု ဒေါက် တာထင်လင်းက ဆိုသည်။
လက်ရှိအနေအထားအရ ဝန် ကြီးဌာနအများစုမှာ မိမိတို့ ဝန်ကြီး ဌာနအောက်တွင် အမှုထမ်းနေသော ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ဝန်ထမ်းသက်သာ ချောင်ချိရေး ရန်ပုံငွေများထားရှိ၍ ဆေးဝါးကုသစရိတ်များ ပြန်လည် ထုတ်ပေးလျက်ရှိသည့်အပြင် အခါအားလျော်စွာ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ကုန်ကျစရိတ်များ ကိုလည်း ထုတ်ပေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြော သည်။
”ကျွန်မတို့ဆီမှာကတော့ ဝန်ထမ်းတွေ နာမကျန်းဖြစ်တဲ့အခါ ဆေးကုသဖို့ အခက်အခဲမရှိ အောင် ကုန်ကျစရိတ် ပြန်ထုတ်ပေးဖို့ ရန်ပုံ ငွေတွေထူထောင်ထားတယ်။ အ ခြားဝန်ကြီးဌာနတွေမှာလည်း ဒီ အတိုင်းပဲ။ အကယ်၍ ဝန်ထမ်း တစ်ယောက်က နာမကျန်းဖြစ်လို့ ဆေးရုံတက်ရတာ သုံးရက်ထက်ပို ရင် အဲဒီဝန်ထမ်းကို ငွေနှစ်သောင်း စိုက်ထုတ်ပေးတယ်။ တစ်ပတ် ကျော်ရင်တော့ ငါးသောင်း စသည် ဖြင့် သတ်မှတ်ပြီး ထောက်ပံ့တာ တွေရှိတယ်။ ဒါ့အပြင်နိုင်ငံတော် အပိုင်းကလည်း ဝန်ထမ်းတွေအနေ နဲ့ မကျန်းမာလို့ ဆေးရုံတက်ရရင် အခမဲ့ ဆေးဝါးကုသတဲ့စနစ်ကို အခု နောက်ပိုင်း ကျင့်သုံးလာတယ်”ဟု ၄င်းက ဆိုသည်။
ထိုသို့ နိုင်ငံတော်မှ ဝန်ထမ်း များ၏ ဆေးဝါးကုသမှု ကုန်ကျ စရိတ်အား ပြန်လည်စိုက်ထုတ်ပေး ခြင်းကြောင့် လခစားဝန်ထမ်းငယ်များ အနေဖြင့် ဆေးဝါကုသမှုစရိတ် များစွာသက်သာရာရကြောင်း၊ သို့ ရာတွင် ဝန်ထမ်းအများစုမှာ မိမိတို့ ဌာနမှ ထုတ်ပေးသော ဆေးဝါးကုသမှု စရိတ်ကိုသာ ပြန်လည်တောင်းခံကြသူများ၍ နိုင်ငံတော်မှ ဆေးဝါးကုသမှု ကုန်ကျစရိတ် ပြန်လည် ထုတ်ပေးသည့် အစီအစဉ်ကို သိရှိသူနည်းပါးကြောင်း ၄င်းက ထပ်မံ ပြောသည်။
popularmyanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template