Headlines News :
Home » »  ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား ပြည်သူများ တောင်းဆို

 ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား ပြည်သူများ တောင်းဆို

Written By လွင့်မောင်မောင် on Monday, December 31, 2012 | 11:19 AM

304
ကချင်ဒေသတွင် စစ်ပွဲများရပ်တန့်ပေးရေးနှင့် ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရေး တောင်းဆိုသည့် အခမ်းအနား ကျင်းပနေစဉ်
ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန် တရားမျတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား အရပ်ဖက်အဖွဲ့အစည်း များမှ ပြည်သူများက တောင်းဆိုမှု ပြုလုပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာတပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား ၁၈ လ ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများ ကြုံတွေ့နေရသော အဖြစ်အပျက်များနှင့် အခက်အခဲများ အကြောင်း ၎င်းတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။
အဖြူရောင် တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ''ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာတွေရပ်ဖို့ ထိုးစစ်ဆင်နေတာတွေကို ရပ်ဖို့ဆိုတာ နှစ်ဖက်စလုံးကို ပြောတာပါ။ အခုလိုပြောတယ် ဆိုတာ ဘယ်ဖက်ကမှ ရပ်တည်ပြီး ပြောတာမဟုတ်ဘူး။ ကချင်ဘက်ကပဲ သေသေ၊ ဗမာဘက်ကပဲ သေသေ ကျွန်တော်တို့ဟာ သွေးချင်းညီ အကိုတွေပါ။ ပြည်သူတွေထဲက ပြည်သူတွေအနေနဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတာပါ။ ဘယ်သူကတော့ မှန်တယ် မှားတယ်ပြောဖို့ ကျွန်တော်တို့မှာ ဘာမှ အာဏာပါဝါတွေ မရှိပါဘူး။ စစ်ဖြစ်တယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် အကျိုးစီးပွားကြောင့် ပါပဲ။ ဘာအကျိုးစီးပွားလည်းဆိုတာ ကိုတော့ သူတို့တွေပဲ သိလိမ့်မယ်'' ဟု ပြောပြခဲ့ပါသည်။
ကချင်ပြည်နယ်မှ လိုင်ဇာမြို့ဒေသခံ အသက် ၂၅ နှစ်အရွယ် မအားရယ်ဆိုသူက ''အခုလေယာဉ်တွေနဲ့ပါ တိုက်ပွဲတွေဖြစ်နေတော့ ညဆိုရင် အိပ်လို့မရဘူး။ စစ်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက် တာတွေရှိပါတယ်။ စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးပါ။ စစ်ပွဲတွေအမြန်ဆုံး ရပ်ဖို့ သမ္မတကြီးကနေ တစ်ဆင့် ပြောပေးပါလို့ ပြောချင်ပါတယ်'' ဟု အခမ်းအနားသို့ တယ်လီဖုန်းဖြင့် သတင်းသမားများအား ပြောပြခဲ့သည်။            
ပြည်တွင်းစစ် ရပ်စဲရေးနှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် မေတ္တာရပ်ခံလွှာ  တစ်ခုထုတ်ပြန်ခဲ့ရာ ကချင်ဒေသတွင် စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ် တန့်ပေးရန်၊ ဒေသခံနှင့် စစ်ဘေးသင့် ပြည်သူများ သေကြေထိခိုက်ပျက်ဆီးမှု လုံးဝမရှိစေအောင် ကာကွယ် ပေးရန်၊ စစ်မဲ့ဇုန်တစ်ခု သတ်မှတ်ပေးပြီး ဒုက္ခသည်စခန်းများနှင့် နီးကပ်သော ဒေသများရှိ တပ်များကို အမြန်ဆုံး ရွှေ့ပေးရန်၊ ပြည်တွင်း ပြည်ပမှ ကြားဝင်စေစပ် ညှိနှိုင်းဆွေးနွေး ပေးနိုင်သူတို့၏ အကူအညီကို ရယူပြီး ပွင့်လင်းမြင်သာသည့် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများတွင် ပြည်သူလူထု ကိုယ်စားပြုသူများအား ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် အလွန်အေးချမ်းသည့် ရာသီဥတုအောက်တွင် ကာလကြာရှည်စွာ အခက်အခဲများစွာ ရင်ဆိုင်နေရသည့် တိုင်းရင်းသား တစ်သိန်းကျော်အတွက် လူသားချင်း စာနာထောက်ထားမှုဖြင့် ငဲ့ညှာစဉ်းစားပေးရန် အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုလိုက်ကြောင်း ပါဝင်ပါသည်။
အခမ်းအနားတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ''ဒီပွဲဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ညီအစ်ကို မောင်နှမတွေ ပြည်သူလူထုတွေ အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်သူတိုင်း မိမိဘ၀ကိုမိမိ လုံခြုံစိတ်ချစွာ ရှာဖွေစားသောက်နိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားသွားမယ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ စုပေါင်းလုပ်ဆောင်တဲ့ပွဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာ ကြာပြီ။ ဘာမှ အရာမထင်လာတဲ့အပြင် ပိုပြီးဆိုးလာတဲ့ အခြေအနေကို တွေ့ရပါတယ်'' ဟု ပြောကြားခဲ့ပါသည်။   
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template