Headlines News :
Home » »  KNU ခေါင်းဆောင်များ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ၍ စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး တိုက်တွန်းသွားမည်

 KNU ခေါင်းဆောင်များ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ၍ စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး တိုက်တွန်းသွားမည်

Written By လွင့်မောင်မောင် on Thursday, January 3, 2013 | 7:51 PM

ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ခေါင်းဆောင်များ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေးနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း (KNU) အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၏ ပြောကြားချက်အရ သိရသည်။
KNU ၏ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ''အခုခရီးစဉ်က သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်ပါ၊ သို့သော်လည်း အခွင့်အခါရရင် အဓိကအချက်ဖြစ်တဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေကနေ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေအထိ ဖြစ်ပေါ်လာအောင် တိုက်တွန်းသွားပါမယ်။ သမ္မတကြီးနဲ့ တွေ့ဖို့ကတော့ ဇန်န၀ါရီ ၅ ရက်နေ့ ဖြစ်နိုင်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။  
ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ  ယနေ့ (ဇန်န၀ါရီ ၃ ရက်နေ့) နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာနချုပ်မှ နေပြည်တော်သို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး၏ ၁၅ကြိမ်မြောက် ညီလာခံတွင် အသစ်ရွေးချယ်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်သစ်များ ဖြစ်သည့်  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၊အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်ကြောင်း သိရသည်။  
ကရင် အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ  ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် တစ်လအကြာ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် (KNU) မှ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် ရရှိလာသည့် ဆွေးနွေးမှု အချက်အလက်များနှင့် သဘောထားများအား အဖွဲ့အစည်း အတွင်း ပြန်လည်ဆွေးနွေးခြင်းနှင့် ပြည်သူလူထုအား သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ ဇန်န၀ါရီ ၃ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
KNU ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော စစ်ပွဲများရပ်စဲရန်နှင့် အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၆၀ကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက် ငါးချက်ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၂ ရက်က ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။           
၂၀၁၂ ခုနှစ် ဧပြီလ အတွင်းကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ပိုင်းများနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ကြကြောင်းနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template