By mmweather.ygn, on January 4th, 2013
ဇန်နဝါရီလ ၄ ရက် မြန်မာစံတော်ချိန်
ညနေ ၆နာရီခွဲတွင် ရရှိသည့် NRL data များအရ
တောင်တရုတ်ပင်လယ်-တောင်ပိုင်းတွင် ၂ဝ၁၃ ခုနှစ်အတွက် ပထမဦးဆုံး ဖြစ်ပေါ်သည့်
အပူပိုင်းမုန်တိုင်း 01W(SONAMU) သည် ဘရူနိုင်းနိုင်ငံ မြို့တော်
ဘန်ဒါဆရီဘဂါဝန်၏ မြောက်-အနောက်မြောက်ဘက် မိုင် ၂၉ဝ ခန့်၊ ဗီယက်နန်နိုင်ငံ
တောင်ပိုင်း ဟိုချီမင်းစီးတီးမြို့၏ အရှေ့-အရှေ့တောင်ဘက် ၅၁ဝ မိုင်ခန့်တွင်
ဗဟိုပြုနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။
မုန်တိုင်းလမ်းကြောင်း ကြိုတင်ခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်းအဆင့်
(မုန်တိုင်းဗဟို လေတိုက်နှုန်း တစ်နာရီ မိုင် ၄ဝ မှ မိုင် ၅ဝ အထိ) သို့
ရောက်ရှိနေပြီး ၄င်းအဆင့်ထက် ပိုမိုအားကောင်းလာနိုင်ခြေ မရှိပဲ
အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ လေဖိအားနည်းရပ်ဝန်းအဆင့်သို့
လျော့ကျပြီး မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းခြေအနီးသို့ ဆက်လက်
ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။
http://blog.mmweather.com မှ