Headlines News :
Home » » အဆင်းရဲဆုံးနိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ

အဆင်းရဲဆုံးနိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ

Written By လွင့်မောင်မောင် on Wednesday, July 24, 2013 | 8:16 PM

 

မနှစ်က ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေဆီကို ဘဏ္ဍာရေး အကူအညီတွေ အများဆုံးပေးအပ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဇွန်လမှာ နှစ်ချုပ်တဲ့ တနှစ်လုံးအတွက် ၀ါရှင်တန်အခြေစိုက် ငွေချေးငှားမှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ် တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေကို ဒေါ်လာသန်း ၁ သောင်း ၆ ထောင် ၃ ရာ ထောက်ပံ့ပေးခဲ့တယ်။

အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ အရင်နှစ်ကထက် ဒေါ်လာသန်း ၁ သောင်း ၄ ထောင် ၇ ရာ တိုးလာတာ ဖြစ်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ကမ္ဘာတလွှားက အစီအစဉ် ၂၀၀၀ နီးပါးအတွက် ငွေချေးတာတွေ၊ ထောက်ပံ့မှုတွေနဲ့ တခြား ဘဏ္ဍာရေး အထောက်အပံ့တွေအတွက် ဒေါ်လာ သန်း ၅သောင်း ၂ ထောင် ၆ ရာ ပေးခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က

အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။

၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေရဲ့ အောင်ခြေ ၄၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေ တိုးမြှင့်ရေးဆိုတဲ့ ရည်မှန်းချက် အသစ်၂ ခု ပြည့်မှီဖို့ ကမ္ဘာ့ဘဏ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန် ပြင်ဆင်ထားပါတယ်လို့လည်း ကမ္ဘာ့ဘဏ် ဥက္ကဌ  မစ္စတာ ကင် က ပြောပါတယ်။

ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ  တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template