Headlines News :
Home » » မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

Written By လွင့်မောင်မောင် on Thursday, July 25, 2013 | 11:24 PM

ဦးဝီရသူ ထိခိုက်ဒဏ်ရာရ လူနာများထံ သွားရောက်အားပေးစဉ်
 သံသယရှိသူနှစ်ဦးကို စီစီတီဗီမှခြေရာခံနိုင်ခြင်းဖြစ်ပြီး ဈေးဆိုင်၊ စတိုးဆိုင်များတွင် စီစီတီဗီတပ်ဆင်ရန် ရဲတပ်ဖွဲ့လိုက်လံစည်းရုံး
-----------------------------------
မန္တလေး- မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားပွဲအနီးတွင် ဖြစ်ပွားခဲ့သော အသေးစားပေါက်ကွဲမှု နှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မော်တော်ကားအနီးရှိ ဈေးဆိုင်တွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာမှရရှိသော အချက်အလက်များသုံးသပ်ကာ ဖြစ်နိုင်ဖွယ်သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ် ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းကပြောသည်။

ယခုအခါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးမြို့ပေါ်ရှိ ဈေးဆိုင်၊ စတိုင်းဆိုင်များ စီစီတီဗီကင်မရာများတပ်ဆင်ရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက်လံစည်းရုံးနေကြောင်း၊ ကင်မရာတပ်ဆင်ခြင်းဖြင့် မိမိဆိုင်အတွက် လုံခြုံမှုရှိသလို မှုခင်းကျဆင်းရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ရဲမှူးက ဆက်လက်ပြောသည်။

သံသယရှိသူနှစ်ဦးမှာ မန္တလေးမြို့ခံ အမျိုးသားများဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင် ၂၁ ရက်ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၆ လမ်း (၈၄x၈၅) လမ်းကြားတွင် ပုညကာရီ ဘုံဆွမ်းလောင်းအသင်း၏ ငါးနှစ်ပြည့် နှစ်ပတ်လည်တရားပွဲပြုလုပ်နေစဉ် တရားဟောပလ္လင်၏ နောက်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
၎င်းပေါက်ကွဲမှုမှာ သံကြွပ်စများ ထည့်သွင်းပြုလုပ်ထားသော လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ယခုဖောက်ခွဲမှုပြုလုပ်သည်ဟု သံသယရှိသူများကို စစ်ဆေးခြင်းဖြစ်သည်။
၎င်းဖောက်ခွဲမှုအတွက် မဟာအောင်မြေမြို့နယ်ရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖြင့် အမှုဖွင့်ထားပြီး ဖောက်ခွဲသည့်တရားခံ ဖော်ထုတ်နိုင်ရေး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြပ်မတ်လုပ် ဆောင်နေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၁ ရက် အသေးစားပေါက်ကွဲမှုကြောင့် ကိုရင်ငယ်တစ်ပါးနှင့် လူလေးဦး အသေးစားထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရသော်လည်း အမျိုးသမီးကြီးတစ်ဦးမှာ မန္တလေး အရိုးအကြောအထူးကုဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေဆဲဖြစ်ကြောင်း မန်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template