Headlines News :
Home » » အီဂျစ် သမ္မတဟောင်း မော်စီ ကို ပုဒ်မ တပ်ပြီ

အီဂျစ် သမ္မတဟောင်း မော်စီ ကို ပုဒ်မ တပ်ပြီ

Written By လွင့်မောင်မောင် on Saturday, July 27, 2013 | 8:24 AM

အီဂျစ်မှာ သမ္မတ မော်စီ ကို ထောက်ခံသူ နဲ့ ကန့်ကွက်သူ တွေ ကြား အကြီးအကျယ် ကွဲနေ

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း မော်စီကို ဥပဒေကြောင်းအရ နိုင်ငံတော် သစ္စာဖောက်မှုလို့ ပုဒ်မတပ် ထိန်းသိမ်း လိုက်ပါပြီ။

ဒါဟာ သမ္မတဟောင်း မော်စီကို ဖြုတ်ချထိန်းသိမ်းပြီး ၁၅ ရက်အကြာ မှ တရားရေး ဆိုင်ရာ က ပထမဆုံး တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။

မူဘာရက် ပြုတ်ကျ ခါနီး အချိန်က ကိုင်ရို ထောင်ထ ပုန်ကန်မှု အတွင်း ထောင်မီးရှို့တာ၊ သူကိုယ်တိုင် အပါအဝင် အကျဉ်းသားတွေ လွတ်ပြေးတာ၊ နောက် အကျဉ်းထောင် အရာရှိတွေ၊ စစ်သား တွေ နဲ့ အကျဉ်းသားတွေ အချင်းချင်း သတ်ဖြတ်မှုတွေ ကျူးလွန်အောင် မစ္စတာ မော်စီက ဟားမတ်စ် ပါလက်စတိုင်း တွေနဲ့ ပူးပေါင်း ကြံစည် ခဲ့တယ် ဆိုပြီး အီဂျစ် အစိုးရ သတင်းဌာနတွေ က ဆိုပါတယ်။

ဒီထုတ်ပြန်ချက် ဆိုးရွားလှတယ်၊ ခေတ်ဟောင်း ပြန်သွားနေတာပဲ ဆိုပြီး မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂိုလ် က ဝေဖန် ပြောဆို ခဲ့ပါတယ်။

ဒီအချိန်မှာပဲ အီဂျစ် အခြေအနေ ကလည်း ပေါက်ခါနီး မီးတောင်ကြီးလို ပွက်ပွက်ရိုက် နေတာပါ။

သောကြာနေ့ မှာ အပြိုင်အဆိုင် ဆန္ဒပြကြမယ့် ပွဲတွေမှာ ဆူပူ အုံကြွမှု မှန်သမျှ အင်အားသုံး ဖြေရှင်းမယ် လို့ စစ်တပ်က သတိပေး နေပါပြီ။

မော်စီ ဖြုတ်ချ ခံရပြီးနောက် ဆန္ဒပြပွဲတွေမှာ အသေအပျောက်တွေကြောင့် တိုင်းပြည်က အတော်နာ နေပြီ ဖြစ်သလို အစ္စရေး နယ်စပ်က ဆိုင်းနိုင်း ကျွန်းဆွယ်မှာ စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက် တွေလည်း ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template