ဒီအကြောင်း မြန်မာ့ဆက်သွယ်ရေးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ Internatoinal Outbound Roaming Service အသုံးပြုနိုင်ရေးဆောင်ရွက်နေမှုအား ပြည်သူသို့ အသိပေးကြေညာချက်
၁
။ မြန်မာနိုင်ငံ၏ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများသည်
မိမိကိုင်ဆောင်ထားသောGSM/ WCDMA မိုဘိုင်းတယ်လီဖုန်းဖြင့်
အခြားနိုင်ငံများသို့ ရောက်ရှိချိန်တွင်လည်းကောင်း၊ အခြားနိုင်ငံများ၏ GSM/
WCDMA မိုဘိုင်းတယ်လီဖုန်းကိုင်ဆောင်သူများသည် မြန်မာနိုင်ငံ သို့
ရောက်ရှိချိန်တွင်လည်း
ကောင်း၊ ဆက်သွယ်အသုံးပြုနိုင်မည့် International
Roaming စနစ်ကို ဝန်ဆောင်မှုပေးနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။
၂ ။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုအခါ
အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ Operator ၇၇ ဦး၏
မိုဘိုင်းဖုန်းသုံးစွဲသူများမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း
Network တွင် International Roaming လာရောက် သုံးစွဲနိုင်ပြီဖြစ်သည်။
၃ ။ အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏
မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများ အခြားနိုင်ငံသို့ ရောက်ရှိ ချိန်တွင်
မိမိ၏ မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်ရေးအတွက် စက်မှုပိုင်းဆိုင်ရာများ
စမ်းသပ်ဆောင်ရွက်ပြီး စီးသော နိုင်ငံပေါင်း ၃၁ နိုင်ငံမှ Operator ၃၁ ဦး၏
မိုဘိုင်း Network တွင် (၂-၇-၂၀၁၄) ရက်နေ့မှ စတင်၍ International Outbound
Roamingဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို www.micit.gov.mm တွင်လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ Call Center ဖုန်းအမှတ် ၁၈၇၆ တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
၎ ။ International Roaming စနစ်သုံးစွဲလိုသော
Postpaid မိုဘိုင်းဖုန်းသုံးစွဲသူများသည် မြန်မာ့ ဆက် သွယ် ရေးလုပ်ငန်း
(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)ရှိ ငွေလက်ခံကောင်တာများ၊ သက်ဆိုင်ရာ
တိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာရုံး၊ ငွေစာရင်းဌာနများတွင် သတ်မှတ်ထားသော
ကြိုတင်ငွေပေးသွင်း ရန် လိုအပ်ပါမည်။
ကြိုတင် ငွေပေးသွင်းရန်
အသေးစိတ်အချက်အလက်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်း ဌာန၏
ဖုန်းအမှတ် ၀၁-၂၄၆၂၄၈ တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
၅ ။ International Roaming စနစ်သုံးစွဲလိုသော
Prepaid မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိသုံးစွဲလိုသည့် အခြေအနေအရ
ကျသင့်မည့် ကုန်ကျစရိတ် ကိုခန့်မှန်းကာ ကြိုတင်၍ငွေဖြည့်ထားရန် လိုအပ်ပါမည်။
International Roaming ဖွင့်လှစ်နိုင်ရေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
ရုံးချုပ်အခြေစိုက် မိုဘိုင်း ဆက် သွယ်ရေးစခန်း ရန်ကုန်မြို့သို့
ဆက်သွယ်ဆောင် ရွက်ရပါမည်။
အသေးစိတ်အချက်အလက်များကို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေး စခန်း၏
ဖုန်းအမှတ် ၀၁-၈၆၀၄၉၇၇ တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
ဧရာဝတီ