Headlines News :
Home » » ကျောက်ပန်းတောင်းမြို့နယ်တွင် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်

ကျောက်ပန်းတောင်းမြို့နယ်တွင် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်

Written By လွင့်မောင်မောင် on Sunday, June 22, 2014 | 7:38 PM



22 June 2014
 ကျောက်ပန်းတောင်းမြို့ နယ်တွင်  ဆက်သွယ်ရေးကေ ဘယ်ကြိုးဖြတ်သန်းရန် ယာမြေ တွင်မြေတူးစက်ဖြင့် တူးသည့် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ဒေသခံအချို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သောကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ၀င်ရောက်ညှိနှိုင်း ပေးခဲ့ရကြောင်း သတင်းရရှိသည်။

ကျောက်ပန်းတောင်းမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဘိုစုကျေး ရွာအနီးတွင် ဇွန်လ ၂၀ ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အသေးစိတ်မှာ ဆက်သွယ်ရေးတာဝါတိုင်မြေအောက်ကေဘယ်ကြိုးသွယ်တန်းသည့် ကုမ္ပဏီတစ်ခုက ဒေသခံယာပိုင်ရှင်များအား အကြောင်းမကြားဘဲ တရုတ်လူမျိုးလေးဦးမောင်းသည့် မြေတူးစက် လေးစီးဖြင့် ယာမြေများကိုတူး၍ သစ်ပင်ကြီးအချို့ လည်း ပျက်စီးသွားသောကြောင့် ယာပိုင်ရှင်များနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို မြို့နယ် ဆောက်လုပ်ရေးဌာန၊ ထွေ/အုပ်ရုံးတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော် မြင့်မောင်၏ တာဝန်ခံတို့က ၀င် ရောက်ညှိနှိုင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။

‘‘အခုတော့ ကားတွေရော၊ လူတွေရောပြန်သွားပြီ။ ရွာသား တွေကို အသိမပေးဘဲ ယာမြေ တွေကို ၀င်တူးလို့ တားကြဆီးကြ တာ။ လာတူးတဲ့ တရုတ်တွေက မြန်မာစကားမပြောတတ်တော့ ပိုဆိုးကုန်တာပေါ့။ မြန်မာစကား ပြောတတ်တဲ့ညှိနှိုင်းရေးမှူးဆို တာက နောက်မှရောက်လာတာ’’ ဟု ပြဿနာကို ညှိနှိုင်းပေးရန်ဒေါက်တာဇော်မြင့်မောင် စေလွှတ်ထားသည့် ဦးအေးခိုင်က ပြောသည်။

ကျေးရွာမှ ပိုင်ဆိုင်သော ယာမြေများပေါ်တွင် မြေတူးစက် ဖြင့် ၀င်တူးသော ကုမ္ပဏီမှာ Myanmar Fiber Obtic Comm-unication Network Company ဖြစ်ပြီး ဇွန်လ ၁၈ ရက်မှစတင်ကာမြေတူးကားလေးစီးဖြင့် ၀င်တူးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ကိုထွန်းကျော်သူကပြောသည်။

‘‘၁၈ ရက်နေ့က တူးလို့ဝိုင်း တားကြတယ်။ ရွာက ဘုန်းကြီး ကျောင်းထဲမှာ ခေါ်ပြီး လျော်ကြေး ပေးဖို့ညှိတော့ အဆင်မပြေဘူး။ ၁၉ ရက်နေ့မှာ ရပ်ထားပြီး ဒီနေ့ မှာ ထပ်တူးကြတာ။ ရွာသား အယောက် ငါးဆယ်လောက်က ၀ိုင်းတားကြလို့ အခုတော့ မြေတူး စက်တွေပါ ပြန်သိမ်းသွားပြီ’’ဟု ကိုထွန်းကျော်သူက ဇွန်လ ၂၀ ရက်ညနေတွင် ပြောသည်။

ဒေသခံသုံးဦးပိုင်ဆိုင်သည့် ယာမြေများအတွင်း အကျယ် နှစ် ပေခန့်နှင့် အနက်ငါးပေခန့်ရှိသော မြောင်းတူးထားပြီးဖြစ်ကာ အဆို ပါမြေများပေါ်တွင်  စိုက်ထား သည့် သီးနှံအထွက်နှုန်း၏ တန် ဖိုးသုံးဆကို တောင်းဆိုထားပြီး ပြေလည်မှုမရသေးကြောင်း ယာ ခင်းပိုင်ရှင်အသက် (၈၅) နှစ်အ ရွယ်ဒေါ်အုန်းတင်ကပြောသည်။

‘‘ပိန္နဲပင်ကြီးလည်းကျိုးကြေကုန်ပြီ။ တူးသွားတဲ့မြေတွေက ၂ နှစ်လည်း ပြန်စိုက်လို့မရတော့ ဘူး။ သုံးနှစ်လည်း ပြန်စိုက်လို့မရ နိုင်တော့ဘူး။ တစ်ခါတည်း မြေ လှန်သွားတာ။ နှမ်းတွေလည်း ပျိုးထားတာကုန်ပြီ။ အမေ့ယာကို ဘယ်သူမှ အထိခံတာမဟုတ်ဘူး။  မပြောဘဲနဲ့ ၀င်တူးတာကြောင့် ပို ဆိုးတယ်’’ဟု ဒေါ်အုန်းတင်က ပြောသည်။

  ကျေးရွာဒေသခံများနှင့် တရုတ်လူမျိုးများ ထိပ်တိုက်တွေ့ ဆုံမှုဖြစ်ပွားသော  ယာမြေများ သည် ကျောက်ပန်းတောင်းမြို့နယ် ပိုင် ဘုံစု၊ ရွာအို၊ ရွာသစ်၊ ရွာ တန်းရှည်နှင့် တံငါ့ရွာတို့ စုပေါင်း ပိုင်ဆိုင်သော ယာမြေများဖြစ်ပြီး  ပြဿနာဆက်လက်မဖြစ်ပွားစေရန် မြေတူးခြင်းလုပ်ငန်းများ ရပ်ဆိုင်းခိုင်းထားကြောင်း တံငါ့  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောသည်။

  ဖြစ်ပွားသောပြဿနာကို ကုမ္ပဏီဘက်မှ ကြားဝင်ညှိနှိုင်း ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီဝန် ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိအခြေအနေတွင် ရှင်းပြနိုင်ခြင်းမရှိသေးဘဲ အဆင်ပြေအောင် ညှိနှိုင်းပြီးမှသာ အသေးစိတ်ပြောပြနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။

By အောင်သစ်လွင်
7DAY DAILY
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template