Headlines News :
Home » » ပြည်သူရွေးချယ်ထားခြင်း မဟုတ်သော ကိုယ်စားလှယ်များ မဲပေးခွင့်မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူရွေးချယ်ထားခြင်း မဟုတ်သော ကိုယ်စားလှယ်များ မဲပေးခွင့်မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Written By လွင့်မောင်မောင် on Sunday, June 22, 2014 | 7:59 PM


22 June 2014
  ပြည်သူလူထု ရွေးချယ်တင်မြှောက်ခြင်း မရှိသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင်
အရေးကြီးသည့် ကိစ္စရပ်များအပေါ် မဲပေးပိုင်ခွင့် မရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်သည်။

‘‘လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင် မြှောက်ထားခြင်း မရှိတဲ့ ကိုယ်စားလှယ်တွေ ပါရင် ပါပါစေ။ ဒါပေမဲ့ အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့် မရှိသင့်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲ သတ်မှတ်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၁ ရက်က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်  အားကစားကွင်း၌ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ပြင်ဆင်ခြင်းသည် တပ်မတော်အား မုန်းတီး၍ ပြင်ဆင်ခြင်းမဟုတ်ဘဲ တပ်မတော်၏ ဂုဏ်သိက္ခာအတွက် ငဲ့ကာ ပြုပြင် ပြောင်းလဲလိုခြင်းဖြစ်ကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် များအနေဖြင့် မယူထားသင့်သည့် အခွင့်အရေးကို မယူစေလို၍ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိလွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး ဆန္ဒမဲပေးခွင့် ရရှိထားသည်။

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူကို ကိုယ်စား ပြုသည့်အတွက် ပြည်သူကို ကိုယ်စားပြုသော မဲပေးခြင်းမျိုးသာ ဖြစ် သင့်သည်ဟု ရွေးကောက်တင် မြှောက်ခြင်း မခံရသူများ မဲပေးခွင့် မရှိစေရန် သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခြင်း ဖြစ်ပြီး ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။

7DAY DAILY
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template